Print

ပန်ကာနှင့်အိပ်စက်ခြင်း၏ အန္တရာယ်များ

  30-Oct-2016
Preview Image

အိပ်မပျော်သူများအတွက် ပန်ကာနှင့်အိပ်စက်ခြင်းက ညင်သာစွာ လှုပ်သိပ်စေသလိုဖြစ်သည်။ သို့သော် ဘေးထွက်ဆိုးကျိုးများက လူတစ်ယောက်၏ ကျန်းမာရေးကို ထိခိုက်စေသည်။ အိပ်စက်သူ၏အသက်အရွယ် ပေါ်မူတည်ပြီး ကွဲပြားသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အချို့ကလက်ကပ်ခြင်း၊နှာစေးခြင်း၊ ကျောအောင့်ခြင်း၊ အဆုတ်အအေးမိခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ခိုင်ခြင်း၊ခြေထောက်များ လေးခြင်း စသည်ဖြင့် အမျိုးမျိုးကွဲပြားတတ်သည်။ ထို့အပြင်-

 

(၁) အသံ

 

ပန်ကာမှ ထွက်သောအသံကြောင့် အိပ်ချိန်တွင် နှောင်ယှက်မှုအသေးအမွှားကို ဖြစ်စေသည်။ ပန်ကာအ သေးများက နှောင့်ယှက်မှုနည်းသော်လည်း၊ မျက်နှာကျက်ပန်ကာမျိုးက မိမိ၏အိပ်ချိန်ကို အနှောင့်အယှက် ပို၍ ဖြစ်စေသည်။

 

(၂) ရုတ်တရက်ကလေးများသေဆုံးမှုများ

 

ကျန်းမာရေးစောင့်ရှောက် မှုကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု၏ ရှာဖွေတွေ့ရှိချက်အရ ကလေးအိပ်ခန်းတွင် ပန်ကာနှင့်အိပ်စက်ခြင်းဖြင့် ကလေးများ ရ၀%ခန့် ကျန်းမာရေးထိခိုက်စေခြင်း ၊ သေဆုံးခြင်းတို့ကို ဖြစ်စေ သည်ဟုသိရသည်။အခန်းတွင်းလေဝင်လေထွက် ကောင်းပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်များကို ပြင်ပသို့ ထုတ်ပစ်နိုင်ခြင်းအားတားဆီးသလို ဖြစ်ရပြီး ကလေးများ အသက်ရှူသွင်းခြင်းစနစ်ကိုထိခိုက်စေသည်ဟု သိရသည်။

 

(၃) ခြောက်သွေ့သောလေ

 

 

ပန်ကာမှလေကို ခြောက်သွေ့စေသဖြင့် အိပ်စက်သူများသည် ယင်းလေကြောင့်

ပါးစပ်မှ လေပြွန်ကိုခြောက် သွေ့စေပြီး ရေဆာစေသဖြင့် အပြည့်အဝ အိပ်စက်နိုင်ခြင်း

 

 

(၄) ဦးခေါင်းခွံအတွင်းရှိ လေလမ်းကြောင်း

 

နေ့အချိန်ပန်ကာတွင် ဖုန်များကပ်ညှိလေ့ရှိသည်။ သို့ဖြစ်၍ပန်ကာကို ဖွင့်လိုက်သောအခါ ဖုန်ကပ်နေသော ပန်ကာမှလေများကို အိပ်စက်သူ၏ ဦးခေါင်းခွံတွင်နှာခေါင်းပေါက်နှင့် ဆက်သွယ်ထားသော ဦးခေါင်းအ တွင်း လေလမ်းကြောင်းကို ပိတ်စေသည်။ သို့ဖြစ်၍ ပန်ကာများကို ပုံမှန်ဆေးကြောပေးသင့်သည်။

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18