Print

ခွေးကိုက်ခံရရင် ရှေးဦးသူနာပြုနည်းနဲ့ အိမ်တွင်းကုထုံးနည်း

  30-Oct-2016
Preview Image

ခွေးကိုက်ခံရပြီဆိုတာနဲ့ ခွေးဟာ ကောင်းသည်၊ ရူးသည် ခွဲမနေနိုင်တော့ ပဲ ခွေးရူးရောဂါ မကူးစက် ရအောင်ကူးစက်ရောဂါ၊ မေးခိုင်ရောဂါ ၀င်မလာရအောင်သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကာကွယ် ကြရ မှာကိုလဲ အများစု သိရှိကြပြီးဖြစ်ပါ တယ်။ ဒါ့ကြောင့် မမျှော်လင့်ပဲ ခွေးကိုက်ခံရရင် ချက်ချင်း လုပ်ဆောင်သင့်တဲ့ရှေးဦးသူနာပြုနည်းနဲ့ အိမ်တွင်း ကုထုံး ကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ခွေးကိုက်ခံလိုက်ရပြီဆိုရင် အကိုက်ခံရတဲ့ နေရာ ကို ချက်ချင်းပဲရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြောရပါမယ်။ခွေးရဲ့တံတွေး၊ သွားရည်တွေ ပြောင်စင်သွားဖို့ အတွက် ၅ မိနစ်လောက်ကို အချိန်ယူ ဆေးကြော သန့်စင်နိုင် ရင်တော့ ကောင်းပါတယ်။သွေးထွက်နေရင်လဲ သွေးတိတ်ဖို့ အတွက် ရေအေးအေးသန့်သန့်နဲ့ သေချာဆေးကြောပေးပါ။

 

(၂) ဒဏ်ရာပေါ်မှာ ဂေါ့ဇ်၊ ပတ်တီးစ ထူထူသန့်သန့်လေး တင်ထားပါ။ ဒဏ်ရာက သွေးမတိတ်သေးဘူးဆို ရင် ခွေးကိုက်ခံရတဲ့နေရာကို မြှောက်ထားပေးပါ။

(၃) ခွေးကိုက်ဒဏ်ရာကနေ ကူးစက်ရောဂါ မဝင်အောင် သင့်တော်တဲ့ ဆေးဝါးတွေကို နေ့စဉ် သောက်သုံးပေးရပါမယ်။ ဒဏ်ရာကို မှန်မှန် ဆေးကြောပေးခြင်းနဲ့ပတ်တီးစတွေကို လဲလှယ်ပေးခြင်းတွေ လုပ်ဆောင်ပေးရင် အနာကျက်မြန်သလိုကူးစက်ရောဂါတွေ မဝင်နိုင်အောင်လဲ ကာကွယ်ပေးပါတယ်။

(၄) အနာမြန်မြန်ကျက်အောင် ဗစ်တာမင် စီကိုလဲ နေ့စဉ်သောက်ပေးရပါမယ်။ ဗစ်တာမင်စီဟာ ကူးစက်ရော ဂါ မဝင်နိုင်အောင် ဟန့်တားပေးနိုင်တဲ့ ကိုယ်ခံအားကိုလဲ မြင့်တက်စေပါတယ်။

(၅) Vitamin B-Complex ဆေးပြားတွေ သောက်သုံးပေးခြင်း ကလဲ ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ မိုက်ခရို အော်ဂန်နစ်ဇင်မ်ကို တိုက်ဖျက်ပေးမယ့် ပဋိပစ္စည်းတွေကို သွေးထဲကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။

(၆) ခွေးကိုက်ခံရရင်တော့ Goldenseal သို့မဟုတ် လိမ္မော်မြစ် လို့ခေါ်တဲ့ အရွက်ကို ရေနွေးကြမ်းလုပ်သောက်လိုက်တာက သက်သာစေတယ်လို့လူအတော်များများ ပြောကြပေမယ့် ကိုယ်ဝန်ဆောင်တွေတော့ မသောက်သင့်ပါဘူး။ ဒါပေမယ့် အဲဒီအရွက်ကို အနာပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ လုပ်လို့ ရပါတယ်။

(၇) အသားပြဲစုတ်သွားအောင် အကိုက်ခံထားရရင်တော့ ဒဏ်ရာကို ချုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ပြီး ဆရာဝန်ရဲ့ တိုက်ရိုက်ညွှန်ကြားကုသမှုကို ခံယူသင့်ပါတယ်။

 

ဒါက ခွေးအကိုက်ခံ ခံရချုင်းမှာ ချက်ချင်းလုပ်ဆောင်သင့်တဲ့နည်းလမ်းတွေပါ။ ကိုက်လိုက်တဲ့ခွေးဟာ စနစ် တကျ ကာကွယ်ဆေးတွေ ထိုးထားတဲ့ အိမ်မွေးခွေးပဲဖြစ်ဖြစ် လမ်းပေါ်ကျက်စားနေတဲ့ လမ်းဘေးခွေးပဲဖြစ်ဖြစ် အကိုက်ခံရသူဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။အားလုံးပဲ ဘေးရန်ကင်းကြပါစေ။

 

Ref:

မြန်မာတို့အတွက် မြန်မာ့ဆေးမြီးတိုများ

စောနွဲ့နေဆိုင် (ပူတာအို)

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။

 

©Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18