Print

ရေဓာတ်ခမ်းခြောက်ခြင်း

  18-Mar-2022
Preview Image

မိမိသောက်သုံးလိုက်တဲ့အရည်ပမာဏထက် ခန္ဓာကိုယ်ကဆုံးရှုံးသွားတဲ့ အရည်ပမာဏပိုများတဲ့အခါမှာ ရေဓာတ်ခမ်းခြောက်ခြင်းဖြစ်ပေါ်ပါတယ်။ ရေဓာတ်ခမ်းခြောက်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ချွေးအရမ်းထွက်ခြင်း၊ အန်ခြင်းနဲ့ဝမ်းပျက်ဝမ်းလျှောခြင်းတို့ဖြစ်ပါတယ်။ ဖျားနာတဲ့အခါမှာလည်း အရေပြားမှတဆင့်အရည်တွေဆုံးရှုံးပြီး ကိုယ်အပူချိန်ကျဆင်းအောင် လုပ်ရတာမို အချိန်မီရေဓာတ်ပြန်လည် မဖြည့်တင်းရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ အသက်ငယ်လွန်းသူ၊ကြီးလွန်းသူတွေ၊ ပူပြင်းတဲ့နေရောင်ခြည် အောက်မှာ အလုပ်လုပ်ရတဲ့သူတွေ ၊အားကစားသမားတွေနဲနာတာရှည်ရောဂါသည်တွေမှာ ရေဓာတ်ခမ်းခြောက်ခြင်းတွေအဖြစ်များပါတယ်။



ရေဓာတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာများ

ရေဓာတ်ခမ်းခြောက်ခြင်းရဲလက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ အာခြောက်ခြင်း၊ ရေပိုပိုငတ်လာခြင်း၊ ဆီးနည်းသွားခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းတို ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဆိုးရွားလာတဲ့အခါ ရေအလွန်အမင်းငတ်ခြင်း၊ ချွေးမထွက်ခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်းနဲ ဆီးအရောင်ရင့်လာခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ဆေးရုံကိုချက်ချင်းသွားရောက်ပြသဖို လိုအပ်ပါတယ်။


ရေဓာတ်ခမ်းခြောက်ခြင်းကို ကုသနည်းများ

အရည်ဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း

ပြင်းပြင်းထန်ထန် ဝမ်းပျက်ဝမ်းလျှောဖြစ်သူ၊အန်သူတွေမှာတော့ ရေဓာတ်အလွန်အမင်းခန်းခြောက်နေပြီဖြစ်လို ပါးစပ်ကနေအရည်တိုက်ပေးလို သိပ်သောက်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုလူမျိုးတွေမှာတော့ သွေးကြောမှတဆင့် အရည်ဓာတ်နဲ့သတ္တုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးရပါမယ်။ ပါးစပ်ကနေသောက်နိုင်တဲ့သူတွေကတော့ သကြားပါဝင်မှုနည်းပြီး လုံလောက်တဲ့သတ္တုဓာတ်အချိုးအစားပါဝင်တဲ့ဓာတ်ဆားရည်မျိုးကို တိုက်ပေးလို့ရပါတယ်။ တကယ်လို ဓာတ်ဆားထုပ်မရှိခဲ့ရင် ရေသန့်ဘူးကြီး၁လီတာတစ်ဘူးထဲမှာ ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်နဲ သကြားလက်ဖက်ရည်ဇွန်း၆ဇွန်းစာကို ထည့်ဖျော်ပြီး အိမ်သုံးဓာတ်ဆားလုပ်လို့ရပါတယ်။


ရှောင်ကြဉ်ရမယ့်အရာများ

ဂက်စ်ပါတဲ့ ဆော်ဒါအချိုရည်တွေ၊ အရက်၊ အချိုလွန်ကဲတဲ့ဖျော်ရည်တွေနဲ ့ကဖင်းဓာတ်ပါတဲ့ အစားအသောက် တွေအားလုံးရှောင်ကြဉ်ရပါမယ်။ ဒီအစားအသောက်တွေဟာ ရေဓာတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေနိုင်လို့ဖြစ်ပါတယ်။


အရည်ဓာတ်ခမ်းခြောက်ခြင်းကိုကာကွယ်ခြင်း

·         ဖျားနေတဲ့သူတွေ၊ အထူးသဖြင့်အန်တဲ့သူ၊ဝမ်းလျှောတဲ့သူတွေမှာ အရည်များများသောက်ပေးဖို ပိုလိုအပ်ပါတယ်။ တကယ်လို ့အဲဒီလို မသောက်နိုင်ခဲ့ဘူးဆိုရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးသွားပြသင့်ပါတယ်။

·         အားကစားတခုခုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာ ရေသောက်ထားဖို ့လိုပါတယ်။ အားကစားလုပ် နေစဉ်အတွင်းမှာ အရည်ဓာတ်နဲ သတ္တုဓာတ်တွေ ပြန်လည်ဖြည့်တင်းပေးမယ့် ဓာတ်ဆားရည်ကို သောက်ပေးရပါမယ်။

·         ပူလွန်းတဲ့အချိန်တွေမှာ ခန္ဓာကိုယ်ကိုအေးမြစေတဲ့အဝတ်အစားတွေကိုဝတ်ဆင်သင့်ပါတယ်။ ဒါ့အပြင် ပူပြင်းတဲ့ နေရောင်ခြည်နဲ ့ထိတွေ ့မှုကို တတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။

·         တကယ်လို လှုပ်လှုပ်ရှားရှားမနေခဲ့ဘူးဆိုရင်တောင်မှ လိုအပ်တဲ့ အရည်ပမာဏကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

 

 

Dr. MMO

Ref: Healthline


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနဲ့ ပတ်သက်ပြီး Healthcare.com.mm ရဲ့ hotline နံပါတ် 7887 သို့ MPT, ATOM မိုဘိုင်းလ်ဖုန်းများဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18