Print

အရွယ်နဲ့ Eye Cream

  24-Aug-2020
Preview Image

          ရောက်ရှိနေတဲ့ အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိတဲ့ Eye Cream ကို ရှာဖွေနေပါသလား။ အသက် ၂၀၊ ၃၀ နဲ့ ၄၀ အရွယ်တွေမှာ ရွေးပြီးသုံးရမယ့် Eye Cream တွေကို ကြည့်ကြရအောင်။


အသက် ၂၀ အရွယ်

          အဲဒီ အသက်အရွယ်ကတည်းက စတင်ပြီး Eye Cream ကို နံနက်တိုင်း အသုံးပြုသင့်ပါတယ်။ မျက်နှာပြင်ကို Moisturizer သုံးပြီးနောက် မျက်လုံးအိမ်အောက်ဘက်၊ မျက်ခွံနဲ့ မျက်လုံးအိမ်အပြင်ဘက်နေရာတွေကို Eye Cream လိမ်းပေးရပါမယ်။ လိမ်းတဲ့အခါမှာလည်း မျက်ဝန်းဘေးအရ ပြားနေရာတွေဟာ ပါးလွှာတဲ့အတွက် လက်ခလယ်ကို အသုံးပြုပြီး ညင်ညင်သာသာ လိမ်းပေးရမှာပါ။ ပွတ်ဆွဲတာမျိုး ဘယ်တော့မှ မပြုလုပ်မိပါစေနဲ့။ Eye Cream အမျိုးအစားကို ရွေးချယ်ရာမှာလည်း CH2 O + Sea ResultsEye Defense Fortifying Serum စာကြောင်းပါ ကုန်ပစ္စည်းဟာ ဒီအရွယ်နဲ့ သင့်လျော်တဲ့အတွက် ရွေးချယ်ဖို့ သင့်ပါတယ်။


အသက် ၃၀ အရွယ်

          ဒီအသက်အရွယ်ကတော့ မျက်ဝန်းဘေးကို အရေးအကြောင်းထင်ဖို့ အဓိကကျတဲ့ အရွယ်ဖြစ်တဲ့အတွက် အထူးဂရုစိုက်ရပါလိမ့်မယ်။ အသုံးပြုတဲ့ Eye Cream ဟာလည်း SPF 8 နဲ့ အထက်ရှိတဲ့ အမျိုးအစားဖြစ်ရပါမယ်။ အသက်အရွယ်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ အရေပြားဟာ ပိုမိုခြောက်သွေ့လာတဲ့အတွက် Hyalur - onic Acid (အရေပြားဆဲလ်တွေကို အစိုဓာတ်ပေးနိုင်တဲ့အက်ဆစ်) ဓာတ်ပါဝင်မှုရှိတဲ့ Eye Cream မျိုးကို ရွေးသုံးရပါလိမ့်မယ်။

          ဥပမာအနေနဲ့ပြောရရင် Murad Eye Treatment Complex SPF 8 ပဲ ဖြစ်ပါတယ်။


အသက် ၄၀ အရွယ်

          အသက်အရွယ်ရလာရင် လက္ခဏာအနေနဲ့ကတော့ မျက်ဝန်းအိမ်တစ်ဝိုက်က အရေပြားတွေက စတင်ပြီးအရေးအကြောင်းထင်လာတတ်ပါတယ်။ ဒီအရွယ်အတွက် အသင့်တော်ဆုံး Eye Cream ကတော့ အရေပြားတင်းရင်းစေတဲ့အမျိုးအစားမျိုးပါ။ ဥပမာအနေနဲ့ဆိုရင် Obagi Elastiderm Eye Treatment Cream မျိုးပဲဖြစ်ပါတယ်။ ဒီအမျိုးအစားဟာဆိုရင် အရေပြားကို တင်းရင်းစေပြီး မျက်လုံးအိမ်ဘေးနေရာ အရေးအကြောင်းထင်တာကိုလည်း လျော့နည်းစေနိုင်ပါလိမ့်မယ်။

Credit : အေးခေမာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18