Print

အမည်းစက်များကို သဘာဝအတိုင်း ဖယ်ရှားနိုင်သောနည်းလမ်းများ”

  27-Jul-2020
Preview Image

         အရေပြားဟာ ခန္ဓာကိုယ်မှာ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး လူအများစုဟာ အရေပြားပြဿနာကြောင့် ဆေးဝါးအကူအညီရှာနေရပါတယ်။ ကိန်းဂဏန်းစာရင်းများအရ ကမ္ဘာ့လူဦးရေရဲ့ ၈၀%မှာ ဝက်ခြံကြောင့်ဖြစ်တဲ့အရေပြားပြဿနာကို တွေ့ရတတ်ပြီး ဒုတိယအဖြစ်များဆုံး အရေပြားပြဿနာကတော့ အမည်းစက်ပြဿနာပဲဖြစ်ပါတယ်။ ဒီလို အမည်းစက်ပြဿနာတွေအတွက် ရိုးရှင်းလွယ်ကူသောအိမ်တွင်းကုထုံးများကို ဖော်ပြပေးသွားပါမယ်။


အမည်းစက်တွေ ဘာကြောင့်ဖြစ်ရသလဲ?

          အမည်းစက်တွေဟာ ဖြစ်ပေါ်ရတဲ့အကြောင်းရင်းတွေကတော့ နေလောင်ခြင်း၊ ရောင်မ်းခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ ဆေးဝါးများသောက်သုံးနေရခြင်း၊ အချို့သောရောဂါများ (ဥပမာ- အသည်းရောဂါ) နှင့် အိုမင်းလာခြင်းတို့ပဲဖြစ်ပါတယ်။ အမည်းစက်ဖြစ်တိုင်း ထိတ်လန့်စရာတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်အရေပြားရောင်ရမ်းမှု သို့မဟုတ် နေရောင်ခြည်နဲ့ထိတွေ့ပြီး သာမန်မှဲ့ခြောက်ဖြစ်တာမျိုးလည်း ဖြစ်နိုင်လို့ပါပဲ။


သဘာဝအိမ်တွင်းကုထုံးများကို အသုံးပြုခြင်း

) အာလူး

          ဝက်ခြံနှင့် အမည်းစက်များပျောက်ကင်းဖို့ သဘာဝအတိုင်းကုသနိုင်တဲ့ ဆေးဝါးတွေထဲက တစ်ခုကတော့ အာလူးပဲဖြစ်ပါတယ်။ အာလူးကျိတ်ထားသောအရည် သို့မဟုတ် လတ်လတ်ဆတ်ဆတ်အာလူးအလွှာများကို အမည်းစက်ရှိသောနေရာများမှာ မိနစ်အနည်းငယ်ကပ်ထားပြီး ရေဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းကိုအသုံးပြုသူများဟာ -၈ရက်အတွင်း မိမိတို့အရေပြားများ ထူးခြားမှုရှိလာတာကိုတွေ့ရပါတယ်။

 

) ရှားစောင်းလက်ပတ်

          ရှားစောင်းလက်ပတ်မှာပါဝင်တဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးပြီး အရေပြားအားဖြည့်ပေးနိုင်သော အာနိသင်များက သင့်အရေပြားအတွက် အလွန်ပင်ကောင်းမွန်သော သဘာဝဆေးဝါးပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အနစ်ကို အမည်းစက်များပေါ်သုတ်လိမ်းပြီး အရေပြားကိုအခြောက်ခံကာ ရေဖြင့်ဆေးလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အမည်းစက်များကိုဖယ်ရှားနိုင်ပါတယ်။


) လိမ္မော်ခွံ

          လိမ္မော်သီးအခွံတွင် ဗီတာမင်စီဓာတ် အလွန်ကြွယ်ဝသောကြောင့် အရေပြားပြဿနာအမျိုးမျိုးအတွက် ပြီးပြည့်စုံသော သဘာဝဆေးဝါးပဲ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်ပြုလုပ်နိုင်သော facial maskဖြင့်မျက်နှာပေါင်းတင်ခြင်းကို လိမ္မော်ခွံအမှုန့် ထမင်းစားဇွန်း ၁ဇွန်းနှင့် နွားနို့ ထမင်းစားဇွန်း ၃ဇွန်းကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒီလို ရောထားတဲ့အရည်ကို အမည်းစက်များပေါ်လိမ်းပြီး အရေပြားအာဟာရဖြည့်တင်းဖို့ ၁၀-၁၅မိနစ် ထားထားပါ။ ပြီးလျှင်ရေဆေးချလိုက်ပါ။


) သံပုရာသီး

          သံပုရာသီးမှာလည်း သဘာဝအတိုင်းအသားဖြူနိုင်သော အာနိသင်ရှိပါတယ်။ ဂွမ်းစကို အသုံးပြုပြီး လတ်ဆတ်သောသံပုရာရည်ကို အမည်းစက်များပေါ် သုတ်လိမ်းပါ။ ခြောက်သွားလျှင် ရေဖြင့် ပြန်ဆေးကြောပါ။ ဒီနည်းလမ်းကို နေ့စဉ်သုံးပြီး အနည်းဆုံး ၂ပတ်လောက် ပြုလုပ်ပေးပါ။ သံပုရာရည်ကို ပျားရည်နှင့်ရောပြီးလည်း အသုံးပြုခြင်းဖြင့် သင့်အရေပြားကို ချေးချွတ်ကာ ဝင်းပစေပြီး အာဟာရပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။


) အုန်းဆီ

          အုန်းဆီတွင် အရေပြားအာဟာရဖြည့်ခြင်း၊ အသားအရည်စိုပြေခြင်း နှင့် ဘတ်တီးရီးယားပိုးသတ်နိုင်ခြင်း အကျိုးအာနိသင်များကြောင့် အရေပြားအတွက် အံ့သြဖွယ်ရာများကို ပြုလုပ်ပေးနိုင်ပါတယ်။ အအေးခံထားသော အုန်းဆီကို အရေပြားမှ စုပ်ယူနိုင်အောင် အသာအယာ ပွတ်လိမ်းပေးပါ။


) ပန်းသီးရှာလကာရည်

          ပန်းသီးရှာလကာရည်နှင့် ရေကို ,တူရောပြီး အရေပြား တိုနာ(toner)အဖြစ် အသုံးပြုနိုင်ပါတယ်။ အမည်းစက်များအရောင်ဖျော့သွားသည်အထိ ဒီနည်းလမ်းကို နေ့စဉ်အသုံးပြုပေးပါ။


) နာနတ်သီး

          နာနတ်သီးမှာ အသားဖြူစေသော သဘာဝအက်စစ်ဓာတ်များ ပါရှိပါတယ်။ နာနတ်သီးအရည် သို့မဟုတ် လတ်ဆတ်သောနာနတ်သီးအစိပ်ကို အမည်းစက်များပေါ်လိမ်းပြီး ၅မိနစ်ကြာလျှင် ရေဖြင့်ဆေးချပါ။


) အုတ်ဂျုံနှင့်ဒိန်ချဉ်

          အုတ်ဂျုံ ထမင်းစားဇွန်း၁ဇွန်းနှင့် သဘာဝဒိန်ချဉ် ထမင်းစားဇွန်း ၂ဇွန်းအရောကို မျက်နှာပေါ် မိနစ် ၂၀ကြာ ပေါင်းတင်ပြီး ရေဖြင့်ပြန်ဆေးချပါ။ ဒီနည်းလမ်းဟာလည်း အသားအရည်ကို ဖြူဝင်းလှပစေပါတယ်။

          နေဖြင့်ထိတွေ့ခြင်းဟာ အရေပြားမှာနေရောင်ခြည်ကာကွယ်ပေးသော မယ်လနင်(melanin) ထုတ်လုပ်မှုကို အားပေးသောကြောင့် အရေပြားအမည်းစက်များကို ဖြစ်စေပါတယ်။ ဒါကြောင့် နေ့ခင်းဘက် နေအပူဆုံးအချိန်မှာ တတ်နိုင်သလောက် အပြင်မထွက်ဖို့နဲ့ နေရောင်ကာလိမ်းဆေးကို အပြင်ထွက်တိုင်း ပုံမှန်လိမ်းပေးဖို့လိုပါတယ်။

          အထက်ပါဖော်ပြထားတဲ့ နည်းလမ်းများကတော့ အသားအရည်လှပဖို့ လူတော်တော်များများအတွက် အထောက်အကူပြုတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ သို့သော်လည်း ဒီနည်းလမ်းများကို ပြုလုပ်လို့ ထူးခြားမှုမရှိလျှင် သို့မဟုတ် သင့်အရေပြားအခြေအနေပိုဆိုးလာတာမျိုး ရှိလျှင် အရေပြားဆရာဝန်နဲ့ သွားပြဖို့လိုပါတယ်။ အရေပြားအမည်းများကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေများစွာရှိလို့ သင့်အရေပြားပေါ်က အမည်းစက်ဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ သင်သိပါက ထိရောက်စွာ ကုသနိုင်တဲ့နည်းလမ်းကိုလည်း သင်တွေ့ရှိနိုင်မှာဖြစ်ပါတယ်။


Ref; Bright Side

Dr ELP

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18