Print

ကလေးခြေသည်းစိုက်ဝင်ခြင်း

  16-Nov-2019
Preview Image



ခြေသည်းရှည်ထွက်ရာမှ ပုံမှန်အတိုင်း အရှေ့တည့်တည့်သို့ ရှည်လာမယ်အစား ခြေသည်းဘေးတစ်ဖက်တစ်ချက်ရှိ အသားထဲသို့ ရှည်ထွက်လာခြင်းကို ခြေသည်းစိုက်ဝင်တယ်လို့ ခေါ်ပါတယ်။ အများအားဖြင့် ခြေမမှာ ဖြစ်လေ့ရှိပြီး နာကျင်ကာ နေရခက်တဲ့ ခံစားမှုရရှိစေပါသည်။ ခြေသည်းကျယ်ပြန့်ပြီး ခုံးနေတဲ့အတွက် ခြေသည်းညှပ်ရာမှာ တည့်တည့်မညှပ်မိဘဲ ဘေးဘက်ကိုညျပ်မိခြင်၊ ခြေအိတ်၊ ခြေစွပ်ဖိနပ်ကို ကျပ်တင်းစွာ ဝတ်ထားခြင်းကြောင့် ခြေသည်းကို အရေပြားထဲ တွန်းဝင်အောင် ဖိသွင်းသလိုဖြစ်ပြီး ခြေသည်းစိုက်ဝင်ခြင်းဖြစ်တတ်ပါသည်။ စိုက်ဝင်စမှာ မကုသခဲ့ရင် ခြေသည်းစိုက်ဝင်ပြီး အရေပြားကို ဖောက်တဲ့နေရာမှာ ရောဂါပိုးဝင်ရောက်ကာ ကိုက်ခဲရောင်ရမ်းလာခြင်းနှင့် ခြေသည်းခွံအနားတစ်လျှောက် ပြည်တည်လာခြင်းတို့ ဖြစ်လာပါမယ်။

နာကျင်စေတဲ့အနာတစ်ခုဖြစ်ပေမယ့် စိုးရိမ်ဖို့မလိုပါဘူး။
(၁) ခြေသည်းဘေးက အရေပြားထဲကို ခြေသည်းစိုက်ဝင်နေလား စမ်းကြည့်ပါ။

(၂) ခြေသည်းစိုက်ဝင်နေတဲ့ နေရာများရဲ့ ဘေးဘက်ကို တွန်းအားလျော့နည်းသွားအောင် ခြေသည်းအပေါ် တည့်တည့်အလည်နေရာမှာ V ပုံသဏ္ဍာန်သေးသေးလေး လှီးပေးပါ။
(၃) ခြေသည်းစိုက်ဝင်နေတဲ့ ဘေးနှစ်ဖက်ကို၊ ပိုးသတ်ပဋိဇီဝ လိမ်းဆေးထည့်ပြီး ရောဂါပိုးမဝင် ရောက်နိုင်အောင် ကာကွယ်ပါ။

ခြေသည်းစိုက်ဝင်ပြီး နီရဲရောင်ရမ်းကာ ခြေသည်းခွံဘေးနဲ့ အောက်မှာ ပြည်တည်တာတွေ့ရရင် ဆရာဝန်ထံ ချက်ချင်းပြသဖို့ လိုပါတယ်။ ခြေသည်း စိုက်ဝင်ခြင်း ခဏခဏ ဖြစ်နေရင်လည်း ဆရာဝန်ထံ ပြဖို့လိုပါတယ်။ ခြေသည်းမှာဝင်ရောက်တဲ့ ရောဂါပိုးအတွက် ပဋိဇီဝသောက်ဆေး၊ လိမ်းဆေးများ ညွှန်ကြားပေးပါလိမ့်မယ်။ ခြေသည်း
ခွံစိုက်ဝင်တဲ့ တွန်းအားကြောင့် ဘေးနှစ်ဖက်က တင်းနေတဲ့အရေပြားများပျော့ပျောင်းသွားအောင် လိမ်းဆေးခရင်မ်တစ်ခုခုကိုလည်း ညွှန်ကြားပါလိမ့်မယ်။ ခြေသည်းစိုက်ဝင်ခြင်း ထပ်ကာထပ်ကာ ဖြစ်ပွားရင်တော့ ခြေသည်းကို ခွာထုတ်ပစ်ဖို့အထိ လိုအပ်တာမို့ လိုအပ်တဲ့ အဆင့်ဆင့် ညွှန်းချက်များကိုလည်း ဆရဝန်က စီစဉ်ပေးပါလိမ့်မယ်။ ဒီကိစ္စဟာလည်း စိုးရိမ်စရာမရှိပါဘူး။

ကာကွယ်ရန်
• ခြေသည်းကို တည့်တည့်ညှပ်ပါ။ သိပ်တိုအောင်မညှပ်ပါနဲ့။ မှန်မှန်ညှပ်ပေးပါ။
• ခြေအိတ်၊ ခြေစွပ် ဖိနပ်များ ကျပ်တင်းလွန်းပါက ခြေအိတ်မစွပ်ပေးပါနဲ့။
• ခြေသည်းခွံမှာ ရောဂါပိုးဝင်ရောက်နေပါက ခြေအိတ်မစွပ်ပေါပါနဲ့၊ ရှူးဖိနပ်အစား ခြေချောင်းလေးများ အပြင်ထွက်နေမယ့် ဖိနပ်မျိုးကို ရောဂါဖြစ်နေစဉ်အတွင်း ပြောင်းစီးပေးပါ။

Ref:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18