Print

Pemphigus neonatorum ခေါ် မီးလောင်ဖုကဲ့သို့ အရေကြည်ဖု

  16-Nov-2019
Preview Image


မွေးကင်းစအရွယ် ငယ်ငယ်တွင် တွေ့ကြုံနိုင်သော အရေပြားရောဂါ တစ်မျိုးမှာထိုရောဂါများ ကိုယ်၊ လက်၊ ခြေ အစရှိသည့် နေရာများတွက် ထွက်လာသော အရေပြားရောဂါတစ်မျိုး ဖြစ်ပေသည်။ ၎င်းအရည်ကြည်ဖုများသည် အလွယ်တကူ ပေါက်တတ်ပြီး အသားနီလန်သကဲ့သို့ နီရဲသော အသားများ ပေါ်လာတတ်ပေသည်။ စတက်ဖလိုကော့ကပ် (Staphylacoccus) အမျိုးအစား ဘက်တီးရီးယားကြောင့် အဖြစ်များပေသည်။ မွေးစအရွယ်တွင်ဖြစ်၍ အဖုများမှာ များပြားလွန်းပါက အသက်အန္တရာယ်ပင် ဖြစ်နိုင်ပေသည်။ မွေးဖွားစဉ် အချိန်က သန့်ရှင်းရေး (Syphilis) ပိုးကြောင့်လည်း ထိုသို့ ဖြစ်တတ်ပြန်သည်။ ဤကာလသားရောဂါပိုးကြောင့်ဆိုလျှင် မျက်နှာ၊ လက်ဖဝါး၊ ခြေဖဝါးများတွင် အဖုများပို၍ အထွက်များသည်ကို တွေ့ရပေသည်။ ကလေးကြီးများတွင် အဖြစ်နည်းပြီး တစ်ခါတစ်ရံတွင်သာ ဖြစ်တတ်ကြရာ ကလေးများလောက် အန္တရာယ် ဖြစ်ကြသည်ကို မတွေ့ရပါ။

 

ပင်နဇီစီလင် (Penicillin) ကဲ့သို့ ဆေးများ ပေါ်ပေါက်ပြီးနောက်တွင်မူ ရောဂါကို အချိန်မီ ထိန်းနိုင်ကြသကဲ့သို့ အသက်အန္တရာယ်မှ သက်သာရာ ရလာကြသည်ကို တွေ့ရပေသည်။ ၎င်းရောဂါနှင့် ခပ်ဆင်ဆင်တူသော အခြားအရေပြားရောဂါ တစ်ခုမှာ “အနာစက်” ဟု လူသိများကြသော အရေပြားအနာ (impetigo) ရောဂါတစ်ခုပင်ဖြစ်သည်။ စတက်ဖလိုကော့ကိုင်း (Staphylococci) နှင့် စရွက်တိုကော့ကိုင်း (Streptocossi) ခေါ် ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်သောရောဂါဖြစ်သည်။ အနာသည် ရေကြည်ဖုအသွင် ပထမစ၍ ပေါ်လာမည်။ ထို့နောက် မကြာမီ ပြည်ကပ် ပြည်များ စီးထွက်လာပြီးလျှင် စီးကျရာနေရာ တဝိုက်တွင် ထိုသို့ အနာများ ထပ်မံ ဖြစ်ပွားလာပေသည်။ ထို့ကြောင့် လည်း “အနာစက်” ဟုခေါ်သော အမည်နှင့် လိုက်ထက်သည်ဟု ဆိုရပေမည်။

 

တစ်ခါတစ်ရံတွင် နှာရည်ယိုရွှဲသော ကလေး၏ နှာဝတစ်ဝိုက် (နားပြည်ယိုတတ်သော ကလေးငယ်၏ နားတစ်ဝိုက်) တွင် အသားလန်သကဲ့သို့ နီးမြန်းနေရာမှ ၎င်းအနာလေးများဆက်တိုက် ဖြစ်ပေါ်လာတတ်ပေသည်။ ရောဂါသည် ကူးစက်မြန်သဖြင့် မျက်နှာသုတ်ပုဝါကဲ့သို့ ပစ္စည်းမျိုးမှအစ သတိထား၍ သီးသန့်ထားပေးသင့်ပါသည်။ ၎င်းအနာများကို ထိမိပါလျှင်လည်း လက်ကိုသေချာစွာ ဆေးကြောသင့်ပေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပြီး လိုက်နာလျက် အနာကို သက်သာစေရန် ပဋိဇီဝသောက်ဆေးများ (antibiotic) သောက်ခြင်း၊ လိမ်းဆေးများ လိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။


Ref:
ဒေါက်တာခင်မျိုးဟန်
(ကလေးအထူးကုဆရာဝန်ကြီး)
သားသားမီးမီးတို့ ဖြစ်တတ်သောရောဂါများ -၂ မှကောက်နုတ်ဖော်ပြထားပါသည်။

 သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18