Print

ကိုယ်ဝန်ပျက်ပြီး သားလျှောတဲ့အခါ သေချာကုသမှုမယူရင် ဘာတွေဖြစ်နိုင်သလဲ

  15-Nov-2019
Preview Image


ကိုယ်ဝန်ပျက်ကျတဲ့အခါ ကုသမှုကို သေချာခံယူသင့်ပါတယ်။ ရပ်ကွက်ထဲမှာ ကျိတ်ပြီး ကိုယ်ဝန်ဖျက်ချတဲ့ အမျိုးသမီးအများစုဟာ နောက်ဆက်တွဲ ပြဿနာတွေများစွာနှင့် ရင်ဆိုင်ကြရပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အခါ ကုသမှုကို စနစ်တကျ မခံယူရင်အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အခါ သန္ဓေသားနဲ့ အချင်းက အပြည့်အစုံအပြင်ကို ထွက်မကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာတော့ သားအိမ်ထဲမှာ ကျန်နေတဲ့အချင်းနဲ့ သန္ဓေသားအပိုင်းအစအချို့က အလိုအလျောက် ဆင်းသွားတတ်ပါတယ်။ ဒါပေမယ့် သွေးဆင်းတာ များနေသေးရင်၊ သားအိမ်ခေါင်းက ပွင့်နေသေးရင်တော့ သားအိမ်ခြစ်တာမျိုးလုပ်ဖို့ လိုအပ်ကောင်းလိုအပ်နေပါတယ်။

နည်းလမ်းမမှန်မကန် ကိုယ်ဝန်ဖျက်ချတာတွေကြောင့် သားအိမ်နဲ့ အမျိုးသမီးအင်္ဂါမှာ ရောဂါပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဗိုက်အောက်ပိုင်း နာခြင်း၊ အောင့်ခြင်း၊ မိန်းမကိုယ်က အနံ့ဆိုးတဲ့အရည်တွေ ဆင်းလာခြင်း၊ ဖျားခြင်းအစရှိတဲ့ လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ သွေးဆိပ်တက်ပြီး သတိလစ်တာ အသက်အန္တရာယ်ကိုတောင် ခြိမ်းခြောက်လာနိုင်ပါတယ်။ သားလျှောသားပျက်ဖြစ်တဲ့အခါ မျိုးဥကြွေရာလမ်းကြောင်းကို ဒဏ်ဖြစ်စေနိုင်ပြီး အချိန်အတော်ကြာအောင် ကိုယ်ဝန်ပြန်မရနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ကို ဖျက်ချတဲ့အချိန်မှာ လက်လွန်ပြီး သားအိမ်နံရံပေါက်သွားတာမျိုး ဖြစ်နိုင်သလို သားအိမ်ခေါင်းကို ထိခိုက်ဒဏ်ရာရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ နောက်ဆက်တွဲဝေဒနာတွေ ရနိုင်တာကို သိထားသင့်သလိုပဲ သားလျှောတဲ့ မိခင်တစ်ယောက်ရဲ့ စိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ ရနိုင်တာကိုလည်း မှတ်သားထားသင့်ပါတယ်။


Ref:
ဒေါက်တာငြိမ်းချမ်းအောင်
ကျန်းမာရေးအတွက် သိသင့်သောအဖြေများ စာအုပ်မှကောက်နုတ်ထားပါသည်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18