Print

နားကြပ်၊ ဆူညံသံနှင့် ကျန်းမာရေး

  13-Nov-2019
Preview Image

နားကြပ်နှင့် နားထောင်ခြင်းသည် အသံကျယ်လွန်းပါက မိမိနှစ်သက်သည့် သီးချင်းပင်ဖြစ်စေကာမူ ဆူညံသံသဘော သက်ရောက်လာစေသည်။ နားကြပ်ဖြင့် အသံကျယ်ကျယ် နားဆင်ခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ဆိုးပြစ်များစွာကို ဖြစ်စေသည်။ စိတ်ဖိစီးမှုများခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ အာရုံစူးစိုက်မှု ကျဆင်းခြင်းတို့ကို အများဆုံး တွေ့ရတတ်သည်။ ဆူညံသံဖြစ်သည့်အဆင့်ထိ နားဆင်ပါက နားအကြားအာရုံကိုသာမက နှလုံးနှင့် သွေးကြောစနစ်များကိုပါ ထိခိုက်စေလာနိုင်သည်။ အသံကျယ်ကျယ်ကို ရှစ်နာရီနှင့်အထက် ကြားရသူများတွင် သွေးဖိအား ငါးမှတ်မှ ၁၀ မှတ်အထိ တက်လာနိုင်ကြောင်း သုတေသတနတစ်ခုတွင် တွေ့ရသည်။

နားကြပ်မတပ်မီ သိစေချင်

နားကြပ်တပ်တာ သီးချင်းပဲ နားဆင်နားဆင်၊ တရားပဲနာနာ သင်တန်းပို့ချချက်များကိုပဲ ပြန်နားထောင်နားထောင်၊ နားကြပ်တပ်သည့်သူများအတွက် အောက်ပါအချက်များကိုတော့ မလွဲမသွေ သိရှိနားလည် လိုက်နာဖို့လိုပါတယ်။

(၁) နားကြပ်တပ်နားထောင်ခြင်းသည် ဘေးကင်းစိတ်ချမှုမရှိပါ။

(၂) နားကြပ်တပ်ကာ နားထောင်ခြင်းကြောင့် ပြင်ပမှ သတိပေးသံများ၊ အရေးပေါ်အခြေအနေများကို မသိရှိနိုင်ဖြစ်ပြီး ယာဉ်မတော်တဆမှုများ ဖြစ်ပွားနိုင်သည်။

(၃) နားကြပ်တပ်ပြီး နားထောင်နေစဉ် အသံကျယ်လွန်းပါက နားအကြားအာရုံကို ထိခိုက်စေနိုင်ပါသည်။

(၄) နားအူခြင်း၊ နားလေးခြင်း၊ စိတ်ဖိစီးမှုများလာခြင်း၊ သွေးဖိအားတက်ခြင်း၊ စိတ်အာရုံစူးစိုက်နိုင်မှု မရှိခြင်းများသည် နားကြပ်တပ် နားထောင်မှုများနှင့် ဆက်စပ်နေသည်။

(၅) အားကစားလုပ်စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ်တွင် နားတွင်းဖိအားပြောင်းလဲစေနိုင်သဖြင့် နားတွင်း ထိခိုက်မှု ပိုများသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားစဉ် နားကြပ်တပ် နားထောင်ခြင်းကို ရှောင်ပါ။ မရှောင်ပါက အသံတိုးတိုးကို နာရီဝက်ထက်မပိုစေဘဲ နားထောင်ပါ။

Credit : မြတ်ထွဋ်ညွန့် (ဆေး ၂)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18