Print

အစားအစာနဲ့ အရေပြား

  30-Jul-2019
Preview Image

          လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် အသားအရေလှပစိုပြေတာဟာ အဓိကနေရာမှာ ပါဝင်နေပါတယ်။ ဘယ်လိုပဲ ကောင်းတဲ့ အလှပြင်ပစ္စည်းတွေ အသုံးပြုထားပါစေ၊ ဘယ်လောက်ပဲ အဖိုးတန်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားပါစေ၊ ပင်ကိုယ်က အသားအရေမလှခဲ့ဘူးဆိုရင် ထင်ပေါ်တဲ့ အလှမျိုး ရှိနိုင်မှာ မဟုတ်ပါဘူး။ ပြင်ပက အရေပြားကျန်းမာဖို့ဆိုရင်လည်း ခန္ဓာကိုယ်တွင်း ကျန်းမာဖို့အတွက်ကို မိမိဘာတွေ စားသုံးခဲ့သလဲဆိုတာ အပေါ်မှာ မူတည်နေပါသေးတယ်။


          အရေပြားမှာ အနီကွက်တွေ ဖြစ်တာဟာ စီလီကွန် ချို့တဲ့လို့ပါပဲ။ ဒါကြောင့်မို့ အဲဒီဓာတ်ပါဝင်တဲ့ အစာတွေဖြစ်တဲ့ မုယောစပါး၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ မက်မွန်သီး၊ စတော်ဘယ်ရီသီးနဲ့ သဖန်းသီး စတာတွေကို သင့်တော်သလို စားသုံးပေးရမှာပါ။


          ကလိုရိုဖီးဓာတ် ချို့တဲ့ရင်တော့ အရေပြားမှာ အနာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုဆိုရင် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးခြင်းနဲ့ ကုသနိုင်ပါတယ်။

          အရေပြားနဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးရေပြားမှာ အလွှာ၊ အဖတ်တွေ ဖြစ်နေတယ်ဆိုရင် ဒါဟာ ဖလူအိုရင်း (Fluorine) ဓာတ်လုံလောက်စွာ စားသုံးမှု မပြုခဲ့လို့ ပါပဲ။


          ဒါ့အပြင် အသီးအရွက်တွေမှာ ပါတဲ့ ဖလူအိုရင်းဓာတ်ဟာ ချက်ပြုတ်ပြီး ကြော်တာလို မီးအပူပေးခဲ့ရင် အဲဒီအပူကြောင့် ဓာတ်တွေ ဆုံးရှုံးသွားလေ့ရှိပါတယ်။ ဒါကြောင့်မို့ အစိမ်းစားလို့ရတဲ့ အရွက်နဲ့ အသီးတွေကို ဒီအတိုင်းအစိမ်းစားပေးသင့်ပါတယ်။ ဖလူအိုရင်းဓာတ်ပါဝင်တဲ့ အစာတွေကတော့ ဆိတ်နို့နဲ့ ၎င်းပြုလုပ်ထားတဲ့ ဒိန်ခဲ၊ ထောပတ်သီး၊ ဂေါ်ဖီထုပ်၊ Rye (ရွိုင်း) ဂျုံမှုန့်တစ်မျိုးနဲ့ အိမ်မှာလုပ်တဲ့ ဒိန်ချဉ်ရည်တို့ပါပဲ။


          ဆိုဒီယမ်ဓာတ် လုံလောက်မှု မရှိတဲ့ အခါမျိုးမှာဆိုရင် အရေးအကြောင်းတွေ ခပ်မြန်မြန် ဖြစ်လာပါလိမ့်မယ်။ အဲဒီအတွက်ဆိုရင်တော့ ဆိုဒီယမ်ပါဝင်တဲ့ သခွားသီးကို ပိုမိုစားသုံးပေးခြင်းနဲ့ ကုသပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သခွားသီးမှာက ဆိုဒီယမ်ဓာတ်အပြင် အရေပြားကို အေးမြစေတဲ့အရာတွေ ပါဝင်နေလို့ပါပဲ။


          နောက်တစ်ခု သတိပြုရမှာကတော့ အရေပြားပြဿနာ တော်တော်များများဟာ ကျောက်ကပ်ကြောင့် ဖြစ်ရတယ်ဆိုတာ သိထားဖို့ပါပဲ။ ဒီအတွက် ရေများများသောက်ပေးပြီး အိုင်အိုဒင်းဓာတ်မြင့်မားစွာ ပါဝင်တဲ့အစာတွေဖြစ်တဲ့ မုန်လာဥဝါနဲ့ အရွက်ပါစားလို့ရတဲ့ မုန်လာဥတစ်မျိုးမျိုးတို့ကို များများစားပေးရပါမယ်။ အကောင်းဆုံးကတော့ သင့်ရဲ့ နံနက်ခင်းကို ပျားရည်တစ်ဇွန်း ထည့်ထားတဲ့ သံပုရာရည် တစ်ဖန်ခွက်သောက်တာနဲ့ စတင်သင့်တယ်လို့ ပြောလိုပါတယ်။

Credit : အေးခေမာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18