Print

စိတ်ကစဉ့်ကလျားရောဂါ

  14-Sep-2019
Preview Image

          တစ်ခါက စာဖတ်ပရိသတ်တစ်ဦးက ဖုန်းဆက်ပြီး မေးမြန်းလာတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ကျွန်တော်ရေးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ Paranoid Type of Personality ခေါ် စိတ်ကိုယ်ရည်ကိုယ် သွေးပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေတစ်မျိုးအကြောင်း ဖတ်မိပြီးတော့ သူ့မှာ သုတနည်းနည်းရှိသွားပါတယ်။


          ထိုစဉ်က သူ့ရဲ့ ချစ်သူမိန်းကလေးမှာလည်း ၎င်းရောဂါမျိုးရှိနေတယ်လို့ သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ တစ်ခါ သူက ဥပဒေစာအုပ်တွေလည်း နည်းနည်းပါးပါးဖတ်ဖူးတော့ စိတ်ဝေဒနာသည်နဲ့ လိင်ဆက်ဆံရင် မုဒိမ်းမှုမြောက်တယ်ဆိုတာ ကြားဖူးနေတယ်။ ဒီတော့ သူနဲ့ သူ့ချစ်သူ မိန်းကလေး လိင်ဆက်ဆံရင် မုဒိမ်းမှုမြောက်ပါသလားဆိုပြီး စိုးရိမ်စိတ်နဲ့ မေးလာပါတယ်။


          ဒီကိစ္စကို ဖြေရရင်တော့ မုဒိမ်းမှုမှာ အဓိပ္ပာယ်သတ်မှတ်ချက်က မိန်းမက သဘောမတူရင် မုဒိမ်းမှုမြောက်တယ်။ ဒီတော့ သဘောတူခြင်း Consent ဆိုတာလုပ်ဖို့ Yes ဟုတ်ကဲ့ဆိုတဲ့ ဆုံးဖြတ်ချက် Decision ကို ချရပါတယ်။ Decision ခေါ် ဆုံးဖြတ်ချက်ချဖို့ Thinking ခေါ် စဉ်းစားခြင်းကို လုပ်နိုင်ရပါမယ်။


          Thinking ဆိုတာကတော့ လိင်ဆက်ဆံပြီးနောက် အကျိုးဆက်တွေ . . . ဥပမာ - ကိုယ်ဝန်ကိစ္စ၊ လိင်ရောဂါ ကူးစက်မှု၊ လူမှုရေးပြဿနာဆိုတဲ့ အကျိုးဆက်တွေကို စဉ်းစားခြင်း။ Think လုပ်နိုင်ရပါမယ်။ ဒီတော့ ဥပမာ - ၁၁ နှစ်သမီးဟာ ကောင်းကောင်း မစဉ်းစားတတ်တော့၊ ၁၁ နှစ်သမီးနဲ့ လိင်ဆက်ဆံရင် မုဒိမ်းမှုမြောက်တယ်။ ယခုကိစ္စက Paranoid Personality ဆိုတာက သူက Thinking Quality မပျောက်သေးဘူး။ စဉ်းစားနိုင်သေးတယ်ပေါ့။ ဒီတော့ မုဒိမ်းမှု မမြောက်ပါဘူး။


          ဒါပေမယ့် အမှုဖြစ်ပြီး ပြဿနာပေါ်လာပြီဆိုရင်တော့ မိန်းမဟာ Thinking လုပ်နိုင်ခြင်း ရှိ၊ မရှိ စိတ်ရောဂါဆရာဝန်ရဲ့ သက်သေထွက်ချက်က ပါလာပါတယ်လို့ ဖြေကြားရာ သူက ဘယ်လိုရောဂါတွေမှာ Thinking မလုပ်နိုင်တော့လဲလို့ မေးတော့ ဥပမာတစ်ခုအနေနဲ့ အလွန်ကြီးကျယ်တဲ့ စိတ်ရောဂါ စကီဇိုဗရီးယားမှာ ဆိုရင်တော့ Thinking မလုပ်နိုင်တော့ပါဘူးဆို၍ Schizopherenia အကြောင်း ဆောင်းပါးရေးပေးပါဆို၍ ဤဆောင်းပါးကို ရေးလိုက်ရပါတော့တယ်။


          Schizopherenia ရဲ့ လက္ခဏာတွေကတော့ စိတ်ရဲ့ အဓိကလုပ်ငန်းတွေဖြစ်တဲ့ Thinking စဉ်းစားခြင်း၊ Perception အမြင်၊ Attention စူးစိုက်မှု၊ Motor behaviour လှုပ်ရှားဟန်၊ Emotion ခံစားချက်တွေမှာ မူမမှန် ဖြစ်ကုန်ပါတော့တယ်။

          အဓိက ရောဂါလက္ခဏာတွေမှာ အုပ်စုနှစ်ခုခွဲထားပါတယ်။

အုပ်စု ၁။ Possitive symptoms (ပေါ်ပေါက်လာတဲ့ လက္ခဏာများ) နဲ့

အုပ်စု ၂။ Negative Symptoms ပျောက်ကွယ်သွားတဲ့ လက္ခဏာတွေဖြစ်တယ်။

အုပ်စု (၁) အရ ဘယ်လို လက္ခဏာတွေ ပေါ်လာသလဲဆိုရင် . . .

-       စကားပြော မူမမှန် (Disorghrized Speech)

-       Hallucination ( အာရုံတွေ လွဲမှားခြင်း)

-       Delusion ထင်ယောင်ထင်မှားဖြစ်ခြင်းတွေ ဖြစ်ပါတယ်။


Negative Symptoms ခေါ် ပျောက်ကွယ်သွားမှုတွေကတော့  . . .

Avolition ခေါ် စွမ်းအင်နဲ့ စိတ်ဝင်စားမှုတွေ ပျောက်သွားလို့ ပုံမှန်အလုပ်တွေ ပျောက်သွားတော့ လက်သည်းမညှပ်၊ ခေါင်းမဖြီး၊ သန့်သန့်ရှင်းရှင်းမနေ၊ မုတ်ဆိတ်မရိတ်၊ သွားမတိုက်၊ ရေမချိုး စတာတွေ ဖြစ်ကုန်ပြီး ဘာမှမလုပ်ဘဲ တစ်နေကုန် ထိုင်နေတတ်ပါတယ်။

          နောက် Negative Symptom တစ်ခုက Alogia လို့ ခေါ်ပါတယ်။ ကောင်းကောင်း မစဉ်းစားေတော့ဘူး။ စကားကောင်းကောင်းမပြောဘဲ နှုတ်နည်းသွားတယ်။ ပြောတဲ့စကားထဲမှာ message နည်းနည်းဘဲရပြီး မတိကျတဲ့ စကားတွေဖြစ်နေပြီး ကြိမ်ဖန်ကလည်း ထပ်ခါထပ်ခါ ပြောနေတတ်ပါတယ်။ နောက်ထပ် Negative Symptoms တစ်ခုကတော့ ပျော်ရွှင်မှုနဲ့ လိင်မှုကိစ္စ အာရုံတွေ ပျောက်သွားပါတယ်။ အဲဒါမျိုးကို Anhedonia လို့ ခေါ်ပါတယ်။

          နောက်ထပ် Negative Symptom ခေါ် ပျောက်ကွယ်သွားခြင်းကို ပြတဲ့ လက္ခဏာက ခံစားချက် ပျောက်သွားတယ်။ Flat Affect လို့ ခေါ်ပါတယ်။ မျက်နှာက မျက်နှာသေ ဖြစ်သွားပါတယ်။ မျက်လုံးတွေက အရောင်မတောက်တော့ဘူး။ စကားပြောတာ အသက်မပါတော့ဘူး။


Schizopherenia ကို အမျိုးအစားခွဲခြင်း

၁။ Disorganized Schizopherenia (ပရမ်းပတာ အမျိုးအစား)

          သူက သွက်သွက်ခါနေအောင် ဝေဒနာ သဲနေတဲ့ သဘောပါ။ ရောဂါလက္ခဏာတွေ ပြင်းထန်လွန်းပါတယ်။


၂။ Catatomic Schizopherenia

          (ကိုယ်တောင့် စိတ်ကစဉ့်ကလျား ရောဂါ) ဆိုတာကတော့ ဝေဒနာသည်က ကျောက်ရုပ်လို မလှုပ်မယှက် ငြိမ်နေပါတယ်။


၃။ Paranoid Schizopherenia (ယုံမှားလွန် စိတ်ကစဉ့်ကလျား )

          ဒီရောဂါကတော့ သံသယတွေ ကြီးစိုးနေပါတယ်။ အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ်လို့ ထင်နေပါတယ်။ တစ်ယောက်ယောက်က သူ့ကို သတ်တော့မယ်လို့ စွဲမြဲခိုင်မာစွာ ယုံကြည်နေတယ်။


၄။ Undifferentiate Schizopherenia (အမျိုးအစားမကွဲခြင်း )

          တချို့ Chizopherenia ရောဂါက ဘယ်လိုရောဂါအုပ်စုထဲမှာ ပါလဲ မသဲကွဲပါဘူး။


၅။ Residual Schizopherenia(ရောဂါကြွင်း)

          Schizopherenia ကို ဆေးကုပြီးရင် လက္ခဏာ ကြွင်းလေးတွေ ကျန်နေနိုင်ပါတယ်။


စိတ်ကစဉ့်ကလျားရောဂါ ဘာကြောင့် ဖြစ်ပါသလဲ . . .

          Schizopherenia ရောဂါဖြစ်ရခြင်း တိတိကျကျ အကြောင်းရင်းကတော့ ဘယ်သူမှ သေချာ မပြောနိုင်ပါ။ သို့သော် မှန်းဆချက်များကတော့

၁။ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်တွင်း၌ ဇီဝဓာတုဖြစ်ဖြစ် မူမမှန်ရင် ဖြစ်တတ်ပါတယ်။

၃။ တချို့ကတော့ Social Condition ခေါ် လူမှုစီးပွား နိမ့်ကျတဲ့ ဒေသမှာ ဒီလိုဝေဒနာ များပြားတယ်လို့ ဆိုပါတယ်။

၄။ တချို့က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ Psychological Factors ကြောင့်လဲ ဤရောဂါ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ဥပမာ ကလေးငယ်စဉ် ဘဝက မိဘနှစ်ပါး အိမ်ထောင်ပြိုကွဲတာမျိုး စသဖြင့် ဖြစ်ပါတယ်။


ကုထုံးများ

ကုထုံးများကတော့ . . .

၁။ ဆေးဝါးတိုက်ကျွေးခြင်း

၂။ သင်ကြားခြင်း

          ဥပမာ - လူမှုဆက်ဆံရေး သင်ကြားပေးခြင်း

၃။ ပြန်လည်ထူထောင်ခြင်း

          စိတ်ဝေဒနာသည်၏ မိသားစုဝင်များအား ပြဿနာကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သင်ကြားပေးခြင်းတို့ ဖြစ်ပါတယ်။

Credit : ဒေါက်တာ ထွန်းဝင်း

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18