Print

အကြောက်လွန်စိတ်တွေကို အထာကျကျ ဖယ်ရှားကြမယ်

  10-Sep-2019
Preview Image

          လူတစ်ကိုယ် အကြိုက်တစ်မျိုးရှိသလို လူတိုင်းနီးပါးမှာ အကြောက်လွန်ရောဂါတစ်မျိုးစီ ရှိကြပါတယ်။ တချို့က ပိုးဟပ်ကြောက်တယ်။ တချို့က အကောင်ရှည်မျောမျောတွေကြောက်တယ်။ လှောင်ပိတ်နေတဲ့နေရာတွေကို ကြောက်တာတွေ ဥပမာအားဖြင့်တော့ ဓာတ်လှေကားလိုနေရာမျိုးပေါ့။ အဲဒီလိုနေရာတွေကို ကြောက်တာမျိုးတွေရှိသလို မီးကြောက်တာ၊ တချို့ရေကြောက်တဲ့ရောဂါရှိသူတွေအထိ အမျိုးမျိုးရှိပါတယ်။ အဲဒီလိုအကြောက်လွန်ရောဂါတစ်မျိုးစီကိုတော့ အထူးကုဆရာဝန်တွေနဲ့ သီးသန့်တိုင်ပင်ပြသပြီး ကုသသင့်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ ပြသတာမျိုးမဟုတ်ဘဲ အကြောက်လွန်ရောဂါသည်တွေအတွက် ရောဂါမဖောက်ဖို့ လိုက်နာသင့်တဲ့ အချက်တွေရှိနေပါတယ်။


နည်းလမ်း (၁) အသက်ပြင်းပြင်းရှူပါ

          အကြောက်လွန်တာကြောင့် စိတ်ထိန်းမရဖြစ်နေတဲ့အခါ ရင်ခေါင်းထဲကနေ အသက်ကို ပြင်းပြင်းရှိုက်ပြီး အာရုံစိုက်အသက်ရှူပြီး စိတ်ထိန်းနိုင်ပါတယ်။ ဒါပေမယ့် အသက်မရှူတတ်ရင် ရုတ်တရက် မူးဝေတာ၊ မျက်လုံးတွေ ပြာဝေတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန်တဲ့ အသက်ရှူနည်းလမ်း အဆင့်ဆင့်ကို ပြောပြပါမယ်။

          မျက်လုံးကို ပိတ်ပြီး ဖြည်းဖြည်းထိုင်ချပါ။ တစ်ချိန်တည်းမှာပဲ အသက်ရှူဖို့ကို အာရုံစိုက်ထားပါ။ ပြီးရင် အသက်ကို ဖော့ပြီး မျှဉ်းရှူပါ။


နည်းလမ်း (၂) ဆေးသုံးမယ့်အစား တရားထိုင်ပါ

          အကြောက်လွန်ရောဂါပျောက်ကင်းဖို့အတွက် စိတ်ငြိမ်ဆေးတွေချည်းပဲ သောက်နေမယ့်အစား တရားထိုင်ပြီး စိတ်ကိုတည်ငြိမ်အောင် လုပ်တာကလည်း စိတ်ရောကိုယ်ပါ ငြိမ်းချမ်းစေမယ့် အရာတစ်ခုဖြစ်ပါတယ်။


နည်းလမ်း (၃) နေ့ချင်းပြန်ခရီးလေးတွေ ထွက်ပါ

          သဘာဝထဲမှာ အချိန်ကုန်ပေးလိုက်တဲ့အခါ စိတ်ထဲက ကြောက်ရွံ့မှုကို ဖြေလျှော့ပေးနိုင်မှာပါ။ နေ့ချင်းပြန်ခရီးတိုလေးတွေစီစဉ်ပြီး မကြာခဏ ခရီးလေးတွေထွက်ပေးတာက အကြောက်လွန်ရောဂါမပေါ်ထွက်လာစေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။


နည်းလမ်း (၄) စောစောအိပ်ရာဝင်ပါ

          နံနက်စောစောထပြီး နေရောင်ခံရင်း လမ်းလျှောက်ပေးတာက ကျန်းမာရေးအတွက် ဗီတာမင်ဒီ အပြည့်အဝရရှိစေနိုင်သလို ကိုယ်လက်လှုပ်ရှားပေးတာကြောင့်လည်း သွက်လက်တက်ကြွကာ ထုံထိုင်းလေးလံမှုတွေ ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။


နည်းလမ်း (၅) အိပ်ရေးဝဝ အိပ်ပါ

          အိပ်ရေးပျက်ခံတာဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေတဲ့အပြင် အကြောက်လွန်စိတ်ရောဂါတွေကို ပိုဆိုးစေတာကြောင့် အိပ်ရေးဝဝအိပ်တာဟာ အကြောက်လွန်ရောဂါတွေကို ချိုးနှိမ်နိုင်ပါတယ်။ အိပ်စက်ပုံမမှန်တာကြောင့်လည်း အကြောက်လွန်ရောဂါတွေ ပိုမိုဆိုးလာစေနိုင်တာကြောင့် မှန်မှန်ကန်ကန်အိပ်စက်တာကလည်း အကောင်းဆုံးကုသနည်း တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေရဲ့အဆိုအရ သိရပါတယ်။


နည်းလမ်း (၆) ၁၅ မိနစ် စောစောထပါ

          အကြောက်လွန်စိတ်ဝေဒနာရှင်တွေအတွက် လိုအပ်တာက စိတ်ငြိမ်စေဖို့ပါပဲ။ အရာရာဟာ အိပ်ဆေးပဲလို့ အမြဲတမ်းတွေးနေဖို့ လိုပါတယ်။ အိပ်တာတစ်ခုတည်းတင် မဟုတ်ပါဘူး။ အလုပ်လုပ်တဲ့အခါမှာလည်း စိတ်လောပြီး အကြောက်ကြီးနေရင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်စိတ်ထဲမှာ အမြဲမှတ်ထားရမှာက “ငါအကုန်လုပ်နိုင်တယ်။ အကုန်လုံးကို အဆင်ပြေပြေနဲ့ကျော်လွှားနိုင်မှာ။ အားလုံးအဆင်ပြေသွားမှာ” ဆိုတဲ့ စိတ်တွေထားရှိဖို့ လိုပါတယ်။ အမြဲတမ်းကိုယ့်ကိုယ်ကိုယ်အားပေးနေပါ။ ငါမလုပ်နိုင်တာ ဘာမှမရှိဘူးလို့ တွေးထားပါ။ ဒါမှ အကြောက်လွန်စိတ်ကို အဆင်ပြေပြေကျော်လွှားနိုင်မှာပါ။ ဘယ်အလုပ်ပဲလုပ်လုပ် အမြဲတမ်း သူများထက်ပိုစောပြီးချင်တာလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။


နည်းလမ်း (၇) ကဖင်းဓာတ်၊ သကြားနဲ့ အသင့်စားအစားအသောက်တွေကို ရှောင်ပါ။

          စိတ်ကိုပုံမှန်မဟုတ်တဲ့နည်းနဲ့ တက်ကြွစေတဲ့ ကဖင်းဓာတ်၊ ဦးနှောက်ဆဲလ်အပါအဝင် အခြားသော ခန္ဓာကိုယ်ဆဲလ်တွေကို ပျက်စီးစေမယ့် သကြားနဲ့ ကိုယ်ခန္ဓာအဆီတက်စေမယ့် အသင့်စားအစားအသောက်တွေဟာ ကိုယ်ရဲ့ အကြောက်လွန်ရောဂါကို ပိုဆိုးစေပါတယ်။


နည်းလမ်း (၈) အစိမ်းရောင်အရည် များများသောက်ပါ။

          အိပ်ရာက နိုးတာနဲ့ မနက်စာမစားခင် အစိမ်းရောင်ဖျော်ရည်သောက်ပါ။ ဒီလိုနံနက်စောစော အစိမ်းရောင်ဖျော်ရည်သောက်တာဟာ အဆီချကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ရရှိစေမယ့်အပြင် တစ်နေကုန်စိတ်တွေ လန်းဆန်းတက်ကြွစေမှာပါ။ အစိမ်းရောင် ဖျော်ရည်သောက်မယ်ဆိုရင်တော့ ငှက်ပျောသီးတစ်လုံး ဒါမှမဟုတ် ပန်းသီးစိမ်းတစ်လုံး၊ ကိုက်လန်တစ်ခက်၊ ပါးပါးလှီးထားတဲ့ ချင်းသုံးလေးခု၊ သခွားသီးချောင်းလေးနည်းနည်း၊ ရေခဲတုံးလေးနည်းနည်း ၊ ရေတစ်ခွက်၊ သံပုရာသီးတစ်စိတ်တို့ကို အားလုံးပေါင်းပြီး ဖျော်စက် ဒါမှမဟုတ် ကြိတ်စက်ထဲ ထည့်ဖျော်ပါ။ ပြီးရင် ကြက်ဥတစ်လုံးထည့်ခေါက်ပြီး သောက်ပေးနိုင်ပါတယ်။


နည်းလမ်း (၉) သူငယ်ချင်းတွေနဲ့ မကြာခဏဆုံပေးပါ

          သူငယ်ချင်းတွေနဲ့ အပြင်ခဏခဏ ထွက်လည်တာ၊ မိသားစုဝင်တွေနဲ့ အချိန်ပေးတွေ့ဆုံတာဟာ အကြောက်လွန်ရောဂါသည်တွေလုပ်ဖို့ အခက်ခဲဆုံးအရာပါ။ တော်တော့ကို အခြေအနေဆိုးတဲ့ ရောဂါရှင်တွေဟာ အိမ်ထဲမှာပဲ တကုပ်ကုပ်နဲ့ နေပြီး တခြားသူကို အချိန်ပေးဖို့၊ ပျော်စရာအလုပ်တွေလုပ်ဖို့ိကို ကြောက်နေတတ်ပါတယ်။ ကိုယ်တိုင်က ဒီရောဂါဖြစ်နေတာဟာ အင်မတန်အားနည်းနေတယ်လို့ ခံစားရပြီး လူအများကြားမှာလည်း ရှက်ရွံ့သိမ်ငယ်နေတတ်တာကြောင့် လူကြားထဲထွက်ဖို့ အင်မတန်တွေဝေနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အားတင်းပြီးတော့ပဲဖြစ်ဖြစ် သူငယ်ချင်း၊ မိသားစုနဲ့ အခြားသော အရေးပါသူတွေကို အချိန်ပေးတွေ့ဆုံပါ။ ပထမတော့ တစ်ယောက်နှစ်ယောက်လောက်နဲ့တွေ့ပေါ့။ နောက်ကျတော့ အုပ်စုလိုက်လျှောက်သွားရင်း ရောဂါပျောက်အောင် ကုထုံးသုံးကြည့်ပါ။


နည်းလမ်း (၁၀) လေ့ကျင့်ခန်းလုပ်ပါ

          လေ့ကျင့်ခန်းလုပ်တာဟာ အကြောက်လွန်ရောဂါပျောက်ကင်းဖို့အတွက် အဓိကကုထုံးတစ်ခု ဖြစ်ပါတယ်။ အန်ဒိုဖင်းဟော်မုန်းမြင့်တက်ဖို့၊ စိတ်တွေကြည်သန့်ရှင်းလင်းဖို့နဲ့ ညဘက်တွေ အိပ်ပျော်ဖို့အတွက် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးတာ အကောင်းဆုံးပါပဲ။


နည်းလမ်း (၁၁) ကိုယ့်ရောဂါကို လက်ခံပါ

          နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ငြင်းဆန်မနေပါနဲ့။ ကိုယ့်မှာ ဒီအကြောက်လွန်ရောဂါရှိတယ်ဆိုတာကို လက်ခံပြီး ရင်ဆိုင်ပါ။ ရှိသမျှနည်းလမ်းအကုန်သုံးပြီး ကိုယ့်ရောဂါပျောက်ဖို့ တိုက်ထုတ်ပါ။ အကြောက်လွန်ရောဂါကို ကြောက်လို့ ရှောင်ဖယ်နေတာထက် မျက်နှာချင်းဆိုင် ရောဂါနဲ့ ရင်ဆိုင်တွေ့ပြီး ကုသလိုက်တာက ပိုပြီး မြန်မြန်ဆန်ဆန် ပျောက်ကင်းမယ့်အပြင် ပိုပြီးတော့လည်း အဆင်ပြေလာမှာပါ။

Credit : ဒေါင်းဖန်ဝါ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18