Print

စိတ်ကျရောဂါပြန်မဖြစ်အောင်

  31-Oct-2016
Preview Image

မည်သည့်ရောဂါလက္ခဏာမဆို ပြန်ဖြစ်တတ်သော သဘောရှိပါသည်။စိတ်ကျရောဂါသည်လည်း ပြန်ဖြစ်တတ်ပါသည်။ သို့ရာတွင် ပြန်မဖြစ်အောင်ကာကွယ်နိုင်သည့် နည်းလမ်းတချို့ရှိပါသည်။

က။ ယခုလက်ရှိဖြစ်နေသော ရောဂါအတွက် ဆေးညွှန်းအတိုင်း ဆေးပတ်လည်အောင်တိုက်ရပါမည်။ သက်သာပြီဆိုပြီး ဆရာဝန်မညွှန်ကြားဘဲ ဆေးဖြတ်မပစ်ရပါ။

ခ။ ယခင်က ကုသခဲ့ဖူးသော ဆေးမှတ်တမ်းစာအုပ်များကို သေချာစွာ သိမ်းဆည်းထားရန်လိုပါသည်။ ထိုမှတ်တမ်းများအရ ဆရာဝန်ကလူနာ၏ ရောဂါဖြစ်စဉ်ကို သုံးသပ်နိုင်ပြီးရေရှည်ဆေးစွဲသောက်ရန်လိုမလို ဆုံးဖြတ်ပေးနိုင်ပါသည်။

ဂ။ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကို ရှောင်ကြဉ်ရပါမည်။

ဃ။ မိမိကိုးကွယ်သော ဘာသာရေးကို ပိုမိုယုံကြည်အားထားသင့်ပါသည်။ သို့မှသာလောကဓံကို ခံနိုင်ပါမည်။

င။ ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုးကို မှန်မှန်လုပ်သင့်ပါသည်။ ကိုယ်ကျန်းမာလျှင် စိတ်ကျန်းမာနိုင်ပါသည်။

စ။ မိမိ၀ါသနာပါရာ စာပေ၊ ဂီတ၊ အနုပညာ တစ်ခုခုဖြင့် အပန်းဖြေသင့်ပါသည်။

ဆ။ လူအများနှင့် ပေါင်းသင်းဆက်ဆံခြင်းနှင့် လူမှုရေးလုပ်ငန်းများတွင် ပါ၀င်လုပ်ကိုင်ခြင်းဖြင့် အထီကျန်ဘဝကို ရှောင်ရှားရပါမည်။

ဇ။ မိမိဘဝကို မိမိအမှန်အတိုင်းသိမြင် လက်ခံ၍ စိတ်ချမ်းသာပျော်ရွှင်အောင် ကြိုးစားနေထိုင်ရန် လိုပါသည်။

အချုပ်အားဖြင့်ဆိုသော် ဤစိတ်ကျရောဂါကို လုံးဝပျောက်ကင်းအောင်ကုသနိုင်သကဲ့သို့ ပြန်မဖြစ်အောင်ကာကွယ်နိုင်သည့် နည်းလမ်းများလည်းရှိသဖြင့်ရောဂါဖြစ်လျှင် စောစီးကုသမှုခံယူ၍ ဆရာဝန်၏ အကြံပေး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်သင့်ပါကြောင်း စေတနာဖြင့် တင်ပြလိုက်ပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဟန်စိန်

နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18