Print

ဖေ့စ်ဘွတ်ခ်မိတ်ဆွေအများအပြားရှိသော ဆယ်ကျော်သက်များ စိတ်ဖိစီးမှုနှင့် စ...

  31-Oct-2016
Preview Image

ဖေ့စ်ဘွတ်ခ်တွင် မိတ်ဆွေပိုများသော ဆယ်ကျော်သက်အရွယ်များ သည် စိတ်ဓာတ်ကျနိုင်သည့်အန္တရာယ်မြင့်မားစေသော စိတ်ဖိစီးမှု များ ပိုမိုကြုံတွေ့ရနိုင်ကြောင်း သုတေသနပြုမှုအသစ်တစ်ခုအရ သိရသည်။

ဆယ်ကျော်သက်များကြား လူမှုကွန်ရက်သုံးစွဲမှုမှာ မကြာမီနှစ်များက များစွာကြီးထွားလာခဲ့သည်။ Pew သုတေသနစင်တာ၏ ၂၀၁၂ က လေ့လာမှုတစ်ရပ်အရ အွန်လိုင်းအမြဲမပြတ် အသုံးပြုသည့်အသက်(၁၂)နှစ်နှင့် (၁၇)နှစ်ကြား ဆယ်ကျော်သက်များ၏ ၈၁ ရာခိုင်နှုန်းခန့်သည် လူမှုမီဒီယာတစ်မျိုးမျိုးအသုံးပြုကြပြီး ၎င်းတို့အနက် ရ၁ ရာခိုင်နှုန်းမှာ ဖေ့စ်ဘွတ်ခ်အသုံးပြုကြကြောင်း သိရသည်။

ယင်းကဲ့သို့ လူမှုဝက်ဘ်ဆိုက်များက လူအများကို အချင်းချင်း အဆက်အသွယ်မပြတ်ရှိနေသော်လည်း လေ့လာမှုများစွာအရ ယင်းဝက်ဘ်ဆိုက်များအသုံးပြုမှုကြောင့် ကျန်းမာရေးထိခိုက်မှုများရှိ ကြောင်း ဖော်ပြထားပြီး အထူးသဖြင့် ကြီးကောင်ဝင်စအရွယ်များ ကျန်းမာရေးထိခိုက်နိုင်ကြောင်း သိရသည်။

စက်တင်ဘာအတွင်းက Medical News Today တွင် ဖော်ပြ သောလေ့လာတစ်ခုအရ လူမှုကွန်ရက်အသုံးပြုခြင်းကြောင့် ဆယ် ကျော်သက်များကြံုတွေ့ရသည့် ဖိအားကြောင့် စိုးရိမ်ပူပန်မှုများနှင့် စိတ်ဓာတ်ကျခြင်းတို့ ခံစားရနိုင်ကြောင်း သိရသည်။

ယခုလေ့လာမှုကို ကနေဒါနိုင်ငံရှိ မွန်ထရီရယ်တက္ကသိုလ်စိတ် ရောဂါကုဌာနမှ ပါမောက္ခဆိုနီယာလူပင်က ဦးဆောင်၍ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အသက်(၁၂)နှစ်မှ (၁၇)နှစ်အရွယ်များ၏လူမှုကွန်ရက် အသုံးပြုမှုအခြေအနေများကို လေ့လာထားခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်ခ်တွင် မိတ်ဆွေ ၃၀၀ ထက်ပိုနည်းသော ဆယ်ကျော်သက်များနှင့် နှိုင်းယှဉ်ပါက ဖေ့စ်ဘွတ်ခ်မိတ်ဆွေ ၃၀၀ ထက်ပိုများ သူများသည် စိတ်ဖိစီးမှုပိုများကြောင်း သုတေသီများလေ့လာတွေ့ ရှိခဲ့သည်။ ထို့ကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် မိတ်ဆွေ ၁,၀၀၀ (သို့မ ဟုတ်)၂,၀၀၀ အထိရှိသော ဆယ်ကျော်သက်အရွယ်များအနေဖြင့် စိတ်ဖိစီးမှု ပို၍ ခံစားရနိုင်သည်ဟု ပါမောက္ခလူပင်က ပြောသည်။

လေ့လာမှုတွင် ပါဝင်သူများ၏စိတ်ဖိစီးမှုမြင့်မားခြင်းမျာ ဖေ့စ် ဘွတ်ခ်အသုံးပြုခြင်းသက်သက်ကြောင့်မဟုတ်ဘဲ အခြားပြင်ပအ ကြောင်းကိစ္စများကြောင့်လည်း ဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။ ထို့ပြင် လူမှုကွန်ရက်ပေါ်တွင် မိတ်ဆွေတစ်ဦး ဝေမျှထားသော အကြောင်းအရာကို Like လုပ်ကာ မိတ်ဆွေများကို ထောက်ခံအားပေးသော ဆယ်ကျော်သက်များကြား စိတ်ဖိစီးမှုလျော့နည်းကြောင်းလည်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

 

Healthcare.com.mm

 

Ref: 7 Days Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18