Print

Novel Corona virus (2019 – nCov) ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါအကြောင်...

  24-Jan-2020
Preview Image

2019 Novel Corona virus ဟာ SARS ရောဂါ (သို့) MERS ရောဂါကဲ့သို့ အဆုတ်ရောင်အအေးမိရောဂါကိုဖြစ်စေတဲ့ corona virus အုပ်စု အနွယ်ဝင်ဖြစ်ပါသည်။ ဒီ virus ဟာ ဝူဟန်မြို့မှာရှိတဲ့ ပင်လယ်စာရောင်းတဲ့ဈေးမှ စ တင် ပျံ့နှံ့တယ်ဆိုပေမဲ့ ပင်လယ်စာနဲ့ငါးများမှကူးစက်နိုင်ချေနည်းကြောင်း ကျန်းမာရေးပညာရှင်များက ပြောထားပါသည်။ ကူးစက်ပုံမှာ ရောဂါရှိသူနှာချေချောင်းဆိုးခြင်းမှတစ်ဆင့် လေထုထဲမှာရှိတဲ့ အမှုန်အမွှားလေးတွေကနေ ကူးစက်နိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို ဖြစ်ပေါ်စေပါသည်။

 ရောဂါလက္ခဏာများ 

- ကိုယ်ပူကြီးခြင်း
- ခေါင်းကိုက်ခြင်း
- နှာရည်ယိုခြင်း
- လည်ချောင်းနာပြီး ချောင်းဆိုးခြင်း
- ကိုယ်လက်ကိုက်ခဲပြီး မအီမသာဖြစ်ခြင်း
- နှုံးခွေခြင်း
- ရောဂါပြင်းထန်လာလျှင် လေပြွန်ရောင်ခြင်း သို့မဟုတ် အဆုတ်ရောင်ပြီးအသက်ရှူရခက်ခဲခြင်း တို့အပြင် ကျောက်ကပ်ပျက်စီးပြီး အသက်သေဆုံးနိုင်သည်အထိ ဆိုးရွားနိုင်ပါသည်။ ကိုယ်ခံအားနည်းသူများ၊ နှလုံးရောဂါနှင့် သွေးတိုး၊ဆီးချိုရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များဟာ ရောဂါကိုပိုမိုပြင်းထန်စွာ ခံစားရနိုင်ရနိုင်ပါသည်။

 ရောဂါကာကွယ်နိုင်သောနည်းလမ်းများ 

- ကိုယ်ခံအားကောင်းအောင် အိပ်ရေး၀၀အိပ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသောက်ခြင်း၊ အရည်များများသောက်ခြင်း
- အသားငါးများကို သေချာကျက်အောင်ချက်ပြုတ်စားသောက်ခြင်း
- အစာမစားခင်လက်သေချာဆေးခြင်း
- အိမ်ပြင်မှပြန်လာသည်ဖြစ်စေ နှာစေးချောင်းဆိုးသူနှင့်ထိတွေ့မိလျှင်ဖြစ်စေ လက်သေချာဆေးကြောခြင်း
- အပြင်သွားလျှင်နှာခေါင်းစီးတပ်ခြင်း၊ Hand gel ဆောင်ထားခြင်း
- လူနေထူထပ်သောနေရာများကို တတ်နိုင်သမျှရှောင်ကျဉ်ခြင်း
- နှာစေးချောင်းဆိုး ဖျားနာသူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများခံစားနေရသောသူများနှင့် အနီးကပ်နေထိုင်ခြင်းမှရှောင်ကျဉ်ခြင်း
- တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ခြင်း
- နှာချေချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်ဖုံးအုပ်ခြင်း

 ကုသခြင်း 


ဒီ corona virus အတွက် ကာကွယ်ဆေးမရှိသလို ပျောက်အောင်ကုသနိုင်တဲ့ဆေးမျိုး မပေါ်ပေါက်သေးတဲ့အတွက် ရောဂါဖြစ်စဉ်ခံစားနေရသောလက္ခဏာများကိုသာ သက်သာအောင်ကုသပေးနိုင်ပါသည်။ ဒါ့ကြောင့် ကိုယ်ပူဖျားနာပြီး နှာစေးချောင်းဆိုးလျှင် နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးသွားရောက်ကုသရန် လိုအပ်ပါသည်။

Ref; WebMD, WHO
Translated By :
Dr . Ehley

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

#engagement
#Corona_virus
#Chines



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18