Print

နံရိုးကျိုးခြင်း (Broken ribs)

  30-Nov-2017
Preview Image

အကျဉ်းရှင်းလင်းချက်

 နံရိုးကျိုးတယ်ဆိုတာ သင့်နံရိုးအိမ်ကြီးမှ နံရိုးတစ်ချောင်းချောင်း အက်ခြင်း၊ သို့မဟုတ် ကျိုးခြင်းဖြစ်ပါတယ်။ အမြင့်ပေါ်မှပြုတ်ကျခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အားကစားပွဲများတွင် ထိခိုက်မိခြင်းတွေကြောင့် ရင်ဘတ်ကို ထိခိုက်ဒဏ်ရာရစေတာဟာ နံရိုးကျိုးစေတဲ့ အဖြစ်များတဲ့အကြောင်းရင်းတွေ ဖြစ်ပါတယ်။


 ကျိုးသွားတဲ့အရိုးအများစုကတော့ အက်ရုံပဲအက်တာပါ။ နာကျဉ်တာကလွဲလို့ ဒီအက်နေတဲ့အရိုးတွေ ဟာ အစိတ်စိတ်အမွှာမွှာကျိုးသွားတဲ့အရိုးတွေလောက် အန္တရာယ်မရှိပါဘူး။ ကျိုးနေတဲ့အရိုးက ထွက်လာတဲ့ အရိုးချွန်အစတစ်ခုဟာ သွေးကြောကြီးတွေ သို့မဟုတ် အဆုတ်ကဲ့သို့သော အတွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိခို်က်နိုင်ပါတယ်။အများစုက ၁ လမှ ၂ လအတွင်း သူ့ဘာသူ ပြန်ကောင်းတတ်ပါတယ်။ အသက်ကောင်းကောင်းရှူသွင်းနို်င်စေရန် နာကျဉ်နေမှုကို ထိန်းသိမ်းကုသခြင်းနဲ့ နမိုးနီးယားကဲ့သို့သော နောက်ဆက်တွဲ အဆုတ်ရောဂါမဖြစ်စေရန် ရှောင်ကြဉ်ဖို့တော့ အရေးကြီးပါတယ်။


လက္ခဏာများ

 နံရိုးကျိုးရင် နာကြဉ်ခြင်းဟာ 

- သင် အသက်ပြင်းပြင်းရှူသွင်းလိုက်လျှင်

- ဒဏ်ရာရထားတဲ့နေရာကို ဖိလိုက်လျှင်

- သင့်ခန္ဓကိုယ်ကို ကုန်းလိုက်လျှင် သို့မဟုတ် လိမ်ကောက်လိုက်လျှင် ပိုဆိုးတတ်၊ ပိုနာတတ်ပါတယ်။


ဖြစ်နိုင်ချေများသူတွေ

- အရိုးပွရောဂါရှိသူတွေ

- အားကစားလုပ်သူတွေ (အထူးသဖြင့် ဟော်ကီ၊ ဘောလုံးအားကစားများ)

- အရိုးသို့ ကင်ဆာပြန့်ဝင်ထားခြင်း၊ များမှာ နံရိုးကျိုးနိုင်ဖို့ အဖြစ်ပိုများပါတယ်။


နောက်ဆက်တွဲဆိုးကျိုးများ

 ကျိုးနေတဲ့နံရိုးက သွေးကြောများနဲ့ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပါတယ်။ ကျိုးတဲ့နံရိုးအရေအတွက်ပိုများလေ ထိခိုက်နိုင်ချေပိုများလေပါ။ ဘယ်နှချောင်းမြောက်နံရိုးကျိုးနေလဲပေါ် မူတည်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။


ဖြစ်နိုင်တာတွေကတော့

- ပင်မသွေးလွှတ်ကြောမကြီး ပြဲခြင်း သို့မဟုတ် ပေါက်ပြဲခြင်း။ (နံရိုးအိမ်အပေါ်မှ ပထမအရိုးသုံးချောင်းကျိုးကာ သွေးလွှတ်ကြောမကြီးနှင့် အဓိကသွေးလွှတ်ကြောများ ပေါက်ပြဲခြင်း)

- အဆုတ် ပေါက်ပြဲခြင်း။ (နံရိုးအိမ် အလယ်မှ အရိုးကျိုးခြင်း)

- ဘေလုံး၊ အသည်း သို့မဟုတ် ကျောက်ကပ် စုတ်ပြဲဒဏ်ရာရခြင်း။ (နံရိုးအိမ်အောက်မှ နံရိုး ၂ ခုကျိုးခြင်း)


ကာကွယ်ခြင်း

- အားကစားဆိုင်ရာ မတော်တဆမှုများမှ ကာကွယ်ခြင်း။

- အိမ်တွင်းပစ္စည်းများ မတော်တဆပြုတ်မကျအောင်ကာကွယ်ခြင်း၊ ရေချိုးခန်းတွင် ရော်ဘာအောက်ခြေခင်း၊ ခြေသုတ်ခုံ ထားရှိခြင်း၊ ကြမ်းပြင်တွင် ချောစေသော အဆီများဖိတ်ကျခြင်းကို ချက်ချင်းသန့်ရှင်းရေးလုပ်ခြင်း၊ ချော်မလဲစေသော ကောဇော်များ၊ အခင်းများသုံးခြင်း။

- သင့်အရိုးကို ကျန်းမာသန်စွမ်းအောင် ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ ပါသောအစားအစာများ၊ ဖြည့်စွက်ဆေးဝါးများ စားသုံးခြင်း။


ဆရာဝန်နဲ့ပြသင့်သည့်အချက်များ

 မတော်တမှုဖြစ်ထားပြီး ဒဏ်ရာမှ ထိသည်နှင့်နာခြင်း၊ အသက်ရှူတိုင်း သို့မဟုတ် အသက်ပြင်းပြင်းရှူတိုင်း နာကျဉ်ခြင်းများရှိပါက ဆရာဝန်နှင့်သွားပြသင့်ပါတယ်။ သင့်ရင်ဘတ်အလယ်မှ လေးလံသောခံစားမှု၊ သို့မဟုတ် တစ်ခုခုဆွဲစုတ်ထားသလိုခံစားမှုမျိုး မိနစ်အနည်းငယ်အထိခံစားရခြင်း၊ ရင်ဘတ်သာမက ပုခုံးနဲ့ လက်မောင်းပါနာကျဉ်လာပြီးဆို နှလုံးရုတ်တရက်ထိခိုက်ခြင်း (heart attack) ပါဆက်စပ်တာကြောင့် ဆရာဝန်ဆီအမြန်ဆုံးသွားပြသင့်ပါတယ်။


စမ်းသပ်စစ်ဆေးခြင်း

 ဆရာဝန်မှ ဓါတ်မှန်ရိုက်ခြင်း (X ray)၊ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း(CT)၊ သံလိုက်ဓါတ်မှန်ရိုက်ခြင်း (MRI)၊ အရိုးဓါတ်မှန်ရိုက်ခြင်း (Bone scan) အစရှိသဖြင့် လိုအပ်သောစမ်းသပ်မှုများပြုလုပ်မှာဖြစ်ပါတယ်။


ကုသခြင်း

 အများစုသော နံရိုးကျိုးခြင်းများသည် ၆ ပတ်အတွင်းအလိုအလျောက် သက်သာပျောက်ကင်းသွားတတ်သည်။ လုပ်ရှားမှုများလျှော့ခြင်း၊ နာသည့်နေရာကို ရေခဲကပ်ပေးခြင်းဖြင့် အနာကျက်ပိုမြန်စေပြီး နာကျဉ်ခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။ဆရာဝန်မှလိုအပ်သော အနာသက်သာဆေးဝါးများကို သောက်ဆေးအဖြစ်ပေးပြီး လိုအပ်ပါက ထိုးဆေးဖြင့်ပါ ကုသပေးမှာဖြစ်ပါတယ်။

 

ဒေါက်တာကောင်း

Credit: mayoclinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18