Print

ခြေကျင်းဝတ်လည်ခြင်း

  02-Nov-2017
Preview Image

ခြေကျင်းဝတ်လည်ခြင်းဆိုတာဟာ လူတော်တော်များများ ဘဝမှာကြုံတွေ့ဖူးတဲ့ အခြေအနေတစ်ရပ်ပါ။ ခြေကျင်းဝတ်လည်ပြီး နောက်ခြေကျင်းဝတ်နေရာက ရောင်ရမ်းနာကျင်လာမယ်ဆိုရင်တော့ ခြေကျင်းဝတ်နေရာက အရွတ်ကလေးတွေ ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ 


ဘယ်လိုအခြေအနေတွေမှာ ခြေကျင်းဝတ်လည်သွားနိုင်ပါသလဲ။ 

များသောအားဖြင့် ရုတ်တရက်ခြေထောက်အလှည့်အပြောင်း အချိန်မှာ (ဥပမာ - ဘောလုံးကစားခြင်းဖြင့်) ခြေကျင်းဝတ်နှင့် ခြေဖျားတို့ လားရာ ဆန့်ကျင်ဘက်လှည့်မိတဲ့ အခါမျိုးမှာ ဖြစ်နိုင်ပါတယ်။ 


ဘယ်လိုလက္ခဏာတွေရှိမှာလဲ။

 ဖြစ်တဲ့နေရာမှာ ရုတ်တရက် နီရဲရောင်ရမ်းနာကျင်ခြင်း၊ သွေးခြေဥခြင်းမှာ ဖြစ်လာနိုင်ပါတယ်။ ပြင်းထန်ရင် လုံးဝမလှုပ်ရှားနိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်းများ ဖြစ်နိုင်ပါတယ်။ 


ဘယ်လိုစစ်ဆေးမှုတွေ ပြုလုပ်သင့်သလဲ။

ဆရာဝန်နဲ့သေချာစမ်းသပ်ကုသပြီး လိုအပ်လျှင် ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်သင့်ပါတယ်။ 


ဘယ်လိုကုသရမလဲ။

ဦးဆုံးပထမအနေဖြင့် “RICE” နည်းဗျူဟာကို သုံးသင့်ပါတယ်။ “RICE” ဆိုတာကတော့ - 

“Rest”  - ခြေထောက်ကို သေချာအနားပေးသင့်ပါတယ်။ နာကျင်မှုမရှိဘဲ လှုပ်ရှားနိုင်တဲ့အထိ ဂျိုင်းထောက်သုံးသင့်ရင် သုံးပြီး အနားပေးသင့်ပါတယ်။ 

“ICE” - ပထမ ၂၄ နာရီမှ ရ၂ နာရီအတွင်း (သို့) အရောင်ကျသွားတဲ့အချိန်အထိ ရေခဲထုပ်ကို ၁ နာရီ ၂ နာရီခြား တစ်ခါစီ ၁၀ မိနစ်မှ မိနစ် ၂၀ လောက် ကပ်ပေးပါ။ ရေခဲနှင့် အရေပြားကြားမှာ ပိတ်စပါးတစ်ခုလောက် ခံထားပေးပါ။

“Compresion” - ကျံု့နိုင်ဆန့်နိုင်သော ပိတ်စဖြင့် ပြုလုပ်ထားသော ပတ်တီးများ စည်းပေးထားခြင်းကလည်း အရောင်သက်သာစေပါတယ်။ 

“Elevation”  - တစ်ရက်လျှင် ၂ နာရီမှ ၃ နာရီလောက်ထိ ခြေထောက်ကို မြှင့်ထားပေးပါ။ နှလုံး၏အထက် Level သို့ မြှင့်ထားနိုင်ရင် ပိုကောင်းပါတယ်။ 


 ကိုက်ခဲနာကျင်မှု သက်သာအောင် အကိုက်အခဲပျောက်ဆေးများလည်း သောက်သုံးနိုင်ပါတယ်။ ဆရာဝန်နှင့်တိုင်ပင်ပြီး သောက်သင့်ပါတယ်။ သင့်လျော်မှန်ကန်သော ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများကလည်း ခြေကျင်းဝတ်လည်ခြင်းအတွက် အရေးကြီးပါတယ်။ တကယ်လို့ခြေကျင်းဝတ်လည်တာဟာ ပုံမှန်အတိုင်းပြန်မကောင်းသေးခင် အချိန်မှာဆိုရင် အဆစ်က အားနည်းနေတဲ့အတွက်ကြောင့် နာတာရှည်အဆစ်ရောင်ခြင်းများ ဖြစ်နိုင်ပါတယ်။ အကယ်၍ ခြေကျင်းဝတ်က ပုံမှန်အတိုင်း ပြန်မကောင်းဘဲ အားနည်းနေဦးမယ်ဆိုရင် အရွတ်ထိခိုက်မှု ပြင်းထန်မယ်ဆိုရင် ခွဲစိတ်ကုသရခြင်းများ ပြုလုပ်နိုင်ပါတယ်။


Credit: Mayo Clinic 

Dr. April



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18