Print

နှလုံးသွေးကြောကျဉ်းရောဂါ

  19-Oct-2017
Preview Image


 နှလုံးသွေးကြောကျဉ်းရောဂါသည် နှလုံးအတွက်လိုအပ်သောသွေးပမာဏ မရရှိနို်င်သည့်အတွက် နှလုံးလုပ်ငန်းယိုယွင်းခြင်းဖြစ်သည်။နှလုံးသွေးကြောကျဉ်းခြင်း (သို့)ပိတ်ဆို့ခြင်းကြောင့်သွေးလုံလောက်စွာမရရှိနိုင်ခြင်းဖြစ်သည်။  နှလုံးသွေးကြောကျဉ်းရောဂါသည်စက်မှုဖွ့ံဖြိုးတိုးတက် သောနိုင်ငံများတွင် လူသေဆုံးမှု၏ ၂၅ မှ ၃၀ ရာခိုင်နှုန်းအထိဖြစ်စေသည်။နှလုံးသွေးကြောကျဉ်းရောဂါမှာ အသက်အရွယ်ကြီးရင့်မှုနဲ့လည်းဆိုင်ပြီးလူအများအပြားတွင်ဖြစ်ပွားလာကြောင်း သိရသည်။


ရောဂါလက္ခဏာများ

-ရင်ဘတ်နာခြင်း၊အောင့်ခြင်း

-နှလုံးကြွက်သားများယိုယွင်းပျက်ဆီးခြင်း

-နှလုံးခုန် နှုန်းပျက်ယွင်းခြင်း

-နှလုံး၏လုပ်ငန်းပျက်ဆီးသွားခြင်း မှ ရုတ်တရတ်သေဆုံးခြင်းတို့ထိဖြစ်နိုင်သည်။


နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားရန်အလားအလာရှိသူများ

-အသက်အရွယ်ကြီးခြင်း

-အမျိုးသားများဖြစ်ခြင်း

-မိသားစုရာဇဝင်ရှိခြင်း

-လူတို့၏ကိုယ်ရည်ကိုယ်သွေးကွဲပြားမှု

-မျိုးရိုးဗီဇ

-ဆေးလိပ်သောက်ခြင်း

-သွေးတိုးရောဂါ

-သွေးတွင်းအဆီဓါတ်များနေခြင်း

-သွေးချို ဆီးချို ရောဂါ

-အဝလွန်ကဲခြင်း

-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

-စိတ်ဖိစိးမှုများခြင်း  တို့ဖြစ်သည်။


 အထက်ပါအန္တရာယ်များအနက် အချို့မှာရှောင်လွှဲမရနိုင်သော်လည်း  အချို့မှာရှောင်လွှဲရနိုင်သည်။ထို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုမှကာကွယ်လိုလျှင်-


(၁) ဆေးလိပ်လုံးဝမသောက်ပါနှင့်။ ဆေးလိပ်၊စီးကရက်သောက်သူဖြစ်ကဖြတ်ပါ။

(၂) သွေးပေါင်ပုံမှန်ဖြစ်အောင်ထိန်းပါ။သွေးချိန်ပါ။အစားအသောက်ဆင်ခြင်ပါ။  သွေးကျဆေးမှီဝဲပါ။

(၃) သွေးတွင်း ကိုလက်စထရော ဓါတ်မှန်ပါစေ။များနေလျှင်ဆေးပညာရှင်နှင့်တိုင်ပင်ပြီးပုံမှန်ဖြစ်အောင်ကုသမှုခံယူပါ။

(၄) သွေးချို ဆီးချို ရောဂါရှိပါကလည်းသွေးတွင်းသကြားဓါတ်မှန်အောင်ထိန်းသိမ်းပါ။

(၅) ကိုယ်အလေးချိန်မှန်ကန်အောင်ထိန်းပါ။အစားအသောက်ဆင်ခြင် စားသုံးပြီးလေ့ကျင့်ခန်းလုပ်ဆောင်ရမည်။

(၆) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရမည်။တက်ကြွစွာသွားလာလှုပ်ရှားနေထိုင်ကြရမည်။

(၇) ဖိစိးမှုနည်းအောင် ကြိုးစားနေထိုင်ရန်လိုအပ်သည်။


Credit:Dr. အေးကျော် (ဇီဝကမ္မဗေဒ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18