Print

အရေးအကြောင်းတွေ ကင်းစေဖို့

  20-Sep-2019
Preview Image

၁။ သံပရာသီး

          သံပရာသီးက သက်ကြီးအစက်အပြောက်တွေကို ပါးလျစေဖို့နဲ့ တခြားသက်ကြီးဖြစ်စဉ်လက္ခဏာတွေ လျော့ပါးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဗီတာမင်စီ လို အင်တီအောက်ဆီးဒင့်ကြွယ်ဝတဲ့ သံပရာသီးက ဖရီးရက်ဒီကယ်တွေရဲ့ ဖျက်ဆီးမှုကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် သဘာဝကြေးချွတ် ပစ္စည်းပါဝင်တဲ့အတွက် ညစ်ညမ်းနေတဲ့ အသားအရေကိုလည်း လင်းလက်လာစေနိုင်ပါတယ်။

သံပရာသီးတစ်လုံးကို တစ်ခြမ်းခြမ်းပြီး အဲဒီတစ်ခြမ်းပေါ်မှာ ပျားရည်အနည်းငယ်လောင်းချလိုက်ပါ။ ပြီးရင် အဲဒီသံပရာခြမ်းနဲ့ မျက်နှာအနှံ့စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်တိုက်ပေးပါ။ ၁၀ မိနစ်ခန့်ထားပြီးနောက် မျက်နှာသစ်လိုက်ပါ။ တစ်ပတ် - ကြိမ် ပြုလုပ်ပါ။

သံပရာသီးတစ်လုံးကို အရည်ညှစ်ယူပါ။ ရလာတဲ့အရည်နဲ့ မျက်နှာအပါအဝင် ပါးရေတွန့်နေတဲ့အရေပြားအနှံ့ လိမ်းပါ။ ၁၅ မိနစ်ခန့်ထားပြီးနောက် ရေအေးအေးနဲ့ ဆေးကြောပါ။ တစ်နေ့တစ်ကြိမ် ပြုလုပ်ပါ။

သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ကြက်ဥအကာနဲ့ မလိုင် လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ရောစပ်ပါ။ ရလာတဲ့အရောအစပ်ကို သင့်မျက်နှာပေါ်လိမ်းကာ ၁၅ မိနစ်ထားပါ။ ပြီးမှ ရေအေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ် - ကြိမ်ပြုလုပ်ပါ။


၂။ သခွားသီး

ရေဓာတ်ကြွယ်ဝတဲ့အသီးမို့ သင့်အသားအရေအတွက်တော့ ဆုလာဘ်ပါပဲ။ ဝက်ခြံနဲ့ နေလောင်အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အသားအရေနုပျိုအောင် စွမ်းဆောင်ပေးနိုင်လို့ပါ။ ဒါ့အပြင် အင်တီအောက်ဆီးဒင့် ကြွယ်ဝတာကြောင့် ရှင်းသန့်ကြည်လင်တဲ့ ငယ်ရွယ်နုပျိုပုံပေါက်စေပါတယ်။

သခွားသီးကို ကြိတ်စက်မှာ ကြိတ်ကာ အနှစ်ပြုလုပ်ပါ။ သခွားသီးနှစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ၊ ဒိန်ချဉ် ခွက် တစ်ဝက်စာကို သေချာရောစပ်ကာ Face Mask ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းကာ မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးကြောပါ။ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပါ။ သခွားသီးနဲ့ ဖရဲသီးကို ဆတူရောစပ်ကာ ကြိတ်စက်မှာ ကြိတ်ပါ။ ရလာတဲ့အနှစ်တွေကို ပိတ်ပါးစထဲထည့်ပြီး အရည်စစ်ယူပါ။ အဲဒီအရည်ထဲကို သံပရာရည် အနည်းငယ်ပေါင်းထည့်ပါ။ ရလာတဲ့ အရည်အရောအစပ်ကို မျက်နှာအနှံ့လိမ်းပြီး ခြောက်သွေ့အောင်ထားပါ။ ခြောက်သွားပြီဆိုရင် ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ ဒီ Face Pack ကို တစ်ပတ် - ကြိမ်ပြုလုပ်ပါ။


၃။ ငှက်ပျောသီး

နုပျိုပြီး အရေးကြောင်းကင်းချင်တယ်ဆိုရင်တော့ ငှက်ပျောသီးကို ရွေးချယ်သင့်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့မှာ သဘာဝအစိုဓာတ်ထိန်းပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပြီး အရေးကြောင်းတွေ၊ သက်ကြီးဖြစ်စဉ်လက္ခဏာတွေနဲ့ Fine Line လိုင်းတွေကို ဖယ်ရှားပေးနိုင်လို့ပါ။

ငှက်ပျောသီးမှည့် အသေးတစ်လုံးကို ကြိတ်ခြေပါ။ အဲဒီထဲကို နို့မလိုင် ထမင်းစားဇွန်းနှစ်ဇွန်းစာ၊ ပျားရည်စစ်စစ် ထမင်းစားဇွန်းတစ်ဇွန်းစာ၊ အုတ်စပါးမှုန့် ထမင်းစားဇွန်းတစ်ဇွန်းစာနဲ့ ရေအနည်းငယ်ထည့်ပြီး အနှစ်ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းကာ မိနစ် ၃၀ ခန့် ထားပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ တစ်ပတ်တစ်ကြိမ်ပြုလုပ်ပါ။

ငှက်ပျောသီးမှည့် အလတ်စားတစ်လုံးကို ကြိတ်ခြေပါ။ အဲဒီထဲကို ပျားရည်စစ်စစ် ထမင်းစားဇွန်းနှစ်ဇွန်းစာနဲ့ သံလွင်ဆီ အနည်းငယ် ထည့်ကာ ရောမွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်လိမ်းကာ မိနစ် ၂၀ ခန့်ထားပါ။ ပြီးရင် ရေနွေးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။


၄။ ဒိန်ချဉ်

ဒိန်ချဉ်ဟာ အသားအရေအတွက် အလွန်ကို အကျိုးရှိပါတယ်။ လက်တစ်အက်စစ် ပါဝင်တဲ့ ဒိန်ချဉ်ဟာ သဘာဝ Cleanser ကြေးချွတ်ပစ္စည်းအဖြစ် အသုံးပြုနိုင်ပြီး အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သူက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာ၊ အရေးအကြောင်းဖြစ်တာကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

မလိုင်မပါ ဒိန်ချဉ် ထမင်းစားဇွန်း နှစ်ဇွန်းစာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာ၊ ကုလားပဲမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်စာကို ပေါင်းထည့်ကာမွှေပါ။ ရလာတဲ့အနှစ်ကို မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းကာ ခြောက်သွေ့အောင်ထားပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးကြောပါ။ တစ်ပတ် - ကြိမ် ပြုလုပ်ပါ။

ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာ၊ မလိုင်မပါဒိန်ချဉ် ထမင်းစားဇွန်းနှစ်ဇွန်းစာကို ရောစပ်ကာ မွှေပါ။ ရလာတဲ့ အရောအစပ်ကို မျက်နှာပေါ်လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ ရေအေးအေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို - ကြိမ် ပြုလုပ်ပါ။


၅။ ခရမ်းချဉ်သီး

အသားအရေပြန်လည်နုပျိုစေတဲ့နောက်ထပ်ပစ္စည်းတစ်ခုကတော့ ခရမ်းချဉ်သီးပါပဲ။ သူ့မှာ လိုင်ကိုပင်းလို Anti-aging အခြေခံ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် နေရောင်ခြည်ရဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပြီး အရေးကြောင်းတွေကို ပါးလျစေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ ကြွယ်ဝတာကြောင့် ကော်လာဂျင်တွေ ထုတ်လုပ်ပေးနိုင်ပြီး ဆဲလ်တွေကို ဖရီးရက်ဒီကယ်တွေရဲ့ ဖျက်ဆီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။

ရမ်းချဉ်သီးနှပ် ထမင်းစားဇွန်း သုံးဇွန်းစာ၊ သံပရာရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ မလိုင်ပါနွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းစာကို ရောစပ်ကာ အနှစ်ပြုလုပ်ပါ။ ရလာတဲ့အနှစ်ကို သင့်အသားအရေပေါ်လိမ်းကာ ၁၅ မိနစ်ခန့် ထားပါ။ အဲဒီနောက် ရေအေးအေးနဲ့ ဆေးကြောပါ။ တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပါ။

ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို ကြိတ်ခြေကာ မျက်နှာနဲ့ အရေးကြောင်းထင်နေတဲ့ အရေပြားတွေပေါ်မှာ လိမ်းပါ။ မိနစ် ၂၀ ခန့်ထားပြီးနောက် ရေနဲ့ ဆေးကြောလိုက်ပါ။ တစ်ပတ် - ကြိမ် ပြုလုပ်နိုင်ပါတယ်။


မှတ်ရန်

·         ညအိပ်ရာဝင်ခါနီးမှာ မိတ်ကပ်သေချာဖျက်ပြီးမှ အိပ်ပါ။

·         မိတ်ကပ်ဖျက်ဖို့ နှင်းဆီပွင့်ဖတ်ရည်ကို အသုံးပြုပါ။

·         ရေချိုးပြီးတိုင်း ရေခြောက်အောင်သုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပါ။

·         ဆေးလိပ်နဲ့ အရက်သောက်တာကို ရှောင်ကြဉ်ပါ။ အသားအရေခြောက်သွေ့တတ်ပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်လို့ပါ။

·         သွေးလည်ပတ်မှုကောင်းစေဖို့နဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေထုတ်ဖို့ ချွေးထွက်စေမယ့် လေ့ကျင့်ခန်းတွေ နေ့စဉ် ပုံမှန်ပြုလုပ်ပါ။

·         တစ်ပတ် တစ်ကြိမ် အသားအရေကို ကြေးချွတ်ပေးပါ။

·         နေ့စဉ် အပြင်မထွက်ခင်မှာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်ဖို့ Sunscreen လိမ်းပါ။

·         အဆိပ်အတောက်ကင်းစေဖို့နဲ့ ကျန်းမာတဲ့ အသားအရေပိုင်ဆိုင်ဖို့ ရေများများသောက်ပေးပါ။

·         အရည်အသွေးကောင်းမွန်တဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုပါ။ ရက်လွန်ပစ္စည်းတွေ အသုံးမပြုမိပါစေနဲ့။

·         စိတ်ဖိစီးမှုက အသားအရေကို ညစ်နွမ်းစေတဲ့အပြင် ဝက်ခြံလိုမျိုး အရေပြားပြဿနာတွေပါ ဖြစ်စေနိုင်တဲ့အတွက် တတ်နိုင်သမျှ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။

·         တစ်နေ့ကို အိပ်စက်ချိန်အနည်းဆုံး နာရီနဲ့ နာရီကြားရှိရပါမယ်။ အိပ်ချိန်ပြည့်ပြည့်ဝဝ ရရှိတာက သင့်အသားအရေကို လန်းဆန်းစေပြီး တစ်နေ့တာလုံး ပျော်ရွှင်မှုကို ပေးပါလိမ့်မယ်။

·         အရေပြားအာဟာရဓာတ်ပြည့်ဝဖို့ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ဆယ်လမွန်လို အိုမီဂါ ဖက်တီအက်စစ်ပါဝင်တဲ့ ငါးနဲ့ အစေ့အဆန်တွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ စားသုံးပေးပါ။

Credit : ဆူးမြာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18