Print

UV တို့အကြောင်း

  30-Oct-2016
Preview Image

ဒဏ်မျိုးစုံထဲမှာ နေဒဏ်က အဆိုးဆုံးပါ။ နေဒဏ်ဆိုတာ နေရောင်ခြည်ဒဏ်ကိုပြောတာ။ နေ ရောင်ခြည်ဆိုတာ ခရမ်းလွန်ရောင်ခြည်ကို ပြောတာဆိုတာ သိပြီးသား။ Ultraviolet Rays လို့ခေါ်ပါ တယ်။ အတိုကောက် UV Rays ပေါ့။ UV သုံးမျိုးရှိပါသည်။ A ရယ်၊ B ရယ်၊ C ရယ်။ C က လှိုင်း အလျားအတိုဆုံးနဲ့ အပြင်းဆုံး။ ဒါပေမဲ့ ကျွန်တော်တို့ ကံကောင်းတာက ကမ္ဘာလေထုအပေါ်က အိုဇုန်းလွှာက UV Cကို တားဆီးထားပေးပါတယ်။ A နဲ့ B ပဲမြေပြင်ပေါ်ကို ရောက်လာတာ။ အိမ်အပြင်နေတဲ့အခါ ခရမ်းလွန်ရောင်ခြည် Aရော B ပါ ထိတွေ့မှုရှိတယ်။ အိမ်ထဲမှာ၊ ရုံးထဲမှာ၊ အတွင်းထဲမှာနေရင်တော့ A တစ်ခုတော့ ထိတွေ့မှုရှိတယ်။ B က မှန်ပြတင်းကို မဖြတ်ဘူး။ နှစ်မျိုးလုံးက အသားအရေ ပျက်စီးမှု၊ အိုမင်းမှု၊ နေလောင်ဖု၊ အရေပြားကင်ဆာ စတာတွေကို ဖြစ်စေတာ။ B က နေလောင်တာကို ပိုဖြစ်စေပြီး B က အရေပြားတွန့်တာ၊ အသားအရေ မညီညာတာစတဲ့ အိုမင်းမှုကို ပိုဖြစ်စေပါတယ်။

Ref:

ဒေါက်တာစိုးဝင်းဦး

(အရေပြားအထူးကု ဆရာဝန်ကြီး)

Health for all

No.101 June 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18