Print

ဗီတာမင်နှင့် ဓာတ်ဆားချို့တဲ့မှုကြောင့်ဖြစ်ရသောအရေပြားပြောင်းလဲမှုများန...

  30-Oct-2016
Preview Image

နေ့စဉ်စားသုံးသော အစာတို့တွင် ကိုယ်ခနာအတွက် လိုအပ်သော ဗီတာမင်နဲ့ဓာတ်ဆာများ ပါ၀င်မှု နည်းနေလျှင်aသာ်လည်းကောင်း၊ မပါ၀င်လျှင်သော်လည်းကောင်း သို့မဟုတ် ကိုယ်ခနာစုပ်ယူသုံးစွဲနိုင်ခြင်း မရှိသောအခါတွင်လည်းကောင်း ကျန်းမာရေးထိခိုက်နိုင်ကြောင်းကို လူအများသိရှိထားနှင့်နေပြီး ဖြစ်ပါတယ်။ ထို့အတူပင် ကိုယ်ခန္ဓာ၏အကြီးဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သော အရေပြားမှလည်း ထိုဓာတ်ဆား များ၊ ဗီတာမင်များချို့တဲ့မှုကြောင့် ပြောင်းလဲမှုများအပြင် ရောဂါတချို့ပါ ဖြစ်နိုင်ကြရာမှ ဗီတာမင်တချို့နဲ့ ဓာတ်ဆားတချို့ ချို့တဲ့မှုတို့ကြောင့် ဖြစ်ရမှုတို့ကို ယခုလတွင်ဖော်ပြလိုပါသည်။ ဗီတာမင်ဘီ (နျိုင်ယာဆင်) ဓာတ်ကို အသား၊ အသည်း၊ မှို၊ အခြောက်ခံထားသော အဆံ၊ မြေပဲကဲ့သို့ အဆံများ၊ နို့ထွက်ပစ္စည်း၊ ဂျုံထွက်ပစ္စည်းတို့မှ ရရှိနိုင်ကြပါတယ်။ ပြောင်းကို အဓိကအစားအစာအဖြစ် စားသုံးသောအရပ်မှလူများ၊ အစာအိမ်နှင့် အစာလမ်းကြောင်း ရောဂါတချို့ဖြစ်နေသူများ၊ အရက်အလွန်ကျွံ သောက်ပြီးလုံလောက်သောအဟာရ မစားသောသူများနှင့် အချို့သောဆေးများ၊ ဥပမာ- အိုက်ဆိုနိုင်ယာ ဆစ်၊ ဖီနှင်တွိုင်း၊ ကလိုရင်ဖင်နီကော စားသုံးနေရသူများတွင်နိုင်ယာဆင်ဓာတ် ချို့တဲ့မှုမှ အရေပြားရောင်ရမ်း သည့် ရောဂါဖြစ်နိုင်ကြပါသည်။မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်အပေါ်ပိုင်း၊ လက်မောင်း၊ ခြေသလုံးအောက်ပိုင်း၊ လက်ဖမိုး၊ ခြေဖမိုးတို့ရှိ အရေပြားမှာ နေရောင်နှင့်ထိတွေ့ပြီး နီရဲကာ ရောင်ရမ်းနိုင်ကြပါသည်။ ထိုနေရာတို့၌ ယားယံခြင်း၊ ပူလောင် ခြင်း တို့ကိုလည်း ခံစားရနိုင်ပါသည်။ အချို့တွင်မှု ရေကြည်ဖုသေး၊ အကြီးများပါ ပေါ်ထွက်လာခြင်းအထိပင် ဖြစ်တတ်ကြပါတယ်။

အကယ်၍ နေရောင်ခြည်နှင့် ဆက်၍ထိတွေ့မှု မရှိတော့သောအခါ ရောင်ရမ်းမှုမှာ အလိုအလျောက် သက်သာ ပျောက်ကင်းလာနိုင်သော်လည်း သာမန် နေလောင်ခြင်းထက် လေးဆခန့် ပို၍ကြာမှ ပျောက်နိုင် ကြပါသည်။ နေရောင်ကြောင့် အကြိမ်ကြိမ်ရောင်ရမ်းပြီး နောက်တွင်မူ အရေပြားထူထဲလာခြင်း၊ အမြှေးများကွာလာ ခြင်းနှင့် အရောင်မည်းလာတတ်ပါတယ်။ ကုသမှုမရှိဘဲ ကာလတာရှည်လာသောအခါတွင် အရေပြားခြောက် သွေ့သွားပြီး စက္ကူကဲ့သို့ ပါးလွှာပြောင်လဲ့နေတတ်ပါသည်။ ခြေဖဝါး၊ လက်ဖဝါးတို့မှာ ပတ်ကြားအက်လာနိုင်ပါ သည်။ နှာခေါင်းအပေါ်၌ စတင်၍ဖြစ်သောရောင်ရမ်းမှုမှာ ပါးနှစ်ဖက်၊ မေးစေ့နှင့် နှုတ်ခမ်းများအထိပါ ပျံ့နှံ သွားနိုင်ကြပါသည်။ ရောင်ရမ်းမှုမှာ အရေပြား၌သာမက ခံတွင်းအတွင်း၌ပါဖြစ်နိုင်ကြရာနှုတ်ခမ်းများခြောက်ကာ ရောင်ရမ်းနေခြင်း၊ ကျီးကန်းပါးစပ်ဟု ခေါ်ဆိုသောနှုတ်ခမ်းထောင့် အရေပြားရောာင်ရမ်းခြင်းတို့ ဖြစ်နိုင်ကြပါသည်။ လည်ပင်းနှင့်ရင်ဘတ်အပေါ်ပိုင်းရှိ ရောင်ရမ်းမှုတို့မှာ ဆက်မိသွားကြရာမှာ ရောင်ရမ်းမှုမှာ လည်ဆွဲပုံသဏ္ဍာန်ဖြစ်နေတတ်ပါသည်။ ထိုသူများတွင် အရေပြား ရောင်ရမ်းခြင်းအပြင် အားနည်းခြင်း၊ အစာမစားချင်ခြင်း၊ ဗိုက်နာခြင်း၊ ၀မ်းလျောခြင်းနှင့်် စိတ်ဓာတ်ကျခြင်း တို့ပါဆက်စပ်၍ ဖြစ်နိုုင်ပြီး ကုသမှုမရှိပါက အသက်ပင်ဆုံးရှုံးနိုုင်ပါသည်။ အသားနှင့်အရွက်များမှ ရရှိသော ဗီတာမင် B 6 (ပိုင်ရီဒေါ်ဆင်း) ချို့တဲ့သောအခါတွင်လည်း အရေပြားရောင် ရမ်းမှုဖြစ်နိုင်ကြပြီး အများအားဖြင့် ဦးခေါင်း၊ လည်ပင်း၊ တင်ပါးနှင့် ပေါင်ခြံတို့၌ဖြစ်ကြပါသည်။ အထက်ဖော် ပြပါ နိုင်ယာဆင်ချို့တဲ့ရာမှဖြစ်သော အရေပြားရောင်ရမ်းမှုများနှင့် လက္ခဏာဆင်တူနေတတ်ပါသည်။

ဗိုက်တာမင်ဘီတွဲ (B12) ကိုမူ အမဲသား၊ အသည်း၊ ဥ၊ နို့တို့မှ ရကြရာ သက်သတ်လွတ်စားသူများနှင့် ၄င်းတို့၏ ရင်သွေးငယ်များ၊ အစာလမ်းကြောင်း၊ အထူးသဖြင့်အစာအိမ်ခွဲထားသူများ၌ ထိုဓာတ်ချို့တဲ့နေတတ် ပါသည်။ ထိုအခါနေရာကွက်၍သော်လည်းကောင်း၊ ဘယ်ညာနှစ်ဖက် ညီညီညာညာသော်လည်းကောင်း အရေပြားပို၍ မည်းလာသည်ကို တွေ့ရနိုင်ပါသည်။ အထူးသဖြင့် လက်ဖမိုး၊ မျက်နှာတံတောင်ဆစ်အကွေး၊ တံတောင်ဆစ်နှင့် လက်ဖဝါးရှိ လက္ခဏာ အစင်းကြောင်းများပင် မည်းလာခြင်းတို့ဖြစ်နိုင်ပါသည်။ နေရာ့ွက်၍သော်လည်းကောင်း၊ တစ်ခေါင်းလုံးသော် လည်းကောင်း ဆံပင်ဖြူနိုင်ပါသည်။ ခံတွင်းအတွင်း၌ လျှာမှာပြောင်ချော၊ နီရြနေပြီး နာကျင်နေတတ်ပါသည်။ နှုတ်ခမ်းတောင့် အရေပြားခြောက်၍ ရောင်ရမ်းခြင်းလည်းဖြစ်နိုင်ကြပါသည်။ ဗီတာမင်စီကိုမူ ချဉ်သောအသီးဖြစ်သည့် သံဖရာသီး၊ ခရမ်းချဉ်သီး၊ ဟင်းရွက်အစိမ်းအပြင် အာလူးမှ လည်း ရနိုင်ကြပါသည်။ အရက်အလွန်ကျွံသောက်သူများ၊ အချို့သောဆေးများဖြစ်သည့် အက်စပရင်၊ တက်ထ ရာဆိုက်ကလင်း၊ သနေတားဆေးများ စားသုံးနေသူများ၌ ဗီတာမင်စီ၏ နေ့စဉ်လိုအပ်သည်မှာ သာမန်ထက် ပိုနေရာမှ ချို့တဲ့မှုဖြစ်လာနိုင်ပါသည်။ ထိုအခါတွင် လက်မောင်းအပြင်ဘက်ပေါင်နောက်ဘက်၊ ခြေသလုံး၊ တင်ပါးနှင့် နောက်ကျောတို့တွင် ကြမ်းတမ်းသောအဖုများ ပေါ်ထွက်လာနိုင်ကြပါသည်။ လူအများက ကြာဆူးဟုခေါ်ဝေါ်နေသော အဖုများပင် ဖြစ်ပါသည်။ ထိုအခါများမှာကြာလာသောအခါ နီရဲလာပြီး သွေးခြေဥသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ ပါးစပ် အတွင်း၌ သွားဖုံးများရောင်ခြင်း၊သွေးထွက်လွယ်ခြင်းနှင့်် သွားများအလွယ်တကူ ကျွတ်နိုင်သည်အထိပင်ဖြစ်နိုင်ကြပါသည်။

ဗီတာမင်အေကို အသီးအနှံများနှင့် အသားငါးများမှ ရရှိနိုင်ကြပါသည်။ အထူသဖြင့် အဝါရောင်ရှိသော အသီးများဖြစ်သည့် သရက်သီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အသည်း၊ ငါး၊ နို့၌ေီတာမင်အေ ပေါကြွယ်ကြပါ သည်။ အသည်းရောဂါနှင့် သရက်ရွက်ရောဂါဖြစ်သူတချို့ အစာအိမ် ခွဲစိတ်ခံထားရသူတို့တွင် ဗီတာမင်အေချို့ တဲ့မှု ဖြစ်တတ်ကြရာမှ ထိုသူတို့၏ အရေပြာမှာ ခြောက်သွေ့ကာ အမြှေးများပါနိုင်ပါသည်။ အချို့တွင်ပက်ကြားအက်သည်အထိပင် အရေပြား ခြောက်သွေ့နိုင်ကြပါသည်။ ပါးစပ်ခြော်ခြင်း၊ လည်ချောင်း၊ ခြောက်ခြင်းများပင်ဖြစ်နိုင်ပါသည်။ ကြာဆူးဟုခေါ်သော အမွှေးအိတ်ပတ်လည် အရေပြား ခြောက်ရာမှ ဖြစ်လာသော အဖုများမှာလက်မောင်း၊ပေါင်အပြင်သားတို့၌ ထွက်လာပြီးနောက် တင်ပါး၊ နောက်ကျော၊ ကုပ်ပိုးနှင့် မျက်နှာတို့သို့ပင် ပြန့်နှံ့သွားနိုင်ကြပါသည်။-သံဓာတ် ချို့တဲ့မှုမှာ စားသုံးသောအစာအိမ်တွင် လုံလောက်သော ပမာဏ မပါခြင်းသာမကဘဲ တာရှည် သွေးသွန်နေမှုတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဓမ္မတာမဆုံးသော အမျိုးသမီးများ၊ အစာလမ်း ကြောင်းမှ သွေးဆင်းနေသူများ၌ သံဓာတ်ချို့ယွင်းမှုကို တွေရနိုင်ပြီး ထိုသူတို့၏ ဆံပင်မွဲခြောက်ခြောက်ဖြစ် လာခြင်း၊ ကြမ်းတမ်းလာခြင်းနှင့် အချို့တို့တွင် ဆံပင်ကျွတ်ခြင်းပါ ဖြစ်တတ်သည်ဟု ဆိုကြပါသည်။ လက်သည်းများမှာလည်းအမျှင်များဖွာနေတတ်ပြီး တစ်ခါတစ်ရံတွင် စွန်းကဲ့သို့ ချိုင့်ဝင်သွားသည့် အထိ ဖြစ်သွားနိုင်ကြပါသည်။ ကျီးကန်းပါးစပ်ဟုခေါ် နတ်ခမ်းတောင့်အရေပြားခြောက်သွေ့ပတ််ကြား အက်ခြင်းလည်း ဖြစ်နိုင်ကြသည့်အပြင် အချို့တို့မှာ တစ်ကိုယ်လုံး ယားယံနေတတ်ကြသည်။ ဇင့်ဓာတ်ချို့တဲ့မှုကို အသညးရောဂါဖြစ်နေသူများ၊ကျောက်ကပ်ရောဂါ ဖြစ်နေသူများ၊ အရေပြား နေရာအနှံ့အပြား မီးလောင်ခံထားရသူများနှင့် စားသုံးသောအစားအစာတွင် လုံလုံလောက်လောက် မပါသောအခါတွင်ဖြစ်တတ်ကြပါသည်။ ကလေးတချို့တွင် အစာအိမ်လမ်းကြောင်း၌ ဇင့်ကိုစုပ်ယူနိုင်မှုမှာ မွေးရာပါ ချို့ယွင်းချက်အဖြစ် ရှိနေတတ်သဖြင့် ထိုကလေးများမှာလည်းရောဂါလက္ခဏာ တွေ့ရနိုင်ပါသည်။ အစာလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါဖြစ်နေသူများ၊ အချို့အမျိုးသမီးများ ကိုယ်ဝန်ရှိနေချိန်၌ သော်လည်းကောင်း ဇင့်ဓာတ်ချို့တဲ့မှု ဖြစ်တတ်ကြပါသည်။ ရောဂါလက္ခဏာအနေဖြင့် လက်ချောင်းထိပ် အရေပြား ရောင်ရမ်းခြင်း၊ နှုတ်ခမ်းအနီးအရေပြား ရောင်ရမ်းခြင်း၊ မျက်စိအနီး အရေပြားရောင်ရမ်းခြင်း၊ လိင်အင်္ဂါအနီး ရောင်ရမ်းခြင်းနှင့် စအိုဝအနီး ရောင်ရမ်းမှုကိုလည်း ဖြစ်တတ်ကြပါသည်။ ထို့အပြင် ဆံပင်ကျွတ်ခြင်း၊ အနာကျက်ရန်ကြာခြင်း၊ မျက်ခမ်းလောင်ခြင်းများပါ ဖြစ်နိုင်ကြပါသည်။ ထိုအပြင် ထိုသူများမှာ အင်အားကုန်ခမ်းနေခြင်း ၀မ်းလျောခြင်းတို့ပါ တွဲ၍ဖြစ်တတ်ပြီး တချို့တွင် ဗက်တီးရီးယားပိုးများကြောင့် ရောဂါရရန် ပိုမိုလွယ်ကူလာတတ်ကြပါသည်။ 

Ref:

ဒေါက်တာသောင်းညွှန်ရွှေ

Health For All magazine No.103, Pg.95



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18