Print

Herpes Simplex ရိုးရိုး ရေယုံ

  30-Oct-2016
Preview Image

ရေယုံဆိုတာ Virus Infections ဗိုင်းရပ်စ် ကနေဖြစ်တယ်။ ပြန်ပြန်ဖြစ်တတ်တယ်။ နေရာ အတော်များများမှာ ဖြစ်တယ်။ ပါးစပ်၊ နုပ်ခမ်း၊ အရေပြား၊ မျက်စိ၊ လိင်လမ်းကြောင်း တွေမှာ ဖြစ်တယ်။ Cold sores လို့လဲခေါ်တယ်။ အနာနဲ့ဖြစ်ဖြစ် အနာမဟုတ်တဲ့ နေရာဖြစ်ဖြစ်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေကူးစက်တယ်။ အနာကမီးလောင်ဖုလေးတွေ လိုနေမယ်။ ကိုယ်ပူတာ၊ နေထိုင်မကောင်းတာတွေပါ ခံစားရတတ်တယ်။ ဗိုင်းရပ်စ်ကနေဖြစ်တာမို့ နိုင်တဲ့ဆေးဆိုတာမရှိပါ။ သက်သာစေမဲ့ ဆေးတွေသာရှိတယ်။

Herpes simplex virus (HSV) အမျိုးအစား ၂ မျိုးရှိတယ်။ HSV-1 နဲ့ HSV-2 ဖြစ်ကြတယ်။

(၁) HSV-1 ဗိုင်းရပ်စ်ကနေ Herpes labialisပါးစပ်၊ နုပ်ခမ်း၊ Herpes simplex အရေပြားနဲ့ Herpes keratitis မျက်ကြည်လွှာတွေမှာ ဖြစ်စေတယ်။

(၂) HSV-2 အမျိုးအစားဟာ genital herpes လိင်လမ်းကြောင်းမှာ ဖြစ်စေတယ်။ ဒါပေမဲ့ အဲလိုအတိအကျတော့ ကံသေကမ္မ ပြောမရဘူး။ Blisters အနာပျောက်ပေမဲ့ ဗိုင်းရပ်စ်က Nerve cells (Ganglia) အာရုံကြောထဲမှာကျန်နေသေးမယ်။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်စေတယ်။ အရေပြားနဲ့အရေပြားနုလွှာထဲမှာလဲပိုးကကျန်နေနိုင်တယ်။ အကြောင်းတခုခုကြောင့် ကိုယ်ပူချိန်၊ ရာသီလာချိန်၊ စိတ်ဖိအားများချိန်၊ ကိုယ်ခံအားကျနေချိန်တွေမှာ ရောဂါပြန်ပေါ်တတ်တယ်။

– Oral Infection ပါးစပ်မှာဖြစ်တာကို ဆေးစာနဲ့ Herpetic gingivostomatitisခေါ်တယ်။

– Genital Infection လိင်လမ်းမှာဖြစ်တာ ပိုဆိုးနိုင်တယ်။ တချို့မှာ သိပ်မခံစားရဘူး။

– ဗက်တီးရီးယားပါ ထပ်ဆင့်ဝင်နိုင်တယ် အနံ့ဆိုးတဲ့အရည် ထွက်မယ်။

– ကိုယ်ခံအားနည်းနေသူတွေမှာ ဖြစ်ရင် အနာကပိုပိုကြီးလာမယ်။ ပျောက်ဘို့ ကြာတယ်။ ကိုယ်ထဲအထိရောဂါရောက်နိုင်တယ်။ အစာမြိုပြွန် နဲ့ အဆုပ်၊ အူမကြီးအထိရောက်နိုင်

တယ်။

– HSV-1 ပိုးကနေ Cornea မျက်ကြည်လွှာမှာဖြစ်ရင် မျက်စိနာမယ်။ Herpes simplex keratitis ခေါ်တယ်။ အမြင်ထိခိုက်စေမယ်။ အလင်းရောင်ကိုမကြည့်နိုင်ဘူး။ ဆေးမကုဘဲ

ထားရင် အပြင်တိမ်ဖြစ်ပြီး Corneal transplantation မျက်ကြည်လွှာလဲတာ လုပ်ရမယ်။

– HSV ပိုးကြောင့် ဦးနှောက်မှာဖြစ်ရင် Herpes encephalitis ခေါ်တယ်။ ကိုယ်ပူမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ တက်မယ်၊ သေနိုင်တယ်။

– ကိုယ်ဝန်ဆောင် မိခင်လောင်းကနေသူ့ကလေးကိုကူးစေနိုင်တယ်။ Neonatal herpes ဖြစ်စေတယ်။ မွေးလမ်းကြောင်းအနားမှာရေယုံဖြစ်နေရင် မွေးဖွါးနေတုံးမှာကူးစေတာဖြစ်တယ်။ မမွေးခင်ကလေးဆီကူးတယ်ဆိုတာအလွန်ရှားတယ်။ ဗိုင်းရပ်စ်ကိုမသေစေနိုင်ပေမဲ့ ရောဂါကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

– Antiviral Drugs ဆေးဆိုတာ မရှိသေးပါ။ ပြန်ဖြစ်နေသူတွေကိုတော့ Acyclovir, Valacyclovir,Famciclovirစားဆေးတွေက သက်သာရာရစေနိုင်တယ်။ စောစောဆေးပေးတာပိုသက်သာစေတယ်။

– Penciclovir cream လိမ်းဆေးကိုနေ့ခင်းမှာ ၂ နာရီတခါ လိမ်းသင့်တယ်။

– Docosanolဆေးပါတဲ့ Creams လိမ်းဆေးကိုတနေ့ ၅ ခါလိမ်းတာလဲသက်သာစေမယ်။ဆိုးဝါးတဲ့ Herpes encephalitis ဦးနှောက် နဲ့ မွေးစကလေးတွေအတွက် Acyclovir ဆေးကို IV သွေးပြန်ကြောထဲထိုးပေးရမယ်။

– Herpes simplex keratitis မျက်စိဖြစ်တာဆိုရင် Trifluridine eye drops မျက်စဉ်းခပ်ရမယ်။ ဆေးတွေအပြင် အနာနေရာကိုသန့်ရှင်းစေတာလုပ်ရမယ်။ နာတာအတွက် ရေခဲတင်နိုင်တယ်။

– Topical anesthetics (Tetracaine cream or Benzocaine ointment) နာတာသက်သာစေတဲထုံဆေးလဲသုံးနိုင်တယ်။ ပါးစပ်မှာ ဖြစ်တဲ့အနာနာရင် Lidocaineသုံးနိုင်တယ်။ မျိုမချရဘူး။

– Pain relievers နာတာသက်သာစေတဲ့ စားဆေးတွေလဲ သုံးနိုင်တယ်။ နောက်ထပ်မဖြစ်အောင် ရေယုံဖြစ်စေတယ်လို့ ထင်တဲ့ အလေ့အထနဲ့ အစားအသောက်ရှောင်သင့်တယ်။ နှုပ်ခမ်းအနာရှိသူနဲ့ ပါးစပ်သုံး နမ်းတာမလုပ်ရ၊ လိင်လမ်းဖြစ်သူနဲ့ လိင်ဆက်ဆံတာရှောင်ပါ။ လက်ပွန်းတတည်းမနေပါနဲ့။

 

Acyclovir

----------

 

• Acyclovir ဆေးကနေဗိုင်းရပ်စ်ကိုမသေစေပါ။ ဒါပေမဲ့တိုးပွါးလာမှာကို

တားပေးပါမယ်။ ရောဂါလက္ခဏာကိုလဲသက်သာစေမယ်။ Genital herpes လိင်လမ်းရေယုံ၊ Cold sores နှုပ်ခမ်းရေယုံ၊ Shingles ရှင်ဂဲလ် နဲ့ Chicken pox ရေကျောက်ရောဂါတွေကိုပေးတယ်။

• ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ Common cold အအေးမိတာနဲ့ Flu တုပ်ကွေးကိုတော့ မပေးပါ။

• ရောဂါလက္ခဏာတွေဖြစ်တဲ့ နာတာ၊ ပူလောင်တာ၊ ကျင်တာနဲ့ အပူဖူးပေါက်တာတွေ စဖြစ်ကတည်းကဆေးစသောက်ရမယ်။ ဆေးသောက်နေချိန်မှာလဲသူများကိုကူးစက်နိုင်တာသတိထားပါ။ အနာနေရာကိုမထိစေပါနဲ့။ မျက်စိနဲ့မထိပါစေနဲ့။ လက်ကိုမကြာခဏဆေးကြောပါ။

• ဒီဆေးကိုကိုယ်ဝန်အတွက် FDA pregnancy category B လို့သတ်မှတ်ထားလို့ အကျိုးကပိုတာဆိုရင် ပေးနိုင်တယ်။

• ဆေးကိုအစာနဲ့နီးရင်ပိုသင့်တယ်။ အစာမရှိလဲသောက်နိုင်ပါတယ်။

• အနာနေရာကိုခြောက်သွေ့နေစေပါ။ အဝတ်အစားတင်းကျပ်မနေစေပါနဲ့။

• Genital herpes လိင်လမ်းရေယုံဖြစ်နေချိန်မှာအတူမနေပါနဲ့။ (ကွန်ဒွမ်) သုံးလို့တော့ရပါတယ်။

• ဆီးနည်းလာရင် သတိထားပါ။ ရေသောက်မနည်းစေပါနဲ့။

• ဆေးသောက်နေချိန်မှာသွေးထွက်လွယ်တတ်တယ်။ အားယုတ်တာခံစားရနိုင်တယ်။ တချို့မှာပျို့-အန်တတ်တယ်။ ဝမ်းလျောနိုင်တယ်။ အစားပျက်၊ ဗိုက်အောင့်တတ်တယ်။ခေါင်းကိုက်၊ ခြေလက်ရောင်နိုင်တယ်။

Ref:

ဒေါက်တာတင့်ဆွေ

September 9, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18