Print

အဆီဖုလေးတွေကိုပျောက်အောင်ဘယ်လိုလုပ်မလဲ

  30-Oct-2016
Preview Image

မည်းမည်းစူးစူးအစိလေးတွေကိုတော့ဆားဝက်ခြံလို့ခေါ်ကြပြီး အသားရောင်ရှိသော ၊ ၀က်ခြံလိုလဲနာကျင်မှုမရှိတဲ့ အဖုသေးသေးလေးတွေကိုတော့ အဆီဖုလို့အလွယ်ခေါ်ကြပါတယ်။ သူတို့ဟာတစ်အုပ်စုတည်းပါ ။ အဆီတွေစုပြီး ချွေးပေါက်ပိတ်စို့ကာဖြစ်လာသော အဖြူရောင်၊ အသားရောင် အဖုသေးသေးလေးတွေ ကိုတော့close comedo လို့ခေါ်ပြီး ချွေးပေါက်ကိုဖွင့်ထွက်ကာ အောက်ဆီဂျင်နှင့်ထိတွေ့ပြီး ဓာတ်တိုးကာ မဲမဲလေးဖြစ်နေတဲ့ ဆားဝက်ခြံဆိုတာကိုတော့ open comedo လို့ခေါ်ပါတယ် ။ ဒီ၂မျိုးလုံးအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ရေနွေးငွေ့နဲ့ပေါင်းခံပေးပြီး မျက်နှာကို ချေးညှော်သန့်စင်ပေးခြင်းပဲဖြစ်ပါတယ် ။

ထိုနည်းအတွက် ရေနွေးကို ဇလုံတစ်ခုထဲထည့်ကာ အငွေ့အရမ်းမပူတော့အောင်စောင့်ပြီး မျက်နှာကို ဇလုံပေါ်ကပ်၍ ရေနွေးငွေ့ခံပေးပါ ။ ခေါင်းပေါ်ကို မျက်နှာသုတ်ပုဝါအုပ်ကာ ရေနွေးငွေ့တွေအပြင်ကို ထွက်မသွားအောင် လုပ်ပေးနိုင်ပါတယ် ။ ၅-၁၀မိနစ်ခန့် ချွေးလေးစို့လာအောင် ပေါင်းခံပေးပြီး နူးညံ့သောမျက်နှာသုတ်ပဝါဖြင့် ထိကာထိကာသုတ်ပေးပါ ။ ပွတ်ဆွဲပြီး ဘယ်တော့မှ မသုတ်ပါနဲ့ ။ ထိုသို့လုပ်ပြီးလျှင်အောက်ပါနည်းလမ်းများထဲမှတစ်ခုကို ပူးတွဲလုပ်ဆောင်ပေးပါ ။

၁။ သကြားနှင့် ပျားရည် scrub

သကြား၁ဆ ပျားရည်၁ဆ ရောမွှေကာ ပေါင်းခံအခြောက်သုတ်ထားသောမျက်နှာပေါ်သို့ လက်နှင့်ယူ၍ ညင်သာစွာ ပွတ်တိုက်ပေးပါ ။ ပြီးလျှင် ၃မိနစ်ခန့်ထားကာ ရေဆေးပေးပါ ။ နေ့စဉ်လုပ်ပေးနိုင်ပါတယ် ။

၂။ သံပုရာရည်လိမ်းပေးပါ

ပေါင်းခံထားသောမျက်နှာပေါ်သို့ သံပုရာအရည်ကို တိုက်ရိုက်လိမ်းပေးကာ ၁၅မိနစ်ခန့် အခြောက်ခံ၍ ရေဆေးပေးပါ ။ အိပ်ရာမဝင်ခင်ညတိုင်း လိုချင်သောအနေအထားရတဲ့အထိ လုပ်ပေးပါ ။

၃။ မုန့်ဖုတ်ဆိုဒါ

ရေ၁ဆ မုန့်ဖုတ်ဆိုဒါ၁ဆရော၍ လိုအပ်သောနေရာကိုပွတ်ပေးပါ ။ ၂မိနစ်ခန့်ထားကာရေဆေးပေးပါ ။ တစ်ပတ်၂ခါလောက်လုပ်ပေးနိုင်ပါတယ် ။ ပြီးလျှင်တော့ ဆားဝက်ခြံညှစ်ထုတ်ချင်လျှင် အသာဖယ်ယူနိုင်ပါပြီ ။ ထုတ်ရခက်သောအဖုကို အတင်းမညှစ်ပါနှင့် ယောင်းယမ်းနာကျင်တတ်ပါတယ်Cosmetics တွေဆိုလဲwater base ထုတ်ထားတဲ့ပစ္စည်းများကိုရွေးခြယ်သင့်ပါတယ် ။ မျက်နှာတစ်နေ့တစ်ခါ ပုံမှန်သန့်စင်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ညအိပ်ခါနီးတွင် မမေ့သင့်ပါ။ နေရောင်ခြည်နှင့်ထိတွေ့ပါများရင်လည်း အဆီပိုပြန်တတ်ပါတယ် ။ ဒါကြောင့်ထီးလေးဆောင်းဖို့မမေ့ပါနဲ့ ။ အဆီပြန်တတ်ရင် moisturizer ကို gel type သုံးသင့်ပါတယ် ။ ကျန်းမာသော အနေအထိုင်အလေ့အကျင့်ကောင်းများလည်းရှိဖို့လိုအပ်သလို စိတ်ဖိစီးမှုကိုလည်း နဲနိုင်သမျှနဲအောင်နေထိုင်ပါက လှပကျန်းမာသော အသားအရေကိုရရှိမှာပဲဖြစ်ပါတယ်ရှင် ။

Super_Women

Myawady Health

September 13.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18