Print

တွေးမိလို့ပါ

  23-Jul-2018
Preview Image

သွားဆရာဝန်သည် လူနာတစ်ယောက်ကို သွားနုတ်နေစဉ် စောင့်ဆိုင်းနေသော သွားနုတ်မည့် အဘွားကြီးတစ်ဦးသည် ကြောက်ရွှံ့နေသည်ကို သတိထားလိုက်မိသည်။ ထို့ကြောင့် ပထမလူနာကို သွားနုတ်အပြီးတွင် လက်အိတ်ကို ချွတ်ရင်း …

ဆရာဝန် - “အဘွား၊ ဟောဒီ ရာဘာလက်အိတ်တွေကို ဘယ်လိုလုပ်လဲသိလား”

အဘွားအို - “မသိပါဘူးဆရာ”

ဆရာဝန် - “မက္ကဆီကိုမှာပေါ့၊ လက်အိတ်ထုတ်တဲ့ စက်ရုံကြီးထဲမှာ ရာဘာအရည်တွေ ထည့်ထားတဲ့ ကန်ကြီးဘေးမှာ အလုပ်သမားတွေ ဝိုင်းပြီး ရပ်နေကြတယ်။ ပြီးတော့ သူတို့လက်တွေကို ရာဘာအရည်တွေထဲ နှစ်လိုက်တယ်။ ပြီးတော့ ပြန်ထုတ်ပြီး အခြောက်ခံကြတယ်။ ခြောက်လည်းသွားရော လက်ကနေချွတ်ပြီး လက်အိတ်တွေကို သူ့အရွယ်အစားဆိုက်အလိုက် ပက်ကင်ထုတ်လိုက်ကြတယ်“

သို့သော် အဘွားကြီးထံမှ အပြုံ့လေးတစ်ချက်မှပင် ပေါ်မလာသဖြင့် ဆရာဝန်က ငါနောက်တစ်ပုဒ်ထပ်ပြောပြီး ကြိုးစားရဦးမယ်လို့တွေးနေစဉ် အဘွားကြီးသည် အားရပါးရ ထရယ်သဖြင့် ..

ဆရာဝန် - “ဘာများသဘောကျလို့လဲ အဘွားရဲ့”

အဘွားအို - “ခုမှ ကွန်ဒုံးကို ဘယ်လိုထုတ်လုပ်သလဲဆိုတာ တွေးမိလို့ပါ”

Credit : Original Writer



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18