Print

လက်အိတ်စွပ်ပါ ....

  30-Apr-2018
Preview Image

ဆေးရုံ ရှေ့မှာ ရောင်းတဲ့ အသုပ်ဆိုင်ကိုဆေးရုံအုပ်ကြီးက သန့်ရှင်းမှု ရှိမရှိ သွားရောက် စစ်ဆေးတယ်အဲ့မှာ အသုပ် သုပ်တဲ့ အမျိုးသမီးက အသုပ်ကို နယ်တဲ့အခါ လက်အိတ် မစွပ်ပဲ နယ်တာ တွေ့တော့




" ခင်ဗျားတို့ ဒီပုံစံအတိုင်း -ရောင်းမယ် ဆိုရင် -ဒီမှာ ရောင်းချခွင့် မပြုနိုင်ဘူး "




" ဘာ ဖြစ်လို့လဲ ရှင် "




" ဘာ ဖြစ်ရမှာလဲ !- ခင်ဗျားတို့ အသုပ် နယ်တာ လက်အိတ်လည်း မစွပ်ဘူး -ဒီလိုမျိုးတာ လူနာတွေ စားမိရင် ရောဂါတွေ ပိုဆိုးတော့မှာပေါ့ -"




" အဲ့တော့ ကျမတို့ ဘာလုပ်ရမလဲရှင် "




" အသုပ် သုပ်ရင် လက်အိတ်စွပ်ပြီးမှ သုပ်ပါ -ဒါမှ 


ဒီမှာ ဆက်ရောင်းခွင့် ပြုနိုင်မယ် "




" ဟုတ်ကဲ့ပါ ဆရာ -ကျမတို့ လိုက်နာပါ့မယ် "




" ပြီးရော -"




ဒီလိုနဲ့


နောက်နေ့ကြတော့ဆေးရုံအုပ်ကြီးက သူ့စကားကို လိုက်နာမှုရှိမရှိ 


- အသုပ်ဆိုင်ကို တဖန် သွားကြည့်တော့


- အသုပ် နယ်တဲ့ အမျိုးသမီးက လက်အိတ်စွပ်ပြီး အသုပ် နယ်နေတာကို တွေ့လိုက်တယ်


ဒါ့ကြောင့်ဆေးရုံအုပ်ကြီးလည်း သဘောကျ သွားပြီး




" အေး ဒီလိုမှ ပေါ့ကွာ - ကောင်းတယ် ကောင်းတယ်"




" ဟုတ်ကဲ့ဆရာ - ကျမ ဆရာမှာတဲ့အတိုင်း လက်အိတ် စွပ်ပြီးပဲ နယ်ပါတယ် ဆရာ "




" အေးအေး - ကောင်းတယ် ကောင်းတယ်"




" ဒါနဲ့ဆရာ အသုပ် တစ်ပွဲလောက် ကျမတို့ ဧည့်ခံပါရစေ -သုံးဆောင်ပါနော် "




" အေး - မြည်းကြည့်တာပေါ့ကွာ "




ဆေးရုံအုပ်ကြီးက




ထိုင်ခုံမှာ ဝင်ထိုင်ပြီး - ဆိုင်ရှင် သုပ်ပေးတဲ့ အသုပ်ကို စားကြည့်လိုက်ပါတယ်




" အံမယ် - လက်ရာက တယ်ကောင်းပါလား ဟ"




" ကျေးဇူးပါ ဆရာ "




ထိုစဉ် ကလေးငယ် တစ်ယောက်ကရောက်လာပြီး ဆိုင်ရှင် အမျိုးသမီးကို ဒီလို ပြောလိုက်ပါတယ်




" အမေရေ -ဒီနေ့ ဆေးရုံ အမှိုက်ပုံးထဲက-လက်အိတ် ၅ ခုပဲ ရခဲ့တယ် -ရော့ --"




" တိန် "




Credit : လူရွှင်တော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18