Print

Facebook အသုံးလွန်သောအခါ

  10-Apr-2018
Preview Image

တစ်ခါက လူတစ်ယောက် Facebook အသုံးလွန်ပြီး ရှူးကြောင်ကြောင်ဖြစ်သွား၍ စိတ်ကျန်းမာရေး ဆေးရုံသို့ရောက်သွားလေသည်။ဆေးရုံရောက်သောအခါ ဆရာဝန်က လူနာလား စမ်းသပ်လို၍။


ဒေါက်တာ ။ ။ ကဲမင်းရဲ့နာမည်ပြော။


လူနာ ။ ။ အကောင့် နာမည်ပဲလေ ဆရာ။


ဒေါက်တာ ။ ။ ဟာကွာ မင်းရဲ့နာမည်ကို မေးနေတာကွ။


လူနာ ။ ။ ဆရာက like နဲ့ comment ပေးမလို့လား။


ဒေါက်တာ ။ ။ ငါကွာပြောထည့် လိုက်ရ။


လူနာ ။ ။ ပြောလေဆရာ ကျွန်တော် status တင်ပေးမှာပေ့ါ။


ဒေါက်တာ ။ ။ ဟေ့ကောင်ပေါက်ကရတွေ လျှောက်မပြောစမ်းနဲ့ မင်းအကြောင်းအစအဆုံး ငါ့ကိုပြောစမ်း။


လူနာ ။ ။ လွယ်ပါတယ်ဆရာရယ် ကျွန်တေ်ာ wall ထဲကို ဝင်ကြည့်လိုက်ပေါ့။


ဒေါက်တာ ။ ။ တော်ပြီကွာ မင်းနဲ့ စကားမပြောတော့ဘူး။


လူနာ ။ ။ ဒါဆိုလည်း Block လိုက်ပေါ့ ဆရာရယ်။


Credit : ဆေးလောကဟာသများ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18