Print

ဒေါက်တာဂွစာ (၈)

  25-Feb-2017
Preview Image

သွားဆရာဝန် ဒေါက်တာဂွ တစ်ယောက် ဆေးခန်းထဲတွင် ထိုင်နေစဉ်... ကလေးငယ် ၂ ယောက် ရောက်လို့လာလေသည်... ရှေ့မှ ခပ်သွက်သွက် ကလေးငယ်က-
"ဆရာ... သွားနှုတ်ချင်လို့ပါဗျ..."
"သြော်... အေးအေး... နှုတ်ပေးမှာပေါ့..."
"သွားနှုတ်တဲ့အခါ ထုံဆေးမပေးဘဲ တခါတည်း ပလာယာနဲ့ ဒီတိုင်းသာ ဆွဲနှုတ်လိုက်ပါ... ဆရာ..."
"ဟာ... အာဂ သတ္တိပါလားကွ... မင်းလို သတ္တိရှိတဲ့ ကလေး တစ်ခါမှ မတွေ့ဖူးသေးဘူး... ကဲ ကဲ ... မင်းပြောသလို နှုတ်ပေးမယ်... ကုတင်ပေါ်တက်..."
ထိုအခါ ထိုကလေးငယ်က ပြောလိုက်ပုံက
"ဟေ့ကောင်... လာ... သွားနှုတ်ရအောင် ကုတင်ပေါ်တက်တော့..." တဲ့... :D :D :D

Credit : ကြယ်မင်းတာရာ

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18