Print

ဒေါက်တာဂွစာ (၇)

  24-Feb-2017
Preview Image

စိတ်ရောဂါ အထူးကု ဆေးရုံတွင် ဖြစ်သည်... ဒေါက်တာ ဂွတစ်ယောက် သူ့လူနာများ၏ တိုးတက်မှု အခြေအနေကို စစ်ဆေးလျက်ရှိသည်...
ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"
ပထမလူနာ ။ ။ "၃၅၆ ပါ ဆရာ..."

ဒေါက်တာဂွ စိတ်ပျက်သွားတယ်... နောက်တစ်ယောက်ကို ထပ်မေးတယ်...
ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"
ဒုတိယလူနာ ။ ။ "တနင်္ဂနွေ ပါ ဆရာ..."

ဒီတခါ ပိုဆိုးပါလားလို့ ဒေါက်တာဂွတွေးရင်း မျှော်လင့်ချက် အပြည့်နဲ့ တတိယလူနာကို ထပ်မေးလိုက်တယ်...
ဒေါက်တာဂွ ။ ။ "၅ နဲ့ ၅ မြှောက်ရင် ဘယ်လောက်ရလဲ?"
တတိယလူနာ ။ ။ "၂၅ ပါ ဆရာ..."
ဒေါက်တာဂွ ။ ။ "ဟား... မှန်တယ်... မင်းတော်တော် တိုးတက်နေပြီပဲ... ပြောပါဦး မင်းဘယ်လို တွက်လိုက်သလဲဆိုတာ..."
တတိယလူနာ ။ ။ "လွယ်ပါတယ်... ဆရာရယ်... ဟိုကောင်ပြောတဲ့ ၃၅၆ ထဲက တနင်္ဂနွေကို နှုတ်လိုက်တာလေ..." 
Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18