Print

ပါးစပ်ထဲကအနာနဲ့ သွားတိုက်ဆေး

  19-Nov-2020
Preview Image

ပါးစပ်ထဲကအနာနဲ့ သွားတိုက်ဆေး


ပါးစပ်ထဲမှာ အနာလေးများတစ်ချို့၊ တစ်ခါတစ်ရံ ပေါက်တတ်ပြီး တချို့မှာ ခဏခဏပေါက်တတ်ပါသည်။ လွန်စွာနာပါသည်။ လည်ချောင်းနေရာမှာလည်း ရှိတတ်ပါသည်။ ပါးစပ်ထဲတွင်ရှိနေသော အမှေးပါး (Mucous Membrane) လေးကွဲသွားခြင်းဖြစ်သည်။ အနာဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို ရှာလို့မတွေ့ရှိသေးပါ။


တချို့အနာသည် အရွယ်အားဖြင့် ဝ.၁ မှ ဝ.၄ လက်မခန့် ရှိပါသည်။ အဖြစ်အများဆုံးအနာ ဖြစ်ပါသည်။ အရောင်အားဖြင့် အဝါရောင်၊ အညိုအမည်းမည်းအရောင်ရှိပါသည်။ တကယ်လို့ အနာသည်အဖြူရောင်၊ ညိုမည်းမည်းအရောင်ရှိလျှင် အနာသည် လွန်စွာနာပြီး ရောင်လာတတ်ပါသည်။ အနာဖြစ်ပွားချိန်အားဖြင့် နှစ်ပတ်ခန့်ကြာပါသည်။


ဒုတိယအမျိုးအစားအနာသည် ပထမအနာထက် ပိုကြီးပါသည်။ ပိုပြီးနာသည်။ အနာကျက်ဖို့အတွက် တစ်လလောက်အချိန်ပေးရပါသည်။ တစ်ခါတစ်ရံ အနာကျက်သွားလျှင် အနာရွတ်ကျန်ခဲ့ပါသည်။ ဤကဲ့သို့ အနာများသည် ပျိုဖော်ဝင်စဖြစ်ပြီး နောက်ပိုင်းတွင်ဖြစ်ပေါ်ပါသည်။ အနာကို လျှာ၊ နှုတ်ခမ်း၊ ပါးအတွင်းခြမ်းတွင် တွေ့ရတတ်ပါသည်။ 


ပါးစပ်ထဲ အနာအမျိုးအစားကို အသက်အရွယ်မရွေးမှာဖြစ်ပွားနိုင်ပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များပြီး ဖြစ်ပွားသည့်နေရာသည် ပါး၊ လျှာ၊ နှုတ်ခမ်း၊ အာခေါင်များတွင် တွေ့ရနိုင်ပါသည်။


စတင်ဖြစ်ပွားသည့်နေရာမှ ပူလောင်သောခံစားချက်ကို ခံစားရပြီး အနီရောင်အဖုသည်ပွင့်သွားပြီး အနာဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ 


အနာပတ်လည်တွင် အနီရောင်ရောင်ကိုင်းနေသော အစွန်းနှင့် ဝန်းရံပြီးပုံစံမှာ ဘဲဥပုံရှိပါသည်။ တစ်ခါတစ်ရံ အဝိုင်းပုံစံရှိပါသည်။ အနာကိုယ်တိုင်က ရောင်ရမ်းပြီးနာခြင်းကို လွန်စွာခံစားရသည်။ အကျိတ်များများထွက်ပေါ်လာသည်။ တစ်ခါတစ်ရံ အဖျားပါဆက်နွယ်လာပါသည်။ စပ်သောအစားအစာကို လုံးဝသည်းမခံနိုင်ပါ။


ဖြစ်ပွားပုံ


ဖြစ်ပွားနှုန်းသည်များသည် ဆိုသော်လည်း ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းမသိရှိရပါ။ ၁၃ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းမှာ အနာကို ခံစားဖူးကြသည်။ ဖြစ်ပွားရသည့်အရင်းအမြစ် မသိရသော်လည်း ချဉ်သောအစာ၊ ထိခိုက်မိခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးမဝခြင်း၊ ရုတ်တရက် အလေးချိန်လျော့ကျလာခြင်း၊ အစားအသောက်မတည့်ခြင်း၊ ကိုယ်ခံအားကျလာခြင်း၊ ဗီတာမင် B12 နည်းပါးခြင်းနှင့်အတူ သံဓာတ်၊ ဖောလစ်အက်ဆစ်နည်းလာခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။


နောက်ပိုင်းတွေ့ရှိချက်အရ သွားတိုက်ဆေးတို့ပေးခြင်းသည် အနာကို သက်သာစေပါသည်။ သို့သော် သွားတိုက်ဆေးတွင် SLS (Sodium Lauyl Salfate) ဆိုဒီယမ်လော်ရီဆာလဖိတ် ပါရပါမည်။ SLS သည် ပါးစပ်ထဲကအနာက သက်သာရာရစေသည်ဟု ဆိုပါသည်။ တစ်ချို့လေ့လာချက်အရ SLS သည် ပါးစပ်ထဲကအနာနဲ့ လုံးဝမအပ်စပ်ပါဘူးဟု ဆိုပြန်ပါသည်။


ကြိုတင်ကာကွယ်ခြင်း


ခဏခဏ အနာဖြစ်တတ်သူအတွက် အရက်မပါသော ပါးစပ်ပလုတ်ကျင်းဆေးရည်သည် အနာဖြစ်ပွားနှုန်းကို နည်းစေနိုင်ပါသည်။ အနာကိုလည်း နာခြင်းမှ သက်သာစေနိုင်သည်။ သွားညှိကိရိယာတပ်ဆင်ထားလျှင်လည်း ကိရိယာပေါ်တွင် ဖယောင်းပြားတင်ထားခြင်းဖြင့် သက်သာရာရစေပါသည်။


အာဟာရဓာတ်


ဇင့်ဓာတ်နည်းနေသူများသည် ပါးစပ်ထဲကအနာနှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရှိရပါသည်။

ကုသမှု 

ပါးစပ်ထဲ၌ အနာဖြစ်ပေါ်လာပြီဆိုလျှင် အကိုက်အခဲပျောက်ဆေး၊ ထုံဆေးသုတ်လိမ်းခြင်း၊ ပိုးသတ်ဆေး၊ ပလုတ်ကျင်းခြင်း၊ အရောင်ကျဆေးစားခြင်းတို့ဖြင့် အနာသက်သာခြင်းနှင့်အတူ ပျောက်ကင်းနိုင်ပါသည်။

ဒုတိယအကြံပေးချက်သည်ကား ပူစပ်သောအစားအစာများကို ရှောင်ခြင်း၊ ဆားရေနွေးနှင့် ပလုတ်ကျင်းခြင်း၊ ခံတွင်းမသန့်စင်ခြင်း၊ မသက်ဆိုင်သောထုံဆေးကို သုံးခြင်းတို့ကို ရှောင်ရပါမည်။

ဇင့်နှင့်ဗီတာမင်ဘီ 12 (Vitamin B12) ပါသောဆေးများကို စားပေးခြင်းသည် ပါးစပ်ထဲကအနာကို လျှော့ပါးစေပါသည်။ မည်သို့ပင်အနာဖြစ်စေ၊ မသိနားမလည်သော အနာဖြစ်နေလျှင် အနာသည် အချိန်ကြာမြင့်စွာတည်ရှိနေလျှင် သွားဆရာဝန်ဆီသို့ ပြသခြင်း၊ စစ်ဆေးခြင်းဖြင့် ခံစားဖြစ်ပေါ်နေသော အနာကို ဆက်လက်ကုသပေးပါရန် အကြံပေးအပ်ပါသည်။


Credit : ဒေါက်တာ မိုလာ




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18