Print

ခါးကို ကြင်နာပါ

  13-Apr-2020
Preview Image

          လူတော်တော်များများခါးနာဝေဒနာကို လူကြီးများတွင်သာမက လူငယ်၊ လူလတ်တွေပါ ခံစားရပါတယ်။ ထို့ကြောင့် ခါးနာဝေဒနာကို မပေါ့ဆသင့်ပါ။


ဘာကြောင့်ခါးနာရတာလဲ

(၁) မတော်တဆချော်လဲခြင်း၊ ပြုတ်ကျခြင်း

(၂) အလေးအပင်မခြင်း၊ တွန်းခြင်း၊ ဆွဲယူခြင်း

(၃) ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း

(၄) ထိုင်နေစဉ်၊ အိပ်နေစဉ်မှာ ကိုယ်အနေအထားမှားယွင်းခြင်း

(၅) လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်း

(၆) အချိန်ကြာကြာမတ်တပ်ရပ်ခြင်း၊ ခါးကုန်းခြင်း၊ ထိုင်ခြင်း

(၇) ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ ပျော့လွန်းတဲ့မွေ့ရာ၊ မာလွန်းတဲ့မွေ့ရာမှာ အိပ်ခြင်း

(၈) ခါးနာစတဲ့ အခြေခံ ရောဂါတွေဖြစ်တဲ့



ဥပမာ


- အရိုးပွခြင်း

- အဆစ်အမြစ်ရောင်ခြင်း

- ခါးကျီးပေါင်း

- ခါးဆစ်လွဲ / ခါးဆစ်ရိုးကျွံ

- ကျောက်ကပ်ရောဂါ

- သားဥအိမ်နှင့် သားအိမ်ရောဂါမျိုး

- ကင်ဆာရောဂါများ ရှိခြင်း


ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ

          ခါးနာတာကို ပေါ့ဆပြီး မနေသင့်ပါ။ ခါးနာတာ ရက်ကြာလာလျှင်၊ အနားယူသော်လည်း မသက်သာလျှင်၊ ခြေထောက်၊ ခြေဖဝါးပါထုံကျင်လာလျှင်၊ ခြေထောက်အားနည်းလာလျှင် ကိုယ့်နေ့စဉ် လှုပ်ရှားမှုများကို ထိခိုက်လာပြီဆိုလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

          အခြေခံရောဂါရှိနေလျှင်လည်း ကုသမှုကို သေချာခံယူသင့်သလို ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေ့တိုင်း ပြုမူသင့်ပါသည်။


ကာကွယ်ခြင်း

          ခါးနာခြင်းမဖြစ်အောင် ပစ္စည်းသယ်တာ၊ ရေခပ်တာ၊ သွားလာလှုပ်ရှားတာကအစ ဂရုစိုက်ဖို့ လိုပါတယ်။ အလေးအပင်မလျှင် သတိထားပြီး မတင်ပါ။ ကာယလုပ်သားများအနေဖြင့်လည်း ကိုယ့်ခါးကို ဂရုစိုက်ပါ။ ကြာကြာထိုင်ခြင်းကို သတိထားဆင်ခြင်ပါ။ ကိုယ့်အလေးချိန်လျှော့ပါ။


အိမ်တွင်းကုသမှု

        ခါးနာတာ သက်သာအောင် အကိုက်အခဲ ပျောက်ဆေးကို အစာစားပြီးမှ သောက်ပါ။ ကိုက်ခဲနာကျင် သက်သာစေသော လိမ်းဆေးလိမ်းပါ။ ခါးနာသော နေရာကို ရေနွေးအိတ်ကပ်ပါ။ ခါးနာသက်သာအောင် နင်း၊ နှိပ်ပြုလုပ်ခြင်းကို မလုပ်မိအောင် သတိပြုဆင်ခြင်ပါ။


Credit : ဒေါက်တာ ကျော်စွာဦး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18