Print

ဘာလို့အမြင်တွေရုတ်တရတ် ေ၀ဝါးသွားရတာလဲ ?

  30-Mar-2020
Preview Image


အမြင်အာရုံ ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အာရုံတွေထဲမှာအရေးကြီးတဲ့အာရုံတစ်မျိုးပါ။ အမြင်အာရုံကောင်းဖို ့ ကလည်း လူတိုင်းအတွက်အရေးကြီးလှပါတယ်။ ဒါ့ကြောင့် ဘယ်လိုအကြောင်းအချက်တွေက အမြင်အာရုံ ရုတ်တရတ် ေ၀ဝါးစေသလဲဆိုတာ ဒီဆောင်းပါးမှာ ဆက်ပြီးဖော်ပြပေးသွားမှာပါ။

 

1.    အဝလွန်ခြင်း

ကိုယ်ခန္ဓာအလေးချိန်ပြောင်းလဲမှု အထူးသဖြင့် ကိုယ်အလေးချိန်တိုးလာတာ တနည်းအားဖြင့် အဝလွန်ခြင်းဟာ အမြင်အာရုံပြောင်းလဲမှုကိုဖြစ်စေနိုင်တာကိုတွေ ့ရပါတယ်။ အဝလွန်လာလေလေ  အမြင်အာရုံတွေ ေ၀ဝါးလာလေလေဖြစ်လာတာပါ။ အဲ့ဒါကြောင့် မိမိကိုယ်အလေးချိန်ကို ပုံမှန်ကိုယ်အလေးချိန်ဖြစ်အောင် ထိန်းပေးထားဖို ့လိုအပ်ပါတယ်။

 

2.    ခေါင်းတစ်ခြမ်းကိုက်ရောဂါ ( Migraine )

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကို ပြင်းပြင်းထန်ထန်နဲ့နှစ်ရှည်လများခံစားလာရတဲ့အခါ အမြင်အာရုံ ေ၀ဝါးလာတာတွေ ၊ အမြင်နှစ်ထပ်မြင်တာတွေ၊ အလင်းတန်းတွေမြင်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ တစ်ခါတစ်လေ အလွန်ပြင်းထန်လာတဲ့အခါ အမြင်အာရုံဆုံးရှုံးရတာထိတောင် ဖြစ်တတ်ပါတယ်။

 

3.    စိတ်ဓါတ်ကျရောဂါခံစားနေရခြင်း

ပုံမှန်မဟုတ်တဲ ့စိတ်အခြေအနေအထူးသဖြင့် စိတ်ဓါတ်ကျနေတဲ့အချိန် စိတ်ပူပန်နေတဲ့အချိန်မှာ မျက်လုံးအမြင်အာရုံတွေလည်းကြည့်ရတာအဆင်မပြေတာ ေ၀ဝါးတာမျိုး ဖြစ်တာဟာ ဆက်စပ်မှုရှိတယ် လို့သုတေသနေတွေအရ တွေ့ရှိရပါတယ်။ နာတာရှည်စိတ်ရောဂါ ဝေဒနာသည်တွေမှာ ဆိုရင် အမြင်အာရုံသိသိသာသာ ချို့ယွင်းလာတာကိုတွေ့ရပါတယ်။

 

4.    အတက်ရောဂါ

အတက်ရောဂါ ရဲ့ရောဂါလက္ခဏာတွေမှာလည်း ရုတ်တရတ်အမြင်ဝါးတာ နှစ်ထပ်မြင်တာမျိုး ပါတတ်ပါတယ်။ အဲ့ဒါကြောင့် မိမိမှာ အတက်ရောဂါခံစားနေရပြီလားလို့သံသယဝင်လာပြီ ဆိုလျှင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီးဆေးကုသမှုခံယူသင့်ပါတယ်။

 

5.    လေဖြတ်ခြင်း

သင့်မှာရုတ်တရတ်အမြင်တွေဝါးလာမယ်၊ နှစ်ထပ်တွေမြင်လာမယ်၊ လျှာလေးအာလေးဖြစ်လာမယ်၊ ဟန်ချက်ညီအောင်မထိန်းနိုင်တော့ဘူး၊ မျက်နှာတစ်ခြမ်းရွဲ ့လာမယ်၊ ကိုယ်တစ်ခြမ်းလှုပ်လို့ မရတော့ဘူးဆိုရင် လေဖြတ်တာလားလို့သံသယဝင်ပြီး နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးကုသမှုခံယူရပါမယ်။

 

6.    သွေးပေါင်ရုတ်တရက်တက်ခြင်းနှင့် သွေးပေါင်ရုတ်တရက်ကျခြင်း

ကိုယ်ဝန်ဆောင်သွေးတိုးရောဂါမှာ သွေးတိုးပြီးကိုယ်ဝန်ဆိပ်တက်တဲ့အခါ ရုတ်တရက် အမြင်ဝါးတာ၊ နှစ်ထပ်မြင်တာ၊ ခေါင်းမူးတာ၊ ရင်ခေါင်းအောင့်တာ၊ တက်တာတို့ဖြစ်တတ်ပါတယ်။ သွေးပေါင်ရုတ်တရက်ကျသွားတဲ့အခါမှာလည်း ခေါင်းမူးပြီး အမြင်အာရုံဝါးတာမျိုးဖြစ်တတ်ပါတယ်။

 

7.    သွေးချိုဆီးချိုရောဂါ

သွေးချိုဆီးချိုရောဂါ ရဲ့နောက်ဆက်တွဲလက္ခဏာတစ်ခုအနေနဲ့Diabetic retinopathy လို့ခေါ်တဲ့မျက်လုံးအာရုံထိခိုက်ခြင်း ကတစ်ခုပါဝင်ပါတယ်။

 

8.    သိုင်းရွိုက်ဟော်မုန်းများခြင်း

 

9.    ပါကင်ဆိုနင်ဇင် ရောဂါ

 

10.  ဦးနှောက်အကျိတ်တည်ခြင်း

       ဖော်ပြပါအကြောင်းအရာတွေ ကတော့ ရုတ်တရက်အမြင်ေ၀ဝါးခြင်းကိုဖြစ်စေနိုင်တဲ ့ အကြောင်းအချက်များဖြစ်ပါတယ်။ မိမိရဲ့အမြင်အာရုံ ကောင်းမွန်စေဖို့ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံဖြစ်အောင်နေထိုင်ကြပါလို့အကြံပြုလိုက်ရပါတယ်။

 

Dr.Khaing

Ref; Brightside.com

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18