Print

အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါများနှင့် ဓာတ်စာ

  25-Feb-2017
Preview Image

အိုင်ဘီအက်စ် (I.B.S) ခေါ် အစာအိမ်နာအူလမ်းကြောင်းရောဂါများမှာ
နာတာရှည် ဖြစ်တတ်ပြီးစိတ်ရှည်ရှည် အချိန်ယူပြီးကုသရသည်။

အဖြစ်များသောရောဂါ လက္ခဏာများ
----------------------------------------

ဗိုက်တင်းခြင်း၊ ဗိုက်ကယ်ခြင်း၊ လေချဉ်တက်ခြင်း၊ လေမလည်ခြင်း၊ အစာများပြီးမနေနိုင်အောင် ဗိုက် အောင့်ခြင်း၊ အစာစားပြီးပါကရောဂါ ပိုဆိုးလာခြင်း၊ ဗိုက် အလွန်နာခြင်း၊ ရင်ညွန့် အောင့်ခြင်းတို့ ဖြစ်တတ်သည်။

အခြားအသွင်များ
-------------------

ဝမ်းအမာသွားခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်း ချုပ်ခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက် ဖြစ်ခြင်း၊ ဝမ်းသွားလျှင် ချွဲပါခြင်း၊ ဝမ်းသွားအားမရခြင်း၊ တချို့မှာအစာရေမျိုအောက်ပိုင်း ကြွက်သား
ညှစ်အားမူမမှန်ခြင်း၊ ရင်ပူခြင်း၊ လေတက်ခြင်း၊ အစာမကြေခြင်း၊ ရင်ညွန့်တစ်ဝိုက် နာခြင်းတို့ ဖြစ်တတ်သည်။

ရောဂါ ဖြစ်ရခြင်းများ
----------------------

အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ခြင်း၊ အူလမ်းကြောင်း ကြွက်သားမကြာ
ခဏညှစ်ရခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အူမကြီးကင်ဆာ၊ အူလမ်းကြောင်းဆိုင်ရာ
လက္ခဏာများပါဝင်သည်။

ရောဂါ ပိုဆိုးစေခြင်း
---------------------

အစာအိမ်နှင့် အူလမ်းကြောင်းတစ်လျှောက်တွင် ပိုးကြောင့် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်ပြီးပိုးသတ် ဆေးစားခြင်း၊ ဗိုက် ခွဲစိတ်ခြင်း၊ စိတ်သောက ဖြစ်ခြင်း၊ စိတ်ကျ၊ စိတ်ထိခိုက်လျက် ရှိခြင်း၊ မတည့်သောအစားအစာကိုစားခြင်း၊ အိမ်ထောင်ရေး
အဆင်မပြေခြင်း၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေခြင်းတို့ကြောင့် ရောဂါ ပိုဆိုးစေသည်။ အမျိုးသမီးများမှာပို၍ အဖြစ်များသည်။

ရောဂါ စစ်ဆေးခြင်း
-----------------------

အထူးစစ်ဆေးရန် မလိုပါ။ (အသက် လေးဆယ် မကျော်သူမှာသွေးဖောက် (CP, ESR) လုပ်ခြင်း) အစာအိမ် အူလမ်းကြောင်းဓာတ်မှန် ရိုက်ခြင်း၊ မှန်ပြောင်း ကြည့်ခြင်း
တို့ဖြင့် ရောဂါကိုစစ်ဆေး နိုင်သည်။

အရေးကြီးသောလက္ခဏာများ
--------------------------------

သွေးအန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ သိသိသာသာပိန်ခြင်း၊ ဗိုက်တွင် အလုံးပေါ်ခြင်း၊ ဝမ်းအရိအရွဲသွားခြင်း၊ ည အိပ်မပျော်ခင် ဗိုက်နာခြင်းနှင့် အဖျားရှိခြင်း
တို့သည် အရေးကြီးသောလက္ခဏာများ ဖြစ်သည်။

ဓာတ်စာ
---------

လူနာထက်ဝက်ခန့်မှာဆေး၊ အစားအသောက် ကိုက်ညီပံ့ပိုးမှုဖြင့် ရောဂါ သက်သာစေပါသည်။ နေ့စဉ် နာရီဝက် ကျန်းမာရေးအတွက် (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်သည်။ အစားမရှောင်သောလူနာ၏ သုံးပုံတစ်ပုံသည် သက်သာမှု မရှိဘဲခွဲစိတ် ကုသမှု ခံယူကြရသည်။

အသိပညာပေးခြင်း
---------------------
ကင်ဆာကဲ့သို့ ဆိုးဝါးသောရောဂါ မဟုတ်ပါ။ အမြဲတမ်းပုံမှန် ဆေးသောက်ခြင်းနှင့်
သေချာတိကျတဲ့ ကုသမှု ခံယူရမည်။

ကုသနည်း
------------
ကျန်းမာရေးနှင့်ညီညွတ်သောအစာစားရမည်ဗိုက်အောင့်ပျောက်ဒိုင်ဂျင်း၊ဂျဲလမက်သောက်သင့်သည်။

Ref:မြဝတီ 
Monday, September 29, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18