Print

ခါးနာခြင်း

  25-Feb-2017
Preview Image

လူတစ်ယောက်သွားလာ လှုပ်ရှားနိုင်ရန် ဟန်ချက်ညီညာ ထိန်းထားသော အဓိကတာဝန်ကို လုပ်ဆောင်ပေးသော ခါးအတွက် ခါးဝေဒနာ တစ်ခု မဖြစ်ပေါ်စေရန် အရေးပါသော အချက်ပင်ဖြစ်ပါသည်။ တစ်နေ ့တာအတွက် တစ်ပတ်တာအတွက်
အထိုင်များခြင်း ၊ လုပ်ငန်းဆောင်တာများ များပြားခြင်းကြောင့် အနှိပ်ခံခြင်းကို လုပ်ဆောင်ကြပါသည် ။ တစ်ချို ့ဆိုလျှင် အနှိပ်ခံရန် အနှိပ်ခန်း (ဇိမ်ခံရန်အတွက် )
တစ်ခုကို သွားလာခြင်းသည်အတွက် လူနေမှု ့ပုံစံတစ်ခု အနေဖြင့် သွားလာနေရခြင်းကို အရသာတစ်ခု အနေဖြင့် ခံယူနေကြပါသည် ။ နှိပ်နယ်ခြင်းကြောင့် နောက်ဆက်တွဲ
ဆိုးကျိုးများဖြစ်ပေါ်လာမည်ကိုပင် သတိပင်မရ နတ်စည်းစိမ်အလား aအာက်မေ့လာကြ
သည့်အခါ ကြိမ်ဖန်များလာတော့ ကြွက်သားတွေနာ အရိုးအဆစ်တွေနာ ရောဂါဝေဒနာ
aတွ ပြလာကြတော့မှ ဝေဒနာ တစ်ဖက် ဆေးတွေ နဲ ့ ဖက်ရသည့်လူအများအပြား
ရှိကြပါသည် ။ သည်လို အဆိုးဆုံးကတော့ ခါးနာဝေဒနာစွဲကပ် ဖြစ်ပေါ်လာခြင်းပင် ဖြစ်ပါသည် ။ လူအသက် လေးဆယ်ကျော်လျှင် အနင်းခံ အနှိပ်ခံခြင်းကြောင့် ခါးနာတက်သည်ကို သတိပြု စေချင်ပါသည် ။လူအများအပြားသည် ထိုင်နေပေမဲ့ ခါးကို
တည့်မတ်သည့်ပုံစံအဖြင့် မရှိကြပါဘူး ဆိုဖာအပေါ်ကြာကြာထိုင်မိလျှင် ပိုမိုဂရုစိုက်ရန်
လိုအပ်ပါသည် ။ ခါးဆစ်ရိုးအနေအထားကို တည့်မတ်ခြင်းမရှိသည့်အတွက် ကြာကြာ
ထိုင်လာလျှင် ခါးနာခြင်းဖြစ်ပေါ်လာမည်ကို အထူးသတိထားပြီး တည့်မတ်စွာထိုင်ရန်
အရေးကြီးပါသည် ။

ခါးနာဝေဒနာအမျိုးမျိုးတွင် ထိခိုက်ဒဏ်ရာကြောင့် ခါးနာခြင်း ၊ ခါးရိုးဆစ် တီဘီရောဂါကြောင့် ခါးနာခြင်း ၊ ကိုယ်တွင်ကလီစာတစ်ခုဖြစ်သော ကျောက်ကပ်
လုပ်ဆောင်ချက်အားနည်းရောဂါကြောင့် ခါးနာခြင်း ၊ အသက်အရွယ်ကြောင့် ခါးနာခြင်း ၊ အထိုင်များသာအလုပ်များနေ ့စဉ်လုပ်ဆောင်ပြီး ကို်ယ်လက်လေ့ကျင့်ခန်းနည်းပါးခြင်း
ကြောင့် ခါးနာခြင်း ၊ အနင်းအနှိပ်ကြောင့် ခါးဆစ်အရိုးများ အကြောများညှပ်ခြင်းကြောင့် ခါးနာခြင်း ပင်ဖြစ်ပါသည် ။ အလေးပင်ကိုပင်မဆိုထားဘဲ သာမန်ခါးကုန်ပြီး ပုံမှန်အလေးချိန်မများသောပစ္စည်းတစ်ခုကို မယူလိုက်သည့်အခါတွင် ခါးအနေအထား မမှန်သဖြင့် ခါးနာခြင်း ခါးစောင်းသွားခြင်း နှင့် ပြန်လည်မတ်တပ်ရပ်ဖို ့ပင် မလွယ်ကူဘဲ ခါးနာဝေဒနာတစ်ခုအဖြင့်ရောက်ရှိသွားတက်ပါသည် ။ ခါးနာဝေဒနာမဖြစ်ပေါ်စေရန်
အတွက် မနိုင်သောအလေးဝန်ပစ္စည်းများကို မယူခြင်း ၊ ညောင်ညာအနိပ်ခံတက်သူများ ခါးနောက်ကျောပေါ်တွင် နှိပ်ခြင်း ခါးချိုးခြင်းလုပ်ဆောင်ခြင်း ၊ အထိုင်များပြီးလမ်းလျှောက်
မှု ့မပြု ့လုပ်ခြင်း ၊ အိစက်ပျော့သော အိပ်ယာများပေါ်တွင် အိပ်စက်မှု များပြား
ခဲ့ခြင်းများကို အထူးသတိထား ရှောင်ရှားလုပ်ဆောင်သတိပြု သင့်ကြောင့်ရေးသား
လိုက်ရပါသည် ။ အသက်ရာကျော် ရှည်ပါစေ

Ref:Mg Mandalay
Friday, January 30, 2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18