Print

ဆီးပူ၊ဆီးအောင့်ခြင်းအတွက် သဘာဝဆေးနည်းများ

  25-Feb-2017
Preview Image

ယောကျာ်းမှားဆီး မိန်းမမှာမီး ဆိုတဲ့စကားအတိုင်း အမျိုးသမီးများအတွက် မီးဖွားချိန်ဟာ အရေးအကြီးဆုံးဖြစ်နေလို အမျိုးသားများအတွက်လည်း ဆီးရောဂါဟာ အလွန်အရေးကြီးတဲ့ ရောဂါတစ်ခု ဖြစ်နေပါတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်
ဆီးပူ၊ ဆီးအောင်၊ ဆီးနာ၍ ဆီးသွားလျှင် နာကျင်ခံစားနေရပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားပြရန် အခက်အခဲရှိသူများ အောက်ပါ ရိုးရာသဘာဝဆေးနည်းများဖြင့်
ကုသနိုင်ကြပါတယ်။

ဆေးပြုလုပ်နည်း
-----------------

(၁) ကြက်သွန်နီ အနေတော် (၁)လုံးကို ကြိတ်၍ဖြစ်စေ၊ ထုထောင်း၍ဖြစ်စေ အရည်ရအောင် ညစ်ယူပါ။

(၂) လက်ဖက်ရည်ပန်းကန် တစ်လုံးစားခန့် ရေထည့်၍ အရည်ဖျော်လိုက်ပါ။

(၃) ကြက်သွန်ဖတ်များကို ဆယ်ထုတ်၍ အရည်ကို သကြားအနည်းငယ်ခန့်
(ချို၍ သောက်နိုင်ရုံ ) ရော၍ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးပါ။

နောက်တစ်နည်း
------------------

ရှားစောင်လက်ပပ်အတွင်းသား(ဂျယ်လီလိုပုံစံ)ကို ဇွန်းနဲ့ ခြစ်ယူပြီး ဆန်ဆေးရည်
နှင့် ၅ နာရီခန့် စိမ်ထားပြီး သကြားထည့်၍ လက်ဖက်ရည်ပန်းကန်လုံးခန့် မနက်၊ ညတစ်ကြိမ်စီ သောက်ပေးပါ။

နောက်တစ်နည်း
-----------------

ကန်းစွန်းရိုးနီရွက်နုနု လက်တစ်ဆုပ်ခန့်၊ မန်ကျီးသီးမှည့် အနည်းငယ်၊ ထန်လျက်ခဲ၊ ဆားတို့ဖြင့် သင်တော်သလိုချိန်ထည့်၍ ကျိုပြီး လက်ဖက်ရည်ပန်းကန်လုံးခန့် တစ်နေ့ ၂ ကြိမ် သောက်ပေးပါ။

ဆီးပူ၊ဆီးအောင့်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။

Ref:
စောနွဲ ့နေဆိုင်(ပူတာအို)
ကိုးကား - မြန်မာ့ရိုးရာဆေးကျမ်းများ
Saw Noi Nay Saing - Putao
PRAEL
Myawady Health
September 10 •2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18