Print

မူးယစ်ဆေးဝါး သုံးစွဲခြင်း

  25-Jan-2020
Preview Image

ကမ္ဘာတစ်ဝှမ်း လူအများသည် . . .

၁။ သူတို့၏ ဘဝ တစ်ချိန်ချိန်တွင် စမ်းသပ်ရန်အတွက်လည်းကောင်း . . .

၂။ နာကျင်မှု သက်သာစေရန် အတွက်လည်းကောင်း . . .

၃။ သောကများကို လျော့ချစေရန်လည်းကောင်း

၄။ ပျော်ရွှင် နှစ်လိုဖွယ်ကောင်းသည့် ခံစားမှုကို ရရှိစေရန်လည်းကောင်း . . .

၅။ ဘာသာရေး ဓလေ့ထုံးစံ ကျင့်သုံးရန်အတွက်လည်းကောင်း

၆။ ဘိန်းကို မူရင်းအခြေအနေအတိုင်း (သို့မဟုတ်) မော်ဖင်း (သို့မဟုတ်) ဓာတုပစ္စည်းဖြင့် ဖော်စပ်၍ နာကျင်ခြင်းနှင့် ဖျားနာခြင်းကို သက်သာစေရန် ကမ္ဘာတစ်ဝှမ်း ဆေးရုံများ၌ သုံးစွဲကြပါသည်။


          ရှေးဟောင်းသုတေသန တူးဖော်မှု၏ အထောက်အထားများသည် လွန်ခဲ့သော ဘီစီ ၆၀၀၀ ခန့်ကတည်းက ဆေးခြောက် စိုက်ပျိုးခဲ့ကြောင်း ညွှန်ပြခဲ့ပါသည်။

          မူးယစ်ဆေး သုံးစွဲခြင်း၏ ရှုပ်ထွေးလှသည့် အခြေအနေပေးမှုများတွင် မူးယစ်ဆေးသုံးစွဲနေသူ အများအပြားတို့၏ ပြောင်းလဲရန်နှင့် ပြောင်းလဲပြီးသည့်အတိုင်း နေနိုင်ရန်အတွက် တွေ့ကြုံရသော အလွန်တရာခက်ခဲမှု၊ ကုသပေးသူ ဆရာဝန်များနှင့် အခြားသောသူများ၏ သူတို့အား ကူညီရန် ရှာဖွေရာတွင် တွေ့ကြုံရသော အခက်အခဲ၊ မူးယစ်ဆေးသုံးစွဲမှု ပုံစံကို ဖြစ်ပေါ်စေသော ဇီဝ၊ စိတ်နှင့်လူမှုရေး (ဘိုင်အို၊ ဆိုက်ကို၊ ဆိုရှယ်) အပိုင်းကဏ္ဍများ၏ အပြန်အလှန်ကြောင်းကျိုး ဖြစ်ပေါ်နေမှုကို အကန့်အသတ်နှင့်သာ နားလည်ထားခြင်းများက အန္တရာယ်လျော့ချရေးသည် အဓိပ္ပာယ်ရှိ၍ လူမှုရေးအရ တာဝန်ရှိသော မူဝါဒအဖြစ် ရွေးချယ်နိုင်မှု တွေ့မြင်နိုင်ပေသည်။


          မူးယစ်ဆေးဝါး အများအပြားသည် သုံးစွဲသူတွင် ပြင်းထန်သော သုံးစွဲမှုအကျင့်ကို ဖန်တီးရန်အစွမ်းရှိသည်။ ဆက်လက်သုံးစွဲမှုကို ရှောင်ကြဉ်ရန် အခက်အခဲဖြစ်စေသည်။ မူးယစ်ဆေး၏ စွမ်းအားနှင့် စွဲစေတတ်သော သတ္တိတို့သည် ဥပဒေအရရော အချို့တွင် ခွင့်ပြုထားသောအရက်နှင့် ဆေးလိပ်တို့တွင် ထင်ရှားပေါ်လွင်နေပါသည်။

  

        မူးယစ်ဆေးအုပ်စုတစ်စုစီတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးသက်ရောက်မှုနှင့် မှီခိုမှုကို ဖြစ်ပေါ်စေပါသည်။ မူးယစ်ဆေးဝါးကို အဖန်တလဲလဲ သုံးစွဲလိုမှုသည် ဘိန်း၊ စိတ်ငြိမ်ဆေး၊ စိတ်ကျဆေး (သို့မဟုတ်) နီကိုဒင်းဖြစ်စေ ထိုဆေးဝါးများကို သုံးစွဲနေကြသူတို့တွင် တွေ့မြင်ရသည့် တူညီသော အကြောင်းအချက်တစ်ရပ်ဖြစ်ပါသည်။


ဘိန်းအုပ်စုဝင်များ (Opiales/ Opioids)

          ဘိန်းသည် “ပေါ်ပီပင်” ၏ မမှည့်သော အသီးမှရသည့် အစေးတစ်မျိုးဖြစ်သည်။ ၎င်းတို့တွင် “မော်ဖင်း” အခြားသော သီးသန့်စစ်ထုတ်ယူနိုင်သော “ကိုဒင်း” ကဲ့သို့သော စိတ်ထိန်းဆေးများပါဝင်သည်။ “မော်ဖင်း” ရိုးစင်းသော ဓာတုဗေဒနည်းဖြင့် “ဟီးရိုးအင်း”  အဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲနိုင်ပါသည်။

“မက်သာဒုန်း” နှင့် “ ပက်သဒင်း” ကဲ့သို့သော လုံးဝဓာတုဗေဒနည်းဖြင့် ထုတ်လုပ်သော ဘိန်းအုပ်စုဝင် မူးယစ်ဆေးဝါးများလည်း အများအပြား ရှိပါသည်။

          အားလုံးသော မူးယစ်ဆေးဝါးများတို့တွင် ရှိသည့် အလားတူညီသည့် စွမ်းရည်တို့မှာ -

(က) နာကျင်မှုကို သက်သာစေသည်။

(ခ) နှစ်လိုဖွယ် စိတ်လွတ်လပ်မှုနှင့် အိပ်မက်သဖွယ် စိတ်ပေါ့ပါးပျော်ရွင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

(ဂ) မူးယစ်ဆေးဝါးကို ဖြတ်လိုက်သည့်အခါ ပြင်းပြသည့် ဝေဒနာခံစားမှုကို ဖြစ်စေတတ်သော ဆေးပြတ်လက္ခဏာများ (ယင်း လက္ခဏာ) ဖြစ်ပေါ်စေသည့် ရုပ်ခန္ဓာစွဲလမ်းမှုကို ရရှိစေသည်။


စိတ်ကျဆေးများ

          စိတ်ကျဆေးများတွင် အရက်၊ ဘာဘီကျူရိတ်နှင့် ဓာတုဆေးနည်းဖြင့် ဖော်စပ်ထားသည့် စိတ်ငြိမ်ဆေးနှင့် အိပ်ဆေးပြားများ ပါဝင်သည်။ ထိုဆေးများသည် အိပ်ချင်မှုကို ဖြစ်ပေါ်စေ၍ စိတ်ငြိမ်စေခြင်း (သို့မဟုတ်) နှစ်လိုဖွယ်သောကိုယ်၊ စိတ်တင်းမာမှု လျော့ပါးခြင်းကို ရရှိစေပါသည်။ ထိုဆေးများသည် ပြင်းထန်သော ဆေးပြတ်လပ်သော လက္ခဏာများကို ဖြစ်စေနိုင်သည်။


စိတ်ကြွဆေးများ

          စိတ်ကြွဆေးတို့တွင် “ကိုကာရွက်” ၏ စိတ်လှုပ်ရှားမှုကို ဖြစ်စေသည့် ကိုကင်းပါဝင်သည်။ ကိုကင်းသည် ဝမ်းမြောက်ပျော်ရွင်မှုဖြစ်စေပြီး ပင်ပန်းမှုနှင့် အာဟာရမွတ်သိပ်မှုတို့ကို လျော့နည်းစေပါသည်။ ဓာတုဗေဒနှင့် ပြုလုပ်သော “ အက်ဖတမင်း” ကဲ့သို့သော စိတ်ကြွဆေးများလည်း ရှိကြသည်။ ထိုဆေးများသည် စွဲလမ်းစေသော အမြင့်ဆုံးစွမ်းရည် ရှိကြပါသည်။

 

စိတ်ချောက်ချား ဆေးများ

          စိတ်ချောက်ချားဆေးများတွင် (LS.D) “လိုက်ဆားဂျစ်အက်ဆစ်” နှင့် “ဒိုင်အီသာလမိုက်” တို့ ပါဝင်ပြီး၊ ဓာတုဗေဒနည်းဖြင့် လည်းကောင်း၊ အပင်မှ ထုတ်လုပ်ခြင်းဖြင့်လည်းကောင်း ရရှိနိုင်ပါသည်။ ထိုမူးယစ်ဆေးဝါးများသည် အလွန်ရှုပ်ထွေးသော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သော အစွမ်းသတ္တိများ ရှိကြပါသည်။ ထိုအစွမ်းသတ္တိများတွင် ကိုယ်ခန္ဓာပြင်ပသို့ စိတ်ရောက်ရှိခံစားရမှုများ၊ အာရုံထင်မှတ်မှားမှုများနှင့် အခြားသော စိတ်ချောက်ချားမှုများ အမျိုးမျိုးပါဝင်ပါသည်။ စိတ်ချောက်ချားဆေးများသည် ရုပ်ပိုင်းဆိုင်ရာစွဲလမ်းမှုကို ဖြစ်ပေါ်စေခြင်း မရှိပါ။


အခြားမူးယစ်ဆေးဝါးများ

          အထက်ဖော်ပြပါ အမျိုးအစားများသတ်မှတ်မှုတွင် စိတ်ကျေနပ်ဖွယ်ရာ ပါဝင်ကိုက်ညီမှုမရှိသော လူအများ  သုံးစွဲလျက်ရှိသည့် အခြားသော ဆေးဝါးများလည်း အများအပြားရှိပါသည်။ ၎င်းတို့တွင် ဆေးခြောက်၊ ရှုဆေး (ကော်၊ သုတ်ဆေးနှင့် သင်နာအစ ရှိသည်များ) အခြားသော ဆေးဝါးများ၊ ဥပမာ ကာဗာ (ပစိဖိတ်ကျွန်းနှင့် နယူဂီနီကျွန်းတွင် သုံးသည်)။ ကွမ်းသီး (အာရှနှင့် ပစိဖိတ်ကျွန်းတို့တွင် ကျယ်ပြန့်စွာ သုံးသည်။)


Credit: ဒေါက်တာ စိုးမြင့်

 

 

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18