Print

အိပ်မပျော်ခြင်း (Insomnia)

  09-Apr-2018
Preview Image

အိပ်မပျော်ခြင်းပြဿနာ

အိပ်မပျော်တဲ့ပြဿနာဆိုတာ လူတိုင်းမှာကြုံတတ်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ ရောဂါလက္ခဏာမျိုးစုံနဲ့လည်း လာတတ်ကြပါတယ်။ ဥပမာ 

• ညဘက်အိပ်ပျော်ဖို့ခက်တာ၊ ညဘက်နိုးနေတာ

• မနက်အစောကြီးနိုးနေတာ

• မနက်အိပ်ရာထချိန်စိတ်မကြည်တာ

• မိမိအလုပ်မှာ အာရုံစူးစိုက်မှုမရှတာ၊ အမှားများတာ

• အိပ်ချိန်ရောက်မှာကို တွေးပူနေတာ စတာတွေခံစားရတတ်ပါတယ်။


ဘယ်လိုအကြောင်းတွေကြောင့် အိပ်မပျော်တာလဲ

အဖြစ်များတတ်တဲ့အကြောင်းရင်းတွေက -

• စိတ်ဖိစီးမှုများခြင်း

• ဆီးခဏခဏသွားခြင်း၊ အိပ်ရာဝင်ခါနီး တီဗွီ၊ ဖုန်း၊ ကွန်ပျူတာတို့ ကြည့်ခြင်း

• ညစာစားချိန်နောက်ကျခြင်း၊ ညအိပ်ရာဝင်ခါနီး ဗိုက်တင်းပြည့်အောင်စားခြင်း

• နေ့လည်အိပ်ချိန်များခြင်း

• ကော်ဖီလက်ဖက်ရည်၊ ကိုလာ ကဲ့သို့သော ကဖိန်းဓာတ်များသည့် အရာတို့သောက်စားခြင်း

• ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် စသော နာတာရှည်ရောဂါတို့ရှိနေခြင်း

• အရက်သေစာနှင့်း မူးယစ်ဆေးဝါးတို့သုံးစွဲခြင်း စတဲ့ အကြောင်းချက်တွေကြောင့်ဖြစ်ပါတယ်။


အိပ်မပျော်တဲ့ရောဂါကို ဘယ်လိုကာကွယ်မလဲ

အိပ်စက်ခြင်းကို အထောက်အကူပေးတဲ့ အလေ့အထကောင်းတွေကို ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

• မိမိရဲ့ အိပ်စက်ချိန်၊ နိုးထချိန်တွေကို နေ့တိုင်းပုံမှန်ဖြစ်အောင် သတ်မှတ်ထားဖို့လိုပါတယ်။ အားလပ်ရက်တွေမှာပါ လုပ်ပေးဖို့လိုအပ်ပါတယ်။

• နေ့ဘက်တွေမှာ ပုံမှန်လုပ်ဆောင်နေကျ အလုပ်တွေနဲ့ ဖျတ်ဖျတ်လတ်လတ် နေထိုင်ခြင်းက ညဖက်အိပ်ပျော်ဖို့ ကောင်းတဲ့အချက်ဖြစ်ပါတယ်။ 

• ကဖိန်းဓာတ်ပါတဲ့အရာတွေ အရက်သေစာ မူးယစ်ဆေးဝါးတို့ကို ရှောင်ပေးပါ။

• ညအိပ်ရာမဝင်ခင်မှာ ဗိုက်တင်းပြည့်အောင် စားခြင်းကိုရှောင်ပါ။

• အိပ်ရာကိုလည်း သက်သောင့်သက်သာ အိပ်စက်နိုင်အောင် ပြင်ဆင်ထားပါ။

• အိပ်ရာဝင်ခါနီးမှာ ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ သာယာညင်သာတဲ့ ဂီတတီးလုံးသံမျိုး နားထောင်ပေးတာက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။


Credit: Dr.Hsu



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18