Print

အကြမ်းဖက်မှုနှင့် အဆိုးမြင်စိတ်

  09-Mar-2018
Preview Image

အဆိုးမြင်စိတ်ဆိုတာ ဘာလဲလို့ အရင်က အဓိပ္ပာယ်ဖွင့်ပါရစေ။ အိမ်မှာ၊ အလုပ်မှာ၊ ကျောင်းမှာ၊ လမ်းမှာ၊ နေရာတိုင်းမှာ ဖြစ်သမျှ ကိစ္စရပ်တွေအပေါ်မှာ အဆိုးမြင်စိတ်နဲ့ နေရာတကာမှာ ဆန့်ကျင်ဘက်ကပဲ တွေးပြီး ဖြစ်နိုင်ခြေရှိတဲ့အရာတွေကို မျက်စိမှိတ်ပြီး ကိုယ်မှန်၊ သူမှား အော်နေတတ်တာမျိုးပေါ့။ အကော်မမြင်တတ်တဲ့သူတစ်ယောက်ဟာ ဘယ်လိုပဲ အကောင်းမြင်အောင် လမ်းကြောင်းပေးပါစေ ငယ်ငယ်ကတည်းက အရိုးစွဲလာခဲ့တဲ့ အဲဒီအကျင့်က ပြင်ရခက်ပါတယ်။ အဆိုးမြင်တတ်သူ၊ အကောင်းမြင်စိတ်မရှိတဲ့သူတစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့အရာတွေ တွေ့ရင်တောင်မှ သူ့မှာ ပျော်တတ်၊ ခံစားတတ်တဲ့ စိတ်တွေ မရှိတော့တာ တွေ့ရပါတယ်။ စွမ်းဆောင်ရည်တွေ ကျဆင်းလာတတ်တယ်၊ Energy တွေ ဆုံးရှုံးလာတတ်ပါတယ်။


 သံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ပူပန်မှုတွေက အဆိုးမြင်စိတ်ကို မွေးဖွားလာတဲ့အရာပါပဲ။ အဲဒီသံံသယစိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ပူပန်မှုတွေကရော ဘယ်ကလာပါသလဲဆိုရင် သင့်ရဲ့အတွေးတွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်း၊ ယုံကြည်မှုမရှိခြင်းတွေက လာတဲ့အပြင် သူတို့ရဲ့ ပတ်ဝန်းကျင်က လူတွေဆီက ကူးစက်လာတတ်ပါတယ်။ 


အဆိုးမြင်စိတ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

 ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေအပြင် အဘက်ဘက်က ဆုံးရှုံးမှုတွေ ကြုံတွေ့လာရတာမျိုးပါပဲ။ စိတ်ဖိစီးမှုတွေများပြီး အဲဒီစိတ်ဖိစီးမှုဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေရော၊ စိတ်ပိုင်းဆရာဝေဒနာတွေပါ ခံစားရတတ်ပါတယ်။ 


စိတ်ပူပန်မှုတွေများလာရင်

 သွေးတိုး၊ နှလုံး၊ အစာအိမ် စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆိုးမြင်တတ်တဲ့စိတ်ဟာ မိမိကိုယ်မိမိ ရောဂါပေးနေတာနဲ့တူပါတယ်။ 

 

 အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုတည်ဆောက်ပါ။ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနိုင်ဖို့ အကောင်းမြင်စိတ်လည်း လိုသေးတယ်လေ။ အဆိုးမြင်ဝါဒကိုဖယ်ရှားပါ။ အဆိုးမြင်တတ်တဲ့ ပတ်ဝန်းကျင်ကနေ ဝေးပါစေ။  တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ကို ပြင်ပေးပါ။ အဆိုးမြင်စိတ်ဟာ ဖြတ်သန်းရာဘဝတစ်လျှောက်ကို ကောင်းကျိုးတွေထက် ဆိုးကျိုးတွေကိုပဲ အဖြစ်များစေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အကောင်းမြင်စိတ်ထားတွေပဲ မွေးမြူးကြရအောင်လားရှင်။


Credit: ပြည့်နိုင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18