Print

မမှတ်မိခြင်းရောဂါ

  31-Oct-2016
Preview Image

စိတ်ပိုင်းဆိုင်ရာ ပြဿနာများတွင် မမှတ်မိခြင်းရောဂါ (Amnestic Disorder) ဟူ၍ရှိပါသည်။ ဤရောဂါခံစားနေရသော လူနာသည် အခြားစိတ်ပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ဥပမာ-အာရုံသိခြင်း၊ ခံစားရခြင်း၊ စဉ်းစာတွေးခေါ်ခြင်း စသည်တို့ ကောင်းမွန်နေသော်လည်း မှတ်သားမှုလုပ်ငန်း တစ်ခုတည်းသော ချို့ယွင်း နေရှာ၏။ သူသည် လတ်တလောကြုံတွေ့နေရသည့် အတွေ့အကြံုသစ်များကို မှတ်သားမှု မပြုနိုင် သကဲ့သို့ ခပ်ဝေးဝေးကာလက အတွေ့အကြံုကိုလည်း ပြန်လည်မမှတ်ဘဲ ဖြစ်နေ၏။ ဤလက္ခဏာများကြောင့် သူ၏ နေ့စဉ်လုပ်ငန်းများနှင့် လူမှုရေးကိစ္စများသည်ထိခိုက်ရလေတော့သည်။ဤရောဂါဖြစ်ရခြင်း အကြောင်းများစွာရှိပါသည်။ အတွေ့ရများသော အကြောင်းများမှာ ဦးခေါင်း ဒဏ်ရာရခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်ကင်ဆာဖြစ်ခြင်း၊ဦးနှောက်သွေးကြောရောဂါဖြစ်ခြင်း၊ဦးနှောက်သို့ အောက်ဆီဂျင် အရောက်နည်းခြင်း၊သွေးထဲ၌ သကြားဓာတ်နည်းခြင်း၊ သိုင်ရာမင်းခေါ်ဗီတာမင်ဘီ ဓာတ်ချို့တဲ့ခြင်း၊ အရက်စွဲခြင်းနှင့် စိတ်ငြိမ်ဆေးသုံးစွဲခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ ဆေးသိပ္ပံ ပညာရှင်များ၏ အဆိုအရ ဦးနှောက်၏ Thalamus ခေါ် အစိတ်အပိုင်းနှင့် Temporal Lobe ခေါ် အစိတ်အပိုင်းတို့၌ အထက်ဖော်ပြပါရောဂါ ဖြစ်ခဲ့သော် မှတ်ဉာဏ်ချို့ယွင်းတတ်ကြောင်းသိရ၏။ ထို့ပြင် မှတ်ဉာဏ်သည် ခေါ် ဦးနှောက်၏ ရှေ့ပိုင်းနှင့်လည်းသက်ဆိုင်နေသည်ဟု ဆို၏။ ကျွန်တော်တို့၏ ဦးနှောက် သည် လက်ဝဲလက်ယာဦးနှောက်နှစ်ခြမ်းရှိရာ ၀ဲဘက်အခြမ်းကိုထိလျှင် မှတ်ဉာဏ်ချို့ယွင်းတတ်ကြောင်းတွေ့ရသည်ဟုလည်း ဆိုကြပါသည်။

အခြားရောဂါများ

မှတ်ဉာဏ်ချို့ယွင်းသည့်လက္ခဏာသည် အခြားရောဂါများ၌လည်း တွေ့ရတတ်ရာ ဆက်လက်တင်ပြ လိုပါသည်။

က။ တကယ်မမေ့ဘဲ မေ့ချင်ယောင်ဆောင်ခြင်း (Malingering) သည် ရာဇဝတ်မှုတစ်ခုခုနှင့် ရင်ဆိုင်နေ သောအခါမျိုး၌ တွေ့ရတတ်၏။ အမှုမဖြစ်ခင်က အကောင်း၊ အမှုဖြစ်မှ ဤလက္ခဏာ ပေါ်လာခြင်းဖြစ်၏။ ရောဂါပြ၍ အမှုကို ရှောင်ရှားလိုသော ရည်ရွယ်ချက်ဖြင့် ဟန်ဆောင်ခြင်းဖြစ်၏။ အမှုမဖြစ်ခင်ကအကောင်း၊ အမှုဖြစ်မှ ဤရောဂါလက္ခဏာ ပေါ်လာခြင်းဖြစ်၏။ ရောဂါပြ၍အမှုကို ရှောင်ရှားလိုသော ရည်ရွယ်ချက်ဖြင့် ဟန်ဆောင်ခြင်းဖြစ်၏။

ခ။ စိတ်လိုအင်မပြည့်သောကြောင့် ဖြစ်သောရောဂါ (Dissociative Disorder)ခံစားနေရသည့် အကြောင်း အရာကို မေ့နေတတ်၏။ အထူးသဖြင့် သူ့စိတ်တွင်း၌ တင်းကျပ်စွာ မြိုသိပ်ထားရသော အကြောင်းအရာများ၊ တနည်းဆိုသော် စိတ်နာကြည်းရသောကိစ္စမျိုးကို မေ့တတ်ကြ၏။ စိတ်သက်သာ ရာရသည့်အခါ ထိုလက္ခဏာaပျာက်သွားတော့သည်။

ဂ။ အသက် ၆၀ ကျော် ရ၀ အရွယ် လူကြီးအချို့သည် Dementia ခေါ် ဦးနှောက်အားနည်းသည့်ရောဂါ ဖြစ်တတ်ကြသည်။ ဤရောဂါကြောင့် မှတ်ဉာဏ်ချိုှု့ယွင်းလာ၏။ အခုပြော အခုမေ့၊ အခုလုပ် အခုမေ့ ဖြစ်တတ်ကြ၏။ သူတို့သည် မှတ်ဉာဏ်တစ်ခုတည်းအားနည်းခြင်း မဟုတ်ပါ။ အတွေးအခေါ် ဉာဏ်ရည်နှင့်ကျန်စိတ်ပိုင်းဆိုင်ရာလုုပ်ငန်းအားလုံး တဖြည်းဖြည်း အားနည်းလာခြင်းဖြစ်သည်။

ဃ။ အသိလုံးဝလွတ်သွားခြင်းမရှိသော်လည်း ၀ိုးတိုးဝါးတားသိနေ ခြင်းကို Delirium ဟု ခေါ်ပါသည်။ ဤအခြေအနေသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပါသည်။ အရက်စွဲ၊ ဆေးစွဲသူများ ဆေးဖြတ် သည့်အခါ ကယောင်ကတမ်းဖြစ်တတ်ကြခြင်းသည် ဤသဘောပင်ဖြစ်ပါသည်။ အဖျားအလွန်တက်နေ ခြင်းမှအစ ခန္ဓာကိုယ်ရောဂါများမှ ဦးနှောက်သို့ ရောဂါပြန့်သည့်အခါမျိုးတွင် ဤအခြေအနေမျိုးတွင် တွေ့ရတတ်ပါသည်။ လူနာသည် ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူဘယ်ဝါ ကွဲကွဲပြားပြားမသိပါ။ သတိမရှိပါ။ အာရုံမစိုက်နိုင်ပါ။ ထို့ကြောင့်သူ့မှတ်ဉာဏ်သည် ချို့ယွင်းနေခြင်းဖြစ်၏။ aရာဂါသက်သာလျှင် ဤလက္ခဏာပါပျောက်ကင်းသွား၏။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဟန်စိန်

နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18