Print

စိတ်ရောဂါနှင့် မှတ်သားထားသင့်သည့် အကြောင်းအချက်များ

  31-Oct-2016
Preview Image

 

စိတ်ရောဂါသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ကြောင်း သိခဲ့ကြပါပြီ။ သို့ရာတွင် အဓိကမှတ်သားထားသင့်သည့် အကြောင်းအချက်အချို့ကို အနှစ်ချုပ်၍ တင်ပြလိုပါသည်။

 

(၁)။ မျိုးရိုးဗီဇ

စိတ်ရောဂါအချို့သည် မျိုးရိုးဗီဇကြောင့် ဖြစ်တတ်သဖြင့် အိမ်ထောင်ဖက်ရွေးချယ်ခြင်း၊အိမ်ထောင်ပြုခြင်း၊ သားသမီးယူခြင်း စသည့် လူမှုကိစ္စများ အတွက် ထည့်သွင်း စဉ်းစားသင့်ပါသည်။

 

(၂)။ ကိုယ်ရည်ကိုယ်သွေးနှင့် ကလေးဘဝအတွေ့အကြုံ

ကောင်းသော ပတ်ဝန်းကျင်၌ ချစ်ခင်ကြင်နာမှုနှင့် လုံခြံုနွေးထွေးမှုသည် ကလေးတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ( ကိုယ်ရည်ကိုယ် သွေးကောင်းမွန်စေမှု) အတွက် အရေးကြီးပါသည်။ နုနယ်သော ကလေးအား ခါးသီးနာကျင်စေမည့် အဖြစ်များကို ရှောင်ကြဉ်သင့်ပါသည်။

 

(၃)။ ဦးနှောက်ကို တစ်နည်းနည်းဖြင့် ထိခိုက်ခြင်း

ဦးနှောက်ရောဂါများကို စနစ်တကျကုသမှု ခံယူသင့်ပါသည်။ ဥိးနှောက်ကို ထိခိုက်စေနို်င်သည့် အရက်အလွန်အကျွံ သောက်ခြင်းနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမျိုး ရှောင်ကြဉ်သင့်ပါသည်။

 

(၄)။ လောကဓံဖိစီးမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားခြင်း

လျှင် “သတိ” ထားပြီး “အသိ” နှင့် ဆင်ခြင်တုံ့ပြန်နို်င်အောင် မိမိစိတ်ကို ကြိုးစားလေ့ကျင့်ထား သင့်ပါသည်။ အဆွေခင်ပွန်းကောင်း လိုအပ်ပါသည်။ မိမိကိုးကွယ်သည့် ဘာသာရေးကို လိုက်စားသင့်ပါသည်။

 

(၅)။ တတ်ကျွမ်းသော ပုဂ္ဂိုလ်များနှင့် စောစီးစွာကုသခြင်း

စိတ်ရောဂါဖြစ်ပြီဆိုလျှင် တတ်ကျွမ်းသော ပုဂ္ဂိုလ်များထံ စောစီးစွပြသ၍ ထိရောက်စွာကုသရန် လိုပါသည်။ စိတ်ရောဂါအထူးကု ဆရာဝန်၏ အကြံပေးချက် ညွှန်ကြားချက်များကို လိုက်နာသင့်ပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဟန်စိန်

နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18