Print

မိန်းမလျာများနှင့် စိတ်ကျန်းမာရေး

  31-Oct-2016
Preview Image

 

မိန်းမလျာများ၊ လိင်တူရော လိင်ကွဲပါ စုံမက်သူများ (Bisexual Men)နှင့် ယောက်ျားချင်း လိင်ဆက်ဆံသူ(Man have sex with man) အမျိုးသားအများစုကစိတ်ကျန်းမာရေးကို ကောင်းမွန်အောင်ထိန်းသိမ်းထားနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ မိန်းမလျာများဟာ စိတ် ကျန်းမာရေး ပြဿများ ကြုံတွေ့နိုင်တဲ့ အန္တရာယ်အခွင့်အလမ်းကတော့ များပြားပါတယ်။ဆိုလိုတာက သူတို့ကိုဖိအားပေးနေတဲ့ အခြေ အနေမြောက်မြားစွာရှိနေပါတယ်။ မိန်းမလျာအများစုဟာ သူတို့ကြံုတွေ့ရတဲ့ အနုတ်လက္ခဏာ ဖိစီးမှုများ(မကောင်းတဲ့ စိတ်ဖိစီးမှုများ) ကို ကျော်လွှားနိုင်စွမ်းရှိကြပါတယ်။ သူတို့ကြံုတွေ့ရလေ့ရှိတဲ့ မကောင်းတဲ့ ဖိစီးမှုများကတော့ လိင်တူများရဲ့ ကြောက်ရွံ့ခြင်းခံရမှု၊ ခွဲခြား ဆက်ဆံ ခံရမှု စတာတွေဖြစ်ပါတယ်။ လိင်တူချင်း နှစ်သက်မှု Homosexuality ဟာ စိတ်ရောဂါတစ်ခုမဟုတ်ပါဘူး။ဒါပေမယ့် Homosexuality ရှိနေခြင်းကြောင့် ကြံုတွေ့ရတဲ့ ခွဲခြားဆက်ဆံခံရမှု၊ နှိမ့်ချမှု၊ လိင်တူချင်း(ယောက်ျားချင်း) ကရွံ့ကြောက်ခြင်းခံရမှုတွေကတော့ မိန်းမလျာများ၊ယောက်ျားလျာများနဲ့ Bisexual များရဲ့ ကျန်းမာရေးကို မကောင်းတဲ့အကျိုးတွေ သက်ရောက်စေပါတယ်။ လူမှုရေးဆိုင်ရာ စည်းခြားခံရခြင်းရဲ့ဆိုးကျိုးကိုဆယ်ကျော်သက်နဲ့အရွယ်ရောက်သူ မိန်းမလျာများမှာတွေ့ရပြီး သုတေသနအရ မိန်းမလျာတွေမှာ စိတ်ကျန်းမာရေးပြဿနာဖြစ်ပွားမယ့် အခွင့်အလမ်း ပိုမိုမြင့်မားနေကြောင်းတွေ့ရတယ်။

 

သုတေသနတွေအရ ပုံမှန်အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် မြီးကောင်ပေါက်အရွယ်နဲ့ ငယ်ရွယ်သူမိန်းမလျာများဟာ အဓိကစိတ်ကျရောဂေါ Major Depression ၊ စိတ်ကျစိတ်ကြွရောဂါ (Bipolar Disorder) နှင့်ယေဘုယျ စိုးရိမ်သောကရောဂါ(Generalized Anxiety Disorder) ခံစားရနိုင်တဲ့ အန္တရာယ်အခွင့်အလမ်း ပိုမိုများပြားကြောင်းတွေ့ရပါတယ်။ ဒါ့အပြင် မိန်းမလျာတွေဟာ စိတ်ကျန်းမာရေးပြဿနာရှိခြင်းနဲ့ ဆက်စပ်ခံစားရတဲ့ ကျန်းမာရေးပြဿနာများ ဥပမာ - မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ပိုမိုသုံးစွဲဖွယ်ရှိခြင်း၊ သတ်သေခြင်း ပိုမိုပြုလုပ်နိုင်ဖွယ်ရှိခြင်းတို့ဖြစ်ပါတယ်။ မိန်းမလျာတွေဟာ သာမန် အမျိုးသားတွေထက် မိမိကိုယ်မိမိ သတ်သေရန် ကြံစည်မှုပိုများပြီး သတ်သေရန် ကြံစည်မှုအောင်မြင်သွားခြင်းကလည်း ပိုများပါတယ်။ HIV ရောဂါပိုးရဲ့ကြောက်မက်ဖွယ်ရာကောင်းမှုကလည်း မိန်းမလျာတွေကိုခြောက်လှန့်နေပြီး စိတ်ကျန်းမာရေးပြဿနာကို ပေးနိုင်ပါ တယ်။ ဥပမာ - သူနဲ့လိင်ဆက်ဆံဖူးသူ၊ ပတ်သက်ဖူးသူ အမျိုးသားတစ်ဦးဦးတွင် HIV ပိုးရှိနေခြင်း၊ HIVကြောင့် သေဆုံးခြင်းကို သိရ သည့်အခါ ဒါမှမဟုတ် သူကိုယ်တိုင်မှာ HIV ပိုးရှိနေတဲ့အခါစိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

 

ပွင့်ပွင့်လင်းလင်း ဖော်ပြမလား

သူဟာ လိင်တူချင်း စုံမက်သူတစ်ဦး(မိန်းမလျာ)ဖြစ်ကြောင်း အခြားသူတွေ မသိရှိအောင် ဖုံးထားရတဲ့အခါ၊ သူ့ရဲ့အကြောင်းကို အခြားသူ တွေကို ပွင့်ပွင့်လင်းလင်း သိစေချင်ပေမယ့် ပြောရမှာကို ကြောက်ရွံ့နေတာတွေဟာ မိန်းမလျာတစ်ဦး ခံစားရလေ့ရှိတဲ့ စိတ်ဖိစီးမှုများဖြစ် ပါတယ်။ လေ့လာမှုတွေအရ မိန်းမလျာဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နေထိုင်သူဟာ ပုန်းကွယ်နေသူတွေထက်ပိုပြီး ကျန်းမာရေး ကောင်းကြောင်းတွေ့ရတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းနေထိုင်တဲ့အခါ ကြံုတွေ့လာရနိုင်တာတွေကို အဆိုးမြင်စိတ်နဲ့ လက်ခံရင် ပုန်း ကွယ်နေသူထက် စိတ်ကျန်းမာရေးပြဿနာပိုပြီး ကြံုတွေ့ရနိုင်ပါတယ်။ ဆိုလိုတာကတော့ ပွင့်ပွင့်လင်းလင်းနေထိုင်ဖို့ ဆုံးဖြတ်ပြီးတဲ့ အခါ ခံနိုင်ရည်ရှိဖို့၊ အကောင်းမြင်စိတ်ထားရှိဖို့၊ ပျော်ရွှင်အောင်မြင်အောင်တည်ဆောက်တတ်ဖို့လိုအပ်ပါတယ်။

 

စိတ်ကျန်းမာရေးကောင်းမွန်စေအောင် ထိန်းသိမ်းထားရန် ဘာလုပ်ရမလဲ

မိန်းမလျာတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ ကြံုတွေ့ရတဲ့ ဖိစီးမှုတွေကို ရင်ဆိုင်ဖို့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ ကူညီထောက်ပံ့မှု လိုအပ်ပါ တယ်။ မိသားစုနဲ့ သူငယ်ချင်းများထံမှ လူမှုရေးထောက်ပံ့မှု (အားပေးကူညီမှု၊ အဖော်အပေါင်းပြုပေးမှု၊ ခင်မင်မှု၊မေတ္တာ) မရရှိခဲ့ရင် လူ့ အဖွဲ့အစည်းအတွင်း လူမှုရေး၊ အားကစား၊ ဘာသာရေးနဲ့ အခြားအဖွဲ့အစည်းများမှာ ပါ၀င်ဆောင်ရွက်ပါ။ စိတ်ကျန်းမာရေးနှစ်သိမ့် ဆွေးနွေးမှုနဲ့ ထောက်ပံ့ကူညီမှုပြုလုပ်တဲ့ အဖွဲ့အစည်းတွေဟာ မိန်းမလျာများ အထူးသဖြင့် စိတ်ကျရောဂါ၊ စိုးရိမ်သောကရောဂါ၊ အခြား စိတ်ကျန်းမာရေးပြဿနာများ ခံစားနေရတဲ့ မိန်းမလျာများအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။ မိန်းမလျာအများစုဟာ ခွဲခြားဆက်ဆံခံရ မှာကို ကြောက်ရွံ့တာကြောင့် စိတ်ကျန်းမာရေးပြုစုစောင့်ရှောက်ကုသမှုကို မခံယူတာများပါတယ်။ မိန်းမလျာပဲဖြစ်ဖြစ်၊ သာမန်လူပဲဖြစ်ဖြစ် စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ခံစားနေရပြီဆိုရင်တော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသသင့် ပါတယ်။ အကောင်းမြင်စိတ်၊အရှိကို အရှိအတိုင်း လက်သင့်ခံတဲ့စိတ်၊ အများအကျိုးဆောင်လိုသော ပရဟိတစိတ်များထားရှိခြင်း၊ အတတ်ပညာ၊ အသိပညာများကို အမြဲမပြတ်ဆည်းပူခြင်း၊ တက်တက်ကြွကြွပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်း၊ ခွဲခြားဆက်ဆံခြင်းများကို အကောင်းမြင်စိတ်ထားပေးခြင်း၊ စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ရရှိလာခဲ့ရင်လည်း တိုင်ပင်ဆွေးနွေးကာ ကျွမ်းကျင်သူနှင့်ကုသမှု ခံယူခြင်းတို့ဖြင့် လက်ရှိဘဝကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

 

Healthcare.com.mm

 

Ref:

Alex Aung

The First Myanmar LGBT Society

Source: Health Digest Journal Vol. (9), No (34) 11-7-2012



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18