Print

ဘယ်သူနဲ႔မှ မျှဝေမသုံးသင့်တဲ့ တစ်ကိုယ်ရည်သန်႕ရှင်းရေးသုံးပစ္စည်း ခြောက်...

  31-Oct-2016
Preview Image

ကျွန်တော်တို ့အားလုံးနဲ ့အခုလို အခြေအနေမျိုးနဲ ့ကြုံဖူးပါလိမ့်မယ်။ သူငယ်ချင်းက ချွေးနံ ့ပျောက်ဆေး မေ့ခဲ့တာမျိုး ဒါမှမဟုတ် အခန်းဖော်က ဆပ်ပြာကုန်သွားတာမျိုးပေ့ါ။ အဲ့လိုအချိန်တွေမှာ သူတို ့ကို မကူညီ ဘူးဆိုရင်တော့ တော်တော်ရိုင်းသွားလိမ့်မယ်လို ့ခံစားမိမှာပေ့ါ။ ဒါပေမယ့် တစ်ချို ့ပစ္စည်းတွေကတော့ သင့်ရဲ့ ခန္ဓာကိုယ်အတွက်ပဲ သုံးသင့်ပါတယ်။ သူငယ်ချင်းကို ဘယ်လောက်ချစ်ချစ် အောက်မှာဖော်ပြထားတဲ့ သန် ့ ရှင်းရေးပစ္စည်း ခြောက်မျိုးကိုတော့ ဘယ်သူနဲ ့မှ မျှမသုံးသင့်ပါဘူး။

၁။ ဆပ်ပြာတောင့်

၂၀၀၈ ခုနှစ်၊ ဖလော်ရီဒါတက္ကသိုလ်က ဘောလုံးသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ဆပ်ပြာတုံး တွေ မျှသုံးတဲ့လူတွေမှာ MRSA လို ့ခေါ်တဲ့ ဆေးယဉ်ပါးနေတဲ့ဘက်တီးရီးယားပြည်တည်နာ ရောဂါပိုး ပြန်လည် ဖြစ်နိုင်ခြေများပါတယ်။ ဆပ်ပြာတုံးတွေမှာ ဘက်တီးရီးယားတွေ ကပ်ပါနေတတ်တာကြောင့် ရောဂါထိန်းချုပ်ရေးနဲ ့ကြိုတင်ကာကွယ်ရေးစင်တာက ဆပ်ပြာတုံးအစား ဆပ်ပြာရည်တွေကို အသုံးပြုဖို ့ အကြံပေးခဲ့ပါတယ်။ ဆပ်ပြာတုံးတွေကို မျှမသုံးသင့်ပေမယ့် ဆပ်ပြာရည်ဆိုရင်တော့ ရပါတယ်။

၂။ ကိုယ်နံ ့ပျောက်ဆေး

ကိုယ်နံ ့ပျောက်ဆေးတွေဆိုတာ ဘက်တီးရီးယားပိုးတွေရဲ့ အနံ ့အသက်ဆိုးရွားမှုကို နှိမ်နှင်းပေးတာပါ။ ဒီတော့ ဒီအဏုဇီဝပိုးတွေကိုသတ်ပစ်နိုင်တဲ့ အရာတွေပါ၀င်မှာပါ။ ချွေးနံ ့ပျောက်ဆေးတွေဟာ သင့်ရဲ့ ချွေးထွက်မှုကို သာ လျော့နည်းစေပြီး ဒီ ချွေးနံ ့ပျောက်ဆေးတောင့်မှာ ကပ်ပါလာမယ့် ပိုးတွေကို မသတ်နိုင်ပါဘူး။ တစ်ခု ကောင်းတာက ဒီနည်းနဲ ့ရောဂါကူးစက်မှုမဖြစ်နိုင်လောက်ဘူးဆိုပေမယ့် အရေပြားဆဲလ်တွေ၊ အမွှေးအမျှင်တွေ ကပ်နေတတ်ပြီး ဒီပစ္စည်းကို မျှသုံးမယ်ဆိုရင်တော့ တော်တော် ရွံဖို ့ကောင်းမှာပါ။

၃။ မုတ်ဆိတ်ရိတ်ဓား

အမျိုးသမီးအရေပြားကျန်းမာရေးအစီအစဉ် ရဲ့ ဒါရို်က်တာ၊ အရေပြားအထူးကုသမားတော် Bethanee J.Schlosser ရဲ့ အဆိုအရ မုတ်ဆိတ်ရိတ်ဓားတွေဟာ အသည်းရောင်အသားဝါ ဘီပိုး၊စီပိုးနဲ ့HIV တို ့ကူးစက်မှု မှာ ပါ၀င်နေတယ်လို ့ဆိုပါတယ်။ မုတ်ဆိတ်ရိတ်ဓားတွေကို မျှသုံးတာက မှိုရောဂါပိုး ကူးစက်တတ်ကြောင်း သိရှိရပြီး အထူးသဖြင့် ပွေးနာတွေ အဖြစ်များတယ်လို ့သူမက ဆိုပါတယ်။

၄။ မျက်နှာသုတ်ပဝါ

ညစ်ပတ်နေတဲ့ မျက်နှာသုတ်ပဝါတွေ၊ အထူးသဖြင့် စိုစွတ်နေတဲ့ ပဝါတွေကို မျှဝေသုံးတာက မျက်စိနာ ရောဂါကနေ ကာလသားရောဂါအထိ ကူးစက်နိုင်ပါတယ်။ နောက်တစ်ခါ သူငယ်ချင်းတွေနဲ ့ဟိုတယ်၊ တည်းခိုခန်းတစ်ခုခုမှာ တည်းပြီဆိုရင် ကိုယ့်ပဝါကို ကိုယ်မှတ်ထားပေတော့။

၅။ သွားတိုက်တံ

ကိုယ်အမြဲနမ်းနေတဲ့ ကိုယ့်ချစ်သူနဲ ့ပဲဖြစ်ဖြစ်၊ သွားတိုက်တံကို မျှသုံးတာကတော့ တော်တော်ရွံဖို ့ ကောင်းပါတယ်။ သွေးကတဆင့်ကူးစက်ရောဂါ တွေ ကူးစက်ခံရဖို ့များတယ်လို ့ ဆိုပါတယ်။ သွားတိုက်တာဟာ သွေးလမ်းကြောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေရဲ့ ပမာဏကို မြင့်တက်စေပြီး သွားတိုက်တံမှာ ကျန်ခဲ့တဲ့ သွေးစသွေးနတွေကဆင့် ကြောက်စရာရောဂါတွေ ကူးစက်နိုင်ပါတယ်။

၆။ လက်သည်းညှပ်

လက်သည်းညှပ်တွေကနေ လက်သည်းမှိုစွဲခြင်း အပြင် သွေးကတဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါပိုးတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် လက်သည်း၊ခြေသည်းညှပ်နေရင်းနဲ ့အရေပြားကို ညှပ်မိတဲ့အခါမျိုးမှာပေ့ါ။ ဒါကြောင့် သင့်သူငယ်ချင်းက လက်သည်းညှပ်ဌားပါအုန်းလို ့ပြောလာခဲ့ရင် လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ခန်းမဆီ သွားဖို ့အကြံပေးလိုက်ပါ။

Healthcare.com.mm

 

Ref: Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18