Print

အဖြစ်များသည့် အရေပြား ကူးစက် ရောဂါများ

  31-Oct-2016
Preview Image

အရေပြားကူးစက်ရောဂါအရေပြား ကူးစက် ရောဂါများ မှာ ဘက်တီးရီးယား ပိုးများက ကုတ် ခြစ်ခြင်း၊ ပွတ်တိုက်ခြင်း၊ ဒဏ်ရာရ ခြင်းကြောင့် ဖြစ်လာမည့် အရေပြား အရံအတားတွင် ကွဲအက်ခြင်း သို့မ ဟုတ် ချို့ယွင်းခြင်းမှတစ်ဆင့် ဝင် ရောက်ရာမှ ဖြစ်ပေါ်လာရခြင်း ဖြစ် သည်။ ဖြစ်ရပ်အများစုတွင် အဓိက လက်သည်မှာ Staphy lococcus aureus ဘက်တီးရီးယားပိုးကြောင့် ဖြစ်သည်။ ယင်းဘက်တီးရီးယား ပိုးများသည် ကျန်းမာသည့်လူများ ၏ လေးပုံတစ်ပုံတွင် တွေ့ရတတ် သည်။ ပုံမှန်အရေပြားပေါ်နေ ပိုး များ ဖြစ်ပါသည်။ လူများ၏ နှာ ခေါင်းပေါက်များ၊ ချိုင်းကြားများနှင့် ပေါင်ခြံနေရာများမှာ အများဆုံး တွေ့နိုင်သည်။ အရေပြားကူးစက် ရောဂါဖြစ်စေမည့် နောက်ထပ် အထွေ့များသည့် ဘက်တီးရီးယား ပိုးတစ်မျိုးမှာ Strep lococcus pyogenes ဖြစ်သည်။

စူးစမ်းစစ်ဆေးဖို့လို

ဘက်တီးရီးယား အရေးပြား ကူးစက်ရောဂါရှိသူများသည် များ သောအားဖြင့် ကျန်းမာသူများဖြစ် သော်လည်း ထပ်တလဲလဲ သို့မဟုတ် ပြင်းထန်သည့် ကူးစက်ရောဂါများ ဖြစ်ပါက အခြား ဆက်စပ်အခြေ အနေများ ရှိ/မရှိ သိရှိ ဖော်ထုတ် နိုင်ရန် နောက်ထပ် စူးစမ်းစစ် ဆေးခြင်း လိုအပ်သည်။ အရေပြားဒဏ်ရာရခြင်း၊ အနာခွက် (ယဉ်းနာ)၊ နှင်းခူတို့ ကြောင့် ရှိနှင့်ပြီးဖြစ်သည့် အရေပြား အရံ အတားချို့ယွင်းချက်များနှင့် အခြား အရေပြားကူးစက်ရောဂါများ ဖြစ်သည့် ခြေဝဲနာ (athlete's foot)၊ ပါးစပ်နာနှင့် ရေယုန် (shingles) စသည်တို့သည် ဘက်တီးရီးယား ကူးစက်ရောဂါဖြစ်စေရန် အလား အလာ ဖန်တီးပေးပါသည်။ အခြား အလားအလာ ဖန်တီး ပေးသည့် (သို့) လမ်းကြောင်းပေး သည့် အချင်းအရာများ(predisposing factors)ထဲ ဆီးချိုသွေးချို၊ ရောဂါပြီးစနစ်ကို ဖိနှိမ်သည့် ဆေး ဝါးများ (immunosuppresive drugs) ကိုယ်ခံအား ချို့တဲ့ခြင်း အခြေအနေများ၊ အသည်းအလုပ် မလုပ်ခြင်း၊ ကျောက်ကပ်အလုပ် မလုပ်ခြင်းနှင့် HIV တို့ ပါဝင်သည်။

ကြီးလေးကြီး (The Big Four)

အဖြစ်အများဆုံး တွေ့ရ အများဆုံး ဘက်တီးရီးယား အရေ ပြားကူးစက်ရောဂါများမှာ အနာစက် (ပြည်တည်အရေပြားရောဂါ)၊ မွေး ကျွတ်နာ(အမွေးအိတ်ငယ်ရောင်နာ)၊ အနာစိမ်း(သွေးစုနာ)နှင့် ဆဲလ်ဆက် ရောင်နာ(အရေပြားအောက် တစ်ရှူး ရောင်ရမ်းခြင်း)တို့ပဲ ဖြစ်ပါသည်။

အနာစက် (Impetigo)

အရေပြားရဲ့အပေါ်ဆုံးလွှာ (epidermis) မှာ ဖြစ်သည့် ကူး စက်ရောဂါဖြစ်သည်။ ကလေးများ မှာ အဖြစ်များပြီး များသောအားဖြင့် ပြည်ဖုများ၊ စိုပြီးနီသောအကွက်များ အဖြစ် ပေါ်လေ့ရှိသည်။ ယင်းတို့က ပါးစပ်ပတ်လည်နှင့် လက်မောင်း များမှာအဖြစ်များပြီး နှင်းခူရဲ့နောက် ဆက်တွဲအဖြစ်လည်း ဖြစ်ပွားတတ် ပါသည်။ ဘက်တီးရီးယားပိုးများ က အရေပြားအနက်ပိုင်းသို့ ကျူး ကျော်ရောက်ရှိသည့်အခါ ပြည်စင် မွေးတက် (ecthyma) ခေါ် အရေ ပြား ပြည်တည်နာမျိုး ဖြစ်လာ သည်။

မွေးကျွတ်နာ (Folliculitis)

မွေးကျွတ်နာ (Folliculitis) ဘက်တီးရီးယားပိုးများ အမွေး အိတ်ငယ်များ (Folliculitis) ထဲ ဝင် ရောက်မွှေနောက်သည့်အခါ မွေး ကျွတ်နာဖြစ်ပွားသည်။ ယင်းတို့က အထိမခံသော (သို့) နာကျင်သော အနီစက်များ သို့မဟုတ် ပြည်ဖု လေးများအဖြစ် ပေါ်လာသည်။ ဝက် ခြံများနှင့်တူသည်။ မွေးကျွတ်နာက ဆံပင်များ ပေါက်ရောက်တဲ့ အရေပြား သို့ မဟုတ် ဦးရေခွံအပေါ်တွင် အထူး သဖြင့် ပွတ်တိုက်ရာနေရာ သို့ မဟုတ် အဝတ်ဖုံးအုပ်ထားသည့် အရေပြားပိုင်းတွင် ဖြစ်ပွားလေ့ရှိ သည်။ မုတ်ဆိတ်ရိတ်ခြင်း၊ ဆံပင် မွေးနုတ်ခြင်း၊ ဆီပါသည့်အရေပြား အတွက် အလှကုန်ပစ္စည်းများ၊ အရေပြားလိမ်းဆေးများ (ပမာအား ဖြင့် ကတ္တရာစေး သို့မဟုတ် စတီ ရွိုက်လိမ်းဆေးများ)။

အနာစိမ်း (Furuncle/boil)

ဘက်တီးရီးယားပိုးများ အမွေးအိတ်ငယ်များထဲ ဝင်ရောက် မွှေနောက်ခြင်းက အရေပြား၏ အတွင်းပိုင်းလွှာသို့ ရောက်ရှိသည့် အခါ အနာစိမ်း ဖြစ်ပွားသည်။ နာကျင်သည့် အနီရောင်အဖုငယ် သို့မဟုတ် အမွေးအိတ်ငယ်တစ်ခု ပတ်လည်အခြေပြုသည့် ရောင်ရမ်း ခြင်းအဖြစ် တွေ့ရသည်။ အနာစိမ်း အုပ်စုတစ်စုက ကြီးမားသည့် ရောင် ရမ်းခြင်းနှင့်အတူ ပြည်ထွက်နေပါ က ယင်းကို အနာပဆုပ် (carbuncle) ဟု ခေါ်သည်။ ယင်းအနာ ပဆုပ်ကို ကောင်းစွာကုသမှုမပြု သည့် ဆီးချိုသွေးချို လူနာများတွင် အတွေ့များသည်။

ဆဲလ်ဆက်ရောင်နာ (Cellulitis)

ဘက်တီးရီးယားပိုးက အရေ ပြားအောက်သို့ နက်ရှိုင်းစွာထိုး ဖောက်ပြီး အရေထူ (dermis) နှင့် အရေပြားအောက်အဆီလွှာတစ် လျှောက် ပျံ့နှံ့ပါက ဆဲလ်ဆက် ရောင်နာ ဖြစ်ပွားသည်။ ယင်းသည် များသောအားဖြင့် ခြေထောက်နှင့် ခြေမျက်စိအောက်ပိုင်း နေရာများ တွင် ဖြစ်ပွားသည်။ နာကျင်ပြီး နီရဲ သည့် ရောင်ရမ်းခြင်းဖြစ်စေသည်။ ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းက အရေပြား၏ ပြန်ရည်စနစ် (lyrph system)သို့ ရောက်ရှိပါလျှင် အနား သတ် ပြတ်ပြတ်သားသားရှိသည့် နာကျင်ပြီး အသားနီမြန်းသည့် ရောင်ရမ်းခြင်းကို တွေ့ရမှာ ဖြစ် သည်။ ယင်းကို အနာမီး (erysipelas) ဟု ခေါ်သည်။

 

Healthcare.com.mm

 

Ref :

အကျိုးဆောင်ဂျာနယ် -ဦးလှမြင့်

Source: Health Today



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18