Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် အသည်းရောင်အသားဝါ “ဘီ” ပိုး

  31-Oct-2016
Preview Image

 

အသည်းရောင်အသားဝါ “ဘီ” ပိုးနာတာရှည် စွဲကပ်ခံနေရသော သူပေါင်းမှာ ကမ္ဘာ့လူဦးရေ ငါးရာခိုင်နှုန်းခန့် ရှိပါသည်။အသည်းရောင်အသားဝါ “ဘီ” ပိုးကူးစက်ခံရသူ အများစုမှာ သူ့အလိုလို “ဘီ” ပိုးပျောက်သွားလေ့ရှိပါသည်။ “ဘီပိုး” ကူးစက်ခံရသူများ၏ ၁၀ ရာခိုင်နှုန်းခန့်တွင်သာ နာတာရှည်ဘီပိုး စွဲကပ်ခံရလေ့ရှိပါသည်။ လူနာ၏သွေးထဲတွင် HBsAg ခေါ် အသည်းရောင်အသားဝါ ဘီပိုးအကာဓာတ်တစ်မျိုး ခြောက်လကျော်ကြာ ရှိနေပါက “ဘီ” ပိုးနာတာရှည် စွဲကပ်ခံရသည်ဟု သတ်မှတ်ပါ။ အသည်းရောင် အသားဝါ “ဘီပိုး” နာတာရှည်စွဲကပ်ခံရသူများ၏ ၂၅ ရာခိုင်နှုန်းမှာ နာတာရှည်အသည်းရောင်နာဖြစ်ပွားခြင်း၊ ၁၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိမှာ အသည်းရောင်နာ ဖြစ်လေ့ရှိပါသည်။အသည်းရောင်အသားဝါ “ဘီပိုး”နှင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးသည် ရောဂါကုးစက်ပုံချင်း ဆင်တူသဖြင့် အချို့လူနာများတွင် ၄င်းပိုးနှစ်မျိုးစလုံး ကူးစက်ခံရထားသည်ကိုတွေ့ရလေ့ရှိပါသည်။ HIV ပိုး ကူးစက်ခံထားရသော သးများ၏ ၁၀ ရာခိုင်နငန်းခန့်မှာ အသည်းရောင်အသားဝါ “ဘီပိုး” ပါ ထပ်မံကူးစက် ခံရသည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုသို့ ရောဂါနှစ်မျိုး ကူးစက်ခံရပါက အောက်ပါဆိုးကျိုးများကို ပိုမိုဖြစ်စေပါသည်။

 

၁။ HIV ပိုးသည် အသည်းရောင်အသားဝါ “ဘီပိုး” ၏ သွေးအတွင်းပွားနှုန်းကို တိုးစေပြီးသွေးအတွင်းရှိ “ဘီပိုး” အကောင်ရေကို နှစ်ဆမှ ရှစ်ဆအထိ တိုးတက်ပွားများစေပါသည်။

၂။ ထိုသို့ “ဘီပိုး” ကောင်ရေများကို များပြားစေသောကြောင့် မိခင်မှကလေးသို့ဖြစ်စေ၊ လိင်ဆက်ဆံမှုမှဖြစ်စေ၊ ရောဂါကူးစက်မှုကို ပိုမိုများပြားစေပါသည်။

၃။ နာတာရှည် “ဘီ” ပိုးစွဲကပ်ခံရမှုမှာ HIV ပိုးရှိသူများတွင် သာမန်လူများထက် ဆယ်ဆပိုမိုများပြားပါသည်။

၄။ HIV နှင့် ဘီပိုးနှစ်ခုစလုံးရှိသူမှာ သာမန်ထက် နှစ်ဆမှ ငါးဆခန့် အသည်းခြောက်ရောဂါကို အချိန်တိုတို အတွင်း ပိုမိုဖြစ်ပွားလေ့ရှိပါသည်။

၅။ HIV ပိုးရှိသောကြောင့် HIV ပိုးပွှားများမှုကို ရပ်တန့်စေနိုင်သည့် Antiretrovial drug (ARV) ဆေးဝါးများ မှီဝဲနေရသူများတွင် အသည်းရောင်အသားဝါ ဘီပိုးပါ ထပ်မံကူးစက်ခံရပါက အသည်းရောင်အသားဝါဖြစ်၍ အသည်းထိခိုက်မှု ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ အသည်းရောင်အသားဝါကြောင့် သေဆုံးမှုလည်း များပြားတတ်ပါ သည်။ ထို့ကြောင့်ARV ဆေးဝါးများကို ရွေးချယ်ရာတွင် အသည်းရောင်အသားဝါ ဘီပိုးကိုပါ နှိပ်နင်းနိုင်သည့် ဆေးဝါးများကို ထည့်သွင်းအသုံးပြုရပါသည်။ သို့မှသာ အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိ်ုင်မည်ဖြစ်ပါ သည်။

၆။ အသည်းရောင်အသားဝါ ဘီပိုးသည် အသည်းရောင်ခြင်းကို ခန္ဓာကိုယ်ခုခံအားစနစ်ကို အကူအညီကိုသုံး၍ (Immunologially mediated) ဖြစ်သောကြောင့် HIV ပိုး ကူးစက်ခံရ၍ ခုခံအားကျဆင်းနေသော သူများတွင် ဘီပိုးများကြောင့် အသည်းရောင်ရမ်းမှုမှာ သာမန်လူများထက် ပိုမိုလျော့နည်းနေတတ်ပါသည်။

၇။ HIV ပိုးနှင့် ဘီပိုးနှစ်ခုစလုံး ကူးစက်ခံရသောသူများတွင် ဘီပိုး သူ့အလိုလိုပျောက်ကင်းမှုမှာ လျော့ကျသွားသည်ကို တွေ့ရပါသည်။ သုတေသနပြုချက်တစ်ခုအရ ဘီပိုးတစ်ခုတည်းသာ ကူးစက်ခံရသူများ၏ ၂၀ ရာခိုင်နှုန်းသည် နှစ်စဉ်ဘီပိုး သူ့အလိုလို (Loss of Serum HBV/DNA) ပျောက်ကင်းသွားသော်လည်း HIV နှင့် ဘီပိုးတွဲ၍ ကူးစက်ခံရသူများ၏လေးရာခိုင်နှုန်းသာ ဘီပိုးသူ့အလိုလို နှစ်စဉ်ပျောက်ကင်းသွားသည်ကို တွေ့ရပါသည်။

၈။ HIV နှင့် ဘီပိုးနှစ်ခုစလုံး ကူးစက်ခံထားရသူများသည် ပျောက်ကင်းပြီးသော ဘီပိုးပြန်လည်ပေါ်ပေါက်ခြင်းမှာ ဘီပိုးတစ်ခုတည်း ကူးစက်ခံထားရသော သူများတက် ပိုမိုများပြားနေသည်ကိုလည်း တွေ့ရပါသည်။

၉။ အသည်းရောင်အသားဝါ ဘီပိုးကြောင့် HIV/AIDS ရောဂါ ပိုမိုဆိုးရွားခြင်းကိုမှု မတွေ့ရှိရပါ။ HIV ပိုးရှိသူများတွင် ဘီပိုးထပ်မံ ကူးစက်ခံရပါက အထက်ပါဆိုးကျိုးများ ခံစားရလေ့ရှိသောကြောင့် ဘီပိုးမရှိသေးသော ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင်များ

သည် ဘီပိုးကာကွယ်ဆေးကို ကြိုတင်ထိုးနှံ ထားသင့်ပါသည်။ ကူးစက်ခံထားရပြီး ဖြစ်ပါကလည်း ဘီပိုးကိုနှိမ်နင်းနိုင်သော LAMIVUDINE, INTERFERON, ADEFOVIR, TENOFOVIR အစရှိသည့် ဆေးဝါးများကို တတ်ကျွမ်းသည့် သမားတော်များ၏ ညွှန်ကြားချက်အရ သုံးစွဲသင့်ပါသည်။ ၄င်းအပြင် အသည်းကိုထိခိုက်စေသည့် အရက်သောက်ခြင်း(ဥပမာ-ပါရာစီတမော) တို့ကို အသည်းထိခိုက်မှုမဖြစ်အောင် ရှောင်ကြဉ်သင့်ကြောင်း တင်ပြအပ်ပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာအောင်စန်း

M.B.B.S (YGN)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18