Print

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS

  31-Oct-2016
Preview Image

 

ကမ္ဘာပေါ်တွင် နေ့စဉ်လူ ၁၃၀၀၀ ဦးမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး၏ ကူးစက်မှုကို ခံနေရပြီး လူ ၈၀၀၀ ဦးမှာ နေ့စဉ် သေဆုံးနေကြရပါသည်။ ၁၀ စက္ကန့်တွင် လူ (၁) ဦးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံး နေကြရပါသည်။ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် မိဘတစ်ဦးဦး သေဆုံးရသော ကလေးသူငယ်ပေါင်းမှာ တစ်ကမ္ဘာလုံးတွင် ၁၄ သန်းကျော်ရှိပါသည်။ ၂၀၁၀ တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကြောင့် မိဘမဲ့ ဖြစ်ရသူ ကလေး သူငယ်ပေါင်းမှာ ၂၅ သန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ရောဂါလက္ခဏာများ

၁။ ကမ္ဘာပေါ်တွင် နေ့စဉ်လူ ၁၃၀၀၀ ဦးမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး၏ ကူးစက်မှုကို ခံနေရပြီး လူ ၈၀၀၀ ဦးမှာ နေ့စဉ် သေဆုံးနေကြရပါသည်။ ၁၀ စက္ကန့်တွင် လူ (၁) ဦးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံး နေကြရပါသည်။ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် မိဘတစ်ဦးဦး သေဆုံးရသော ကလေးသူငယ်ပေါင်းမှာ တစ်ကမ္ဘာလုံးတွင် ၁၄ သန်းကျော်ရှိပါသည်။ ၂၀၁၀ တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးကြောင့် မိဘမဲ့ ဖြစ်ရသူ ကလေး သူငယ်ပေါင်းမှာ ၂၅ သန်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ရောဂါလက္ခဏာများ

သွေးထဲ၌ HIV ပိုးရှိပြီး အောက်တွင် ဖော်ပြထားသည့် အဓိက လက္ခဏာ အနည်းဆုံး နှစ်ခုနှင့် သာမညလက္ခဏာ တစ်ခုရှိပါက ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ဟု သတ်မှတ်ပါသည်။

 

(က) အဓိကလက္ခဏာ

၁။ ခန္ဓာကိုယ်အလေးချိန် မူလထက် ဆယ်ရာခိုင်နှုန်းထက်ပို၍ လျော့နည်းသွားခြင်း။

၂။ ဝမ်းလျှော့၊ ဝမ်းပျက် တစ်လထက်ပိုကြား၍ ဖြစ်ပွားခြင်း။

၃။ တစ်လထက်ပိုကြာ၍ ဖျားခြင်း။

 

() သာမညလက္ခဏာ

၁။ တီဘီရောဂါမဟုတ်ဘဲ တစ်လကျော်ကြာ ချောင်းဆိုးခြင်း၊

၂။ ခန္ဓာကိုယ်အနှံ့ အရေပြားယားယံပြီး ရောင်ရမ်းခြင်း။

၃။ မကြာခဏ ခါးပတ်ရေယုန်၊ သို့မဟုတ် ဆင်ရေယုန်ခေါ်အပြင်း စားရေယုန်ရောဂါ ဖြစ်ခြင်း။

၄။ ရိုးရိုးရေယုန် ကာလကြာရှည်စွာ ခန္ဓာကိုယ်အနှံ့ဖြစ်ပွာခြင်း။

၅။ ပါးစပ်နှင့် လည်းချောင်းတွင် မှက္ခရုပေါက်ခြင်း။

၆။ ခန္ဓာကိုယ်အနှံ့ တစ်ကိုယ်လုံးတွင် အကျိတ်များ ရောင်ရမ်းခြင်း။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS ကူးစက်နိုင်သောနည်းလမ်းများ

၁။ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း။

(က) လိင်တူဆက်ဆံခြင်း။

(ခ) လိင်ကွဲဆက်ဆံခြင်း။

 

၂။ မသန့်ရှင်းသော အပ်မှတစ်ဆင့် ကူးစက်ခြင်း။

(က) မူးယစ်ဆေးဝါး အကြောထဲထိုးခြင်း။

(ခ) ဆေးထိုးခြင်း။

(ဂ) ဆေးမင်ကြောင် ထိုးခြင်း။

(ဃ) နားဖောက်ခြင်း။

(င) တရုတ်အပ်စိုက်ခြင်း။

 

၃။ သွေးမှတစ်ဆင့် ကူးစက်ခြင်း။

(က) သွေးသွင်းခြင်း။

(ခ) ဆံပင်ညှပ်ခြင်း။

(ဂ) ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း။

(ဃ) လူနာ၏သွေးနှင့် ပွန်းပဲ့နေသော အရေပြားထိမိခြင်း။

 

၄။ မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်ခြင်း

(က) ကိုယ်ဝန်ဆောင်စဉ် ကူးစက်ခြင်း

(ခ) ကလေးမွေးဖွာစဉ် ကူးစက်ခြင်း။

(ဂ) မိခင်နို့မှတစ်ဆင့် ကူးစက်ခြင်း။

 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ

ခန္ဓာကိုယ်ပြင်ပတွင် လျင်မြန်စွာ သေကျေပျက်စီးသဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။

၁။ လက်ဆွဲနှုတ်ဆက်ခြင်း

၂။ ဖက်ရမ်းခြင်း။

၃။ အလုပ် အတူတူလုပ်ခြင်း။

၄။ အစား အတူတူစားခြင်း။

၅။ ခရီး အတူတူသွားခြင်း။

၆။ ကျောင်း အတူတူတက်ခြင်း။

၇။ ရေကူးခြင်း။

၈။ နှာစေးချောင်းဆိုးခြင်း။

၉။ အစားအစာများ။

၁၀။ အသုံးအဆောင်ပစွည်းများ (ဥပမာ- အိမ်သာ၊ ပန်းကန်ခွက်ယောက်၊ တယ်လီဖုန်း။)

၁၁။ ခြင်၊ ယင်၊ ကြမ်းပိုး။

၁၂။ ပါးကို နမ်းခြင်း။

 

HIV နှင့် AIDS

HIV နှင့် AIDS မှာ မတူပါ။ HIV ဆိုသည်မှာ သွေးတွင် HIV ပိုးရှိခြင်းသာဖြစ်ပြီး ကာယကံရှင်မှာ ရောဂါလက္ခဏာများ ခံစားရခြင်း မရှိပါ။ AIDS ဆိုသည်မှာ သွေးတွင် HIV ပိုးရှိရုံသာမက ရောဂါလက္ခဏာများပါ ခံစားနေရသော အခြေအနေကို ခေါ်ပါသည်။

 

AIDS ရောဂါဖြစ်ပွားရန် အခွင့်အလမ်းပိုများသူများ

၁။ ပြည့်တန်ဆာများ။

၂။ လိင်တူဆက်ဆံသူများ။

၃။ မူးယစ်ဆေးဝါး အကြောထဲထိုးသူများ။

၄။ သွေးမကြာခဏ သွင်းရသူများ။

၅။ လိင်ဆက်ဆံဖက်ဦးရေ များပြားသူများ။

၆။ ကာလသားရောဂါ ခံစားနေရသူများ။

 

AIDS နှင့် ကာလသားရောဂါ ပိုမိုကူးစက်စေနိုင်သည့် အခြေအနေများ

၁။ လိင်အင်္ဂါတွင် အနာရှိခြင်း။ (ဥပမာ - လိင်အင်္ဂါရေယုန်၊ ရှန်ကာနာ)

၂။ ဆီးပူညောင်းကျ ဖြစ်နေခြင်း။

၃။ ရာသီလာစဉ် လိင်ဆက်ဆံခြင်း။

၄။ စအိုနှင့် လိင်ဆက်ဆံခြင်း။

၅။ အရွယ်မရောက်သေးသော မိန်းကလေးငယ်များနှင့် လိင်ဆက်ဆံခြင်း။

၆။ လိင်ဆက်ဆံဖက်များပြားခြင်း

၇။ ဟော်မုန်းပါ ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။

၈။ သားအိမ်တွင်းထည့် ပဋိသန္ဓေတားပစ္စည်းများ အသုံးပြုခြင်း။

၉။ ကိုယ်ဝန်ရှိစဉ် လိင်ဆက်ဆံခြင်း။

၁၀။ ဗီတာမင်အေ ချို့တဲ့ခြင်း။

၁၁။ သားအိမ်ခေါင်း ပုံမမှန်ခြင်း။

၁၂။ ယောကျာ်းလိင်အင်္ဂါဖုံး အရေပြားဖြတ်မထားခြင်း။ (Circumcision)

၁၃။ AIDS ရောဂါပြင်းထန်စွာ ခံစားနေရသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိခြင်း။

၁၄။ HIV ရောဂါပိုး ကိုယ်ထဲဝင်စ သွေးထဲတွင် HIV ပိုးပမာဏများပြားလွန်းသည့် အဆင့်သို့ ရောက်ရှိနေသူနှင့် လိင်ဆက်ဆံမိခြင်း။

Healthcare.com.mm

 

Ref:

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ - ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ / ရှင်မတောင်စာပေ)

ချစ်သူတို့ဆုံရာမြေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18