Print

အိမ်ထောင်မပြုမီနှင့် ကိုယ်ဝန်ဆောင်စဉ် အချိန်များတွင် သွေးစစ်ပါ

  31-Oct-2016
Preview Image

 

အိမ်ထောင်ပြုရာမှ HIV ပိုးကူးစက်မှုကို ကာကွယ်ရန် အိမ်ထောင်မပြုမီသွေးစစ်ကြည့်သင့် ပါသည်။ သွေးစစ်ကြည့်၍ HIV ပိုး မရှိဟု အဖြေထွက်ပါက-ရောဂါပိုးကူးစက်ခံရနိုင်သည့် အပြုအမူများကို ရှောင်ကြဉ်ပါ။ နောက် (၃) လအကြာတွင် ပြန်လည်သွေးစစ်ကြည့်ပါ။ နောက်တစ်ကြိမ် စစ်ဆေးရာတွင်လည်းHIV ပိုးမရှိဟု အဖြေထွက်ပါက သင့်တွင် HIV ပိုး ကူးစက်ခံရမှု မရှိသေးပါ။ရှောင်ရှားခြင်းဖြင့် HIV ပိုးကင်းသည့် လက်ရှိအခြေအနေကို ရာသက်ပန်ဆက်လက် ထိန်းသိမ်းနေထိုင်ပါ။ HIV ပိုးရှိသူမှ ကလေးသို့ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားစဉ်၊ မိခင်နို့တိုက်ကျွေးစဉ် အချိန်များ အတွင်းရောဂါပိုး ကူးစက်နိုင်ပါသည်။ကိုယ်ဝန်ဆောင်နေစဉ် မိခင်များသည် သွေးစစ်ကြည့်သင့်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်များသည် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း ခံယူပြီး မိမိတွင် HIV ပိုး ရှိ မရှိသွေးစစ်ကြည့်သင့်ပါသည်။

 

သွေးစစ်ကြည့်ပြီး HIV ပိုး ကူးစက်နေကြောင်းတွေ့ရှိပါက-

- စိတ်ဓာတ်မကျပါနှင့်။ ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းများနှင့် နှစ်သိမ့်ဆွေးနွေးပညာပေး ဆက်လက်ခံယူပါ။

- ကျန်းမာရေးဝန်ထမ်းထံ ကိုယ်ဝန်အပ်နှံပြီး မှန်မှန်ပြသ၍ ညွန်ကြားသည့်အတိုင်း လိုက်နာနေထိုင်ပါ။

ကိုယ်ဝန်ဆောင်မိခင်တွင် ပိုးတွေ့ပါကခင်ပွန်းသည်ပါ သွေးစစ်ကြည့်သင့်ပါသည်။ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်ခြင်းဖြင့် အသက်ရှည်ရှည်နေထိုင်နိုင်ပါသည်။

• ကျွမ်းကျင်သူနှင့် နှစ်သိမ့်ဆွေးနွေး ပညာခံယူပါ။

• အာဟာရပြည့်ဝအောင်စားပါ။

• သင့်တင့်သော ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ။

• ကိုယ်ရောစိတ်ပါ လုံလောက်စွာ အနားယူပါ။

• ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

• အန္တရာယ်နည်းသည့် လိင်ဆက်ဆံသည့် အပြုအမူကိုလိုက်နာပါ။ လိုအပ်ပါက ကွန်ဒုံးသုံးစွဲပါ။

• မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ကို အကျိုးရှိအောင် ဆောင်ရွက်ပါ။

 

ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာပျော်ရွင်စွာ ဆက်လက်နေထိုင်ရန် လိုအပ်ပါသည်။ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းကို ထပ်မံခံယူနိုင်ပြီး လိုအပ်ပါက-

• နီးစပ်ရာ တတ်ကျွမ်းနားလည်သော ပညာရှင်များ

• သက်ဆိုင်ရာကျန်းမာရေး ဌာနများနှင့်

• အခြားသော ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော လူမူရေးအဖွဲ့အစည်းများမှ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်ခံယူနိုင်ပါသည်။

 

HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်သည် ကျန်းမာရေး ၀န်ထမ်းများနှင့် ပြသတိုင်ပင်၍ဆေးရုံ/ဆေးခန်းတွင် မွေးဖွားရန် ကြိုတင်ပြင်ဆင်စီစဉ်ပါ။ ကျန်းမာရေးဌာနမှမိခင်နှင့်မွေးကင်းစ ကလေးငယ်အား ဆေးတိုက်ကျွေးပေးပါသည်။ကိုယ်ဝန်ဆောင်စဉ် မိခင်ရော၊ ဖခင်ပါ HIV ပိုးရှိမရှိ စစ်ဆေးလိုပါက မြို့နယ် ပြည်သူ့ဆေးရုံ၊ ခုခံကျနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးဌာန မိခင်ကလေးကျန်းမာရေးဌာနများတွင်လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနများရှိ သားဖွားဆရာမ များတွင်လည်းကောင်း အခမဲ့ ဆောင်ရွက်ပေး လျက်ရှိသည်။

 

Ref:

UNFPA ကျန်းမာရေးဝန်ကြီးဌာန Unicef



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18