Print

တီဘီရောဂါ

  31-Oct-2016
Preview Image

• တီဘီရောဂါဆိုတာ ကူးစက်ရောဂါပါ၊ ရော ဂါကို ဖြစ်စေတဲ့ပိုးက Mycobacterium Tuberculosis နဲ့ ရံဖန်ရံခါ M. Bovis နဲ့ M.AFRICANUM ပိုးကနေလည်း ဖြစ်တတ်ပါတယ်။

• တီဘီရောဂါတွင် အဆုတ်ထဲမှာ ဖြစ်တာရယ်၊ အဆုတ်ပြင်ပဖြစ်တဲ့ သားငန်ရည်ကျိတ်၊ ကျောရိုး၊ အဆစ်၊ ဆီးလမ်းကြောင်းနှင့် လိင်အင်္ဂါဆိုင်ရာလမ်းကြောင်း၊ အာရုံကြောစနစ်၊ ၀မ်းဗိုက်မှာဖြစ်တာတွေဆိုပြီး ၂ မျိုးရှိပါတယ်။ အဆုတ်မှာဖြစ်တာက ကူးစက်ပျံ့နှံ့နိုင်ပြီးရောဂါပျံ့နှံ့လွယ်ပါတယ်။

• ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါ၊ နှာချေတဲ့အခါ သလိပ်ထဲမှာ ပိုးပါရင် အဲဒီပိုးဟာလေထဲမှာနာရီအတော်ကြာနေပြီး အဲဒါကို တခြားတစ်ယောက်ကရှူမိရင် ရောဂါကူးစက်ခံရပါတယ်။

• သလိပ်ထဲမှာ တီဘီပိုးရှိရင် ကူးစက်တတ်ပါတယ်။ သလိပ်ထဲ ပိုးမပါတာရယ်၊ အဆုတ်ပြင်ပမှာ ဖြစ်တာတွေက မကူးစက်တတ်ပေမဲ့ မကုဘဲထားရင် နောက်ပိုင်း ကူးစက်စေတဲ့ရောဂါ ဖြစ်သွားပါတယ်။

• TB SUSPECT တီဘီ သံသယရှိသူတွင် တီဘီရဲ့ရောဂါ ခံစားနေရပုံနဲ့ လက္ခဏာတွေနှင့် တူနေမယ်။ချောင်းဆိုးတာ ၃ ပတ်ထက်ကျော်မယ်ဆိုရင် သံသယဖြစ်စရာတွေ ဖြစ်ပါတယ်။ တီဘီကို သလိပ်ထဲတွင် တွေ့ရတဲ့ လူနာရဲ့ (၉၅ ရာခိုင်နှုန်း) လောက်ဟာ ချောင်းဆိုကြပါသည်။

• ချောင်းဆိုးသွေးပါမယ်၊ ဖျားမယ်၊ ရင်ဘတ်အောင့်မယ်၊ မောကျပ်မယ်၊ ကိုယ်အလေးချိန်ကျမယ်၊ မစားချင်၊ မသောက်ချင်ဖြစ်မယ်၊ ညဘက် ချွေးစီးတွေထွက်မယ်။

• သလိပ်ပိုး ရှိ၊ မရှိ ၃ ခါစစ်ပါမယ်။ လူနာလာပြပြခြင်း ချောင်းဆိုးခိုင်းပြီး သလိပ်တစ်ခါစစ်မယ်၊ နောက်နေ့နံနက်ထရင် သလိပ်ကို ခံခိုင်းမယ်၊ အဲဒီနေ့ ဆေးခန်းရောက်ရင်တစ်ခါ ချောင်းဆိုးသလိပ်ယူ စစ်ဆေးပါမယ်။ လူနာကို ၃ ကြိမ် အသက်ပြင်းပြင်း ရှူခိုင်းပြီး ခပ်ပြင်းပြင်းချောင်းဆိုး၊ သလိပ်ထွေးရပါမယ်။ လေဝင်လေထွက်ကောင်းတဲ့နေရ၊ အနီးအနားတွင် မည်သူမှမရှိတဲ့နေရာမှာ လုပ်ရပါမယ်။

• တီဘီရောဂါရှာဖွေရာမှ ဓာတ်မှန်ကို မလွဲမသေ ရိုက်ရတာ မဟုတ်ပါဘူး။ သလိပ်ထဲမှာ တီဘီပိုးတွေ့တိုင်း ဓာတ်မှန်မရိုက်ရပါဘူး။ အဆုတ်အမြှေးပါး ၂ ခုကြား (PLEURAL EFFUSION) အရည်ဝင်တာ၊ အဆုတ်တစ်ပြင်လုံး ရောဂါပိုးပျံ့နှံ့တယ်လို့ထင်ရင်နှလုံးအမြှေးပါးကြား အရည်ဝင်ခြင်း၊ အဆုတ်အမြှေးပါးကြား လေဝင်နေခြင်း (PENUMOTHROAX) ခဏခဏနဲ့ အတော်လေး ချောင်းဆိုးသွေးပါနေရင်သလိပ် ၃ ခါစစ်ရာမှာ တစ်ခါသာ ပိုးတွေ့သူ၊ တီဘီလို့ထင်တယ် သလိပ်မှာလည်း ပိုးမတွေ့ဘဲ တခြားပိုးသတ်ဆေးတွေလည်း သောက်တာတောင် ချောင်းဆိုးကျန်နေသေးရင် ဓာတ်မှန်ရိုက်ရပါမယ်။ ရောဂါရှာဖွေရာမှာရင်ဘတ် ဓာတ်မှန်တစ်ခုတည်းနဲ့ရောဂါကိုရှာဖွေလို့ မရနို်င်သလို ကုသရာမှာလည်း ဓာတ်မှန်တစ်ခုတည်း ကြည့်ရုံနဲ့ ဆန်းစစ်လို့မရပါ။

• သလိပ်ထဲမှာတီဘီပိုးမတွေ့ရင် တီဘီရောဂါမရှိဘူးလို့ ပြောလို့မရပါ။ ကလေးရယ်၊ HIV ပိုးတော်တော်ရှိနေပြီဆိုရင် သလိပ်ထဲမှာ ပိုးမတွေ့နိုင်ပါဘူး။

• တီဘီပိုးကိုမွေးလို့ရပါတယ်။ စျေးတော်တော်ကြီးတော့ လူတိုင်ူ မတတ်နိုင်ကြပါ။

• ဘယ်လို ကုသမှုပေးရမလဲဆိုရင် ရောဂာ ဟုတ်၊ မဟုတ် မစစ်ဆေးသေးရခင် ကုသမှုကို စတင်မလုပ်ရပါ။ ရောဂါကို ကုရင်လည်း သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း လုပ်ရပါမယ်။

ဆေးကို အချိန်ခွဲပြီး မသောက်စေရပါဘူး။ ဆေးသောက် လုံးဝမပြတ်စေရပါ။ ဘယ်လိုပုံစံနဲ့ TB ရောဂါဖြစ်ဖြစ် အခကြေးငွေ လုံးဝမယူပါ။ နိုင်ငံတော် စီမံချက်ဖြစ်ပါတယ်။

 

Ref:

အေးကမ္ဘာဒေါက်တာချစ်

ကျန်းမာရေး လိုတိုရှင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18