Print

. အသည်းရောင်အသားဝါ B ပိုးနှင့် C ပိုးအကြောင်းများကို သိလိုသ...

  30-Oct-2016
Preview Image

 

ဆရာ့ အမေရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးကိုပြောချင်ပါတယ်။ အမေက အသက် ရဝ နှစ်ထဲမှာပဲ ဒီနှစ် မတ်လ ၂၉ ရက်နေ့ ကပဲ နာတာရှည် အသည်းရောင် အသားဝါ ရောဂါရယ်၊ အသည်းကင်ဆာ ရောဂါရယ်ကြောင့် ဆုံးသွားခဲ့ ပါတယ်။ဒါကြောင့် အဖြစ်များတဲ့ အသည်းရောင် အသားဝါ ရောဂါကို မပေါ့ဆပါနဲ့လို့ ပြောချင် ပါတယ်။ မြန်မာနိုင်ငံမှာ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ဖြစ်တဲ့လူတွေ တော်တော် များပါတယ်။ သွေးသွင်းတာက ဖြစ်ဖြစ်၊ ခွ ဲစိတ် ကုသမှု ခံယူတာက ဖြစ်ဖြစ်၊ ဆေးထိုး တာက ဖြစ်ဖြစ်၊ မသန့်ရှင်းတဲ့ ခွဲခန်းသုံး ပစ္စည်းတွေ၊ ဆေးထိုးအပ်တွေ ကနေ တစ်ဆင့် ကူးတာ များပါတယ်။အမျိုးသားမှာ ပိုးရှိနေရင် အမျိုးသမီးကိုလည်း ကူးနိုင်ပါတယ်။ ဆရာ့ အဖေမှာတော့ ဘီပိုး၊ စီပိုးတွေ မရှိပါဘူး။ အမေကတော့ ဆရာ မှတ်မိသလောက် ဆိုရင် ဆရာတို့ဆေးကျောင်းသား ဘဝမှာတုန်း ကတည်းက သွားဒုက္ခ ပေးတာကြောင့် သွားဆေးခန်းတွေမှာ သွားပြခဲ့ ရတယ်။ ဆရာတို့ မိသားစုကတော့ အဲဒါကြောင့် လို့ပဲ မြင်ပါတယ်။ ဆရာဝန် မိသားစု ဆိုပေမယ့် အမေ့မှာ စီပိုး ရှိနေတာကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က မှ သိပါတယ်။ အမေက ကျန်းမာရေး ကောင်းနေပြီး အမေ ကိုယ်တိုင်က ဆေးရုံ၊ ဆေးခန်းကြောက်တော့ မစစ်ဖြစ်ဘူး။

 

ဆရာဝန် မိသားစု ဆိုပေမယ့် အဲဒီ တစ်ချက်တော့ လွတ်သွားတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက် အမေ အစားအသောက် ပျက်တယ်၊ ကြည့်ရတာလည်း ပုံစံ နည်းနည်း ပြောင်းတာကြောင့် ဆေးရုံကို ခေါ်ပြီး စစ်ဆေး ပါတယ်။ အဲဒီမှာ တွေ့တာကစီပိုး ရှိနေပါတယ်။ အဲဒါနဲ့ သင့်တော်တဲ့ အသည်း အားဆေး ပေးပြီး စီပိုးကို ကုသဖို့ လုပ်ပါတယ်။ သွေးထဲမှာ alpha-feto protein စစ်လိုက်တော့ အရမ်း များနေ ပါတယ်။ လိုအပ်တဲ့ CT Scan ရိုက်ကြည့် လိုက်တော့ အသည်းက ကင်ဆာ စဖြစ် နေပါပြီ။ အသည်းကိုဆေးဖြန်းတာ (TACE-Trans-arterial Chemoemboliz ation) လေးကြိမ်လောက် လုပ်ရ ပါတယ်။ ရောဂါသိပြီး မဆုံးခင် အထိ သုံးနှစ်လောက်အတွင်းမှာ အေးအေးဆေးဆေးတော့ နေသွားရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုက ပြည်သူလူထုမှ မဟုတ်ဘူး။ပြည်သူလူထုကို စောင့်ရှောက် နေတဲ့ ဆရာဝန်တွေ၊ ဆရာဝန်ရဲ့ မိသားစုဝင်တွေ မှာလည်း စောင့်ရှောက်ဖို့ လိုပါတယ်။ ကိုယ်ကသူများကိုပဲ ဂရုစိုက် နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့နေတတ် ပါတယ်။ ဒါကြောင့် ရုတ်တရုတ် လေဖြတ်တာတို့၊ နှလုံးသွေးကြော ကျဉ်းတာတို့၊ ရင်ဘတ် အောင့်တာတို့၊ ဆီးချို ဖြစ်တာတို့ ဆရာဝန်ထဲမှာ ကို အဖြစ်များ ကြတယ်။ ဖစ်ပြီ ဆိုရင်လည်း ပြင်းထန်တာကို တွေ့ရတယ်။

 

အကြံပေးချင်တာ ကတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း ကျန်းမာရေး စစ်ဆေးပေးကြပါ။ ဘီပိုး၊ စီပိုးနဲ့ ပတ်သက်ပြီးတော့ အခုခေတ်မှာ လူငယ် လူရွယ်တွေလည်းအိမ်ထောင်ဘက် ရွေးမယ် ဆိုရင် မယူခင်မှာ သွေး စစ်ဆေးတာကို အရင် လုပ်သင့် ပါတယ်။ ကိုယ့်အတွက်သာမကဘဲ မွေးလာမယ့် ကလေး အတွက်ပါ ထိခိုက်မှုတွေ ရှိနိုင်တာ ကြောင့်ပါ။ မလိုအပ်ဘဲ ဆေးထိုးတာကို ရှောင်ကြဉ် စေချင် ပါတယ်။ စိတ်ချ ယုံကြည်ရတဲ့ ဆေးရုံ၊ ဆေးခန်းမှာသာ ဆေးထိုး စေချင် ပါတယ်။ ချွန်ထက်တဲ့ကိရိယာတွေနဲ့ အရေပြားကို ထိုးဖောက်တာ ဆိုရင် သတိထား စေချင် ပါတယ်။ အသည်းရောင် အသားဝါဘီပိုး၊ စီပိုးတွေက ဖြစ်တာ ကြာလာတာနဲ့ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ ကြံုတွေ့နိုင် ပါတယ်။ ဒါကြောင့် ဆရာ့ အနေနဲ့ ပြောချင်တာ ကတော့ ဒီခေတ်ကြီးက အရမ်းတိုးတက် တာကြောင့် ဘာပဲလုပ်လုပ် သတိနဲ့ ဉာဏ်နဲ့ ဆင်ခြင်ပြီး လုပ်စေချင်တယ်။

 

Ref:

ပါမောက္ခ ဒေါက်တာစိန်လင်း( ခွဲစိတ်နှင့်ကင်ဆာပါရဂူ)

Date: Wednesday, March 26, 2014



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18