Print

သွေးလွန်တုပ်ကွေးအကြောင်း (Dengue)

  30-Oct-2016
Preview Image

အင်္ဂလိပ်လို Dengue လို့ခေါ်တဲ့သွေးလွန်တုပ်ကွေးပာာ ခြင်ကိုက်ခံရခြင်းမှတဆင့် ကူးစက်တဲ့ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့အာဖရိကတိုက်တို့မှာအများဆုံးဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ရောဂါပိုးကို သယ်ဆောင်တဲ့ခြငပာာ Aedes aegypti လို့ခေါ်တဲ့ ခြင်မျိုးစိတ်ဖြစ်ပါတယ်။မြန်မာလိုတော့ ခြင်ကျားလို့ခေါ်တဲ့ ခန္ဒာကိုယ်မှာ အကျားအကျားတွေ ပါတဲ့ ခြင်မျိုးစိတ်ဖြစ်ပါတယ်။ ဒီခြင်တွေအဓိကပေါက်ဖွားတဲ့နေရာကတော့ ကြည်လင်တဲ့ရေသေတွေမှာဖြစ်ပြီး ဒီခြင်တွေအဓိက ကျက်စားတဲ့အချိန်ကတော့ နေ့ဘက်အချိန်တွေ ဖြစ်ပါတယ်။သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေတဲ့ပိုးပာာ flavivirus လို့ခေါ်တဲ့ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ ဒီပိုးပာာ အမျိုးအစားလေးမျိုးရှိပါတယ်။ အဲဒီအမျိုးအစားလေးမျိုးလုံးကသွေးလွန်တုပ်ကွေးရောဂါကို ဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပာာ အဓိကအားဖြင့်တော့ အသက် ၁၅နှစ်အောက်တွေမှာ ဖြစ်တတ်ပေမယ့် အသက်ကြီးသူတွေမှာလည်းဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများပာာ ပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၃ရက်မှ ၈ရကအကြာတွင် စတင်ပြသပါတယ်။သွေးလွန်တုပ်ကွေးရောဂါလက္ခဏာပာာ ရောဂါလက္ခဏာ၃ဆင့်နဲ့ ပြသပါတယ်။ပထမအဆင့်မှာတော့ ကိုယ်အပူချိန်မြင့်တာနဲ့စပါတယ်။ ကိုယ်အပူချိန်မြင့်တက်လာတာနဲ့အတူ ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲနေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ ဘာမှ မစားချင်မသောက်ချင်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ သွေးယိုစိမ့်တဲ့အတွက်ကြောင့် ကော်ဖီရောင်၊ အညိုရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်းတို့ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေမှာ ခန္ဒာကိုယ်မှာ အစက်အပြောက်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ ကိုယ်အပူချိန်မြင့်တက်ခြင်းမှာ အပူချိန် ၁၀၄ ဒီဂရီစင်တီဂရိတ်(၄၀ဒီဂရီဖာရင်ပာိုက်) အထိရှိတတ်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့သူအများစုပာာ ပထမအဆင့်မှာ လွတ်သွားကြတာ များပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထက်မှာဖော်ပြထားတဲ့ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရထားသူရဲ့ ရောဂါလက္ခဏာတွေပာာ ပုံမှန်ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့တုပ်ကွေးရောဂါနဲ့ ဘာမှသိပ်မကွာတာကြောင့် အများအားဖြင့် သွေးလွန်တုပ်ကွေးမှန်း မသိလိုက်တာများပါတယ်။ ဆရာဝန်နဲ့ပြသမိတဲ့အခါမှ Hess' test လို့ခေါ်တဲ့သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာနဲ့စစ်ဆေးကြည့်မှသာသွေးလွန်တုပ်ကွေးမှန်းသိရပါတယ်။ ဒါကြောင့် အခုလို မိုးရာသီမျိုးမှာ ဖျားနာခဲ့မယ်ဆိုရင်သွေးလွန်တုပ်ကွေးအသိမမေ့ဖို့ အရေးကြီးပါတယ်။

အများအားဖြင့်တော့ ကိုယ်ခံအားကောင်းတဲ့သူအများစုမှာ ပထမအဆင့်မှာတင်သွေးလွန်တုပ်ကွေးရောဂါပာာ ပျောက်သွားပါတယ်။ ဒါပေမယ့် အချို့ကိုယ်ခံအားမကောင်းတဲ့သူတွေမှာတော့ ဒီရောဂါပာာ နောက်တစ်ဆင့်ကို တက်သွားပါတယ်။သွေးလွန်တုပ်ကွေးရောဂါမှာတော့ Critical phase လို့သုံးပါတယ်။ ဒီအဆင့်ကတော့ကြောက်ဖို့ကောင်းတဲ့အဆင့်ဖြစ်ပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖျားပြီး ၂ရက်၃ရက်အကြာမှာဖြစ်တတ်ပါတယ်။ရောဂါလက္ခဏာတွေကတော့

၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်)။

၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း။

၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း။

၄။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း။

၅။ အလွန်အမင်း ချွေးထွက်လာခြင်း။

၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း။

၇။ သွေးဖိအားအလွန်ကျဆင်းလာခြင်း။

စတဲ့လက္ခဏာတွေပြသလာပါတယ်။ ဒါ့ကြောင့် ကလေးတွေမှာ ကိုယ်ပူကျပြီး အရမ်းမှိန်းလာတယ်ဆိုရင်လည်း အလွန်သတိထားရပါတယ်။ အမှန်ဆိုဖြစ်သင့်တာက ကိုယ်ပူနေချိန်မှာ ငြိမ်နေတဲ့ကလေးပာာ ကိုယ်ပူကျချိန်မှာ ဆော့ကစားလာရမှာပါ။ အဲလိုမျိုးမဖြစ်ဘဲ ကိုယ်ပူနေချိန်မှာတောင် ကလေးက နည်းနည်းလန်းနေပြီး ကိုယ်ပူကျသွားချိန်မှာတော့ မှိ်န်းလာပြီဆိုရင် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ဒီလိုအခြေအနေကို ရောက်လာပြီဆိုရင်တော့ ကလေးကို နီးစပ်ရာဆေးရုံ၊ဆေးခန်းကို ခေါ်ဆောင်သွားပြီး ပြသသင့်ပါတယ်။ လိုအပ်တဲ့ကုသမှုတွေဖြစ်တဲ့ ကိုယ်တွင်းဆုံးရှံုးသွားသော အရည်များကို ဖြည့်တင်းရပါမယ်။ အဲလိုမှမလုပ်ခဲ့ဘူးဆိုရင်နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြစ်နဲ့ ဦးနှောက်ရောင်ခြင်း (Encephalopathay and encephalitis)၊ အသည်းပျက်ဆီးခြင်း၊ နှလုံကြွက်သားရောင်ခြင်း(Myocarditis)၊ ခန္ဒာကိုယ်အနှံ့မှ သွေးယိုစီးခြင်း (DIC) စတဲ့ပြင်းထန်တဲ့ရောဂါတွေဖြစ်လာပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်။

တတိယအဆင့်ကတော့ ပြန်လည်နာလန်ထလာတဲ့အဆင့်ဖြစ်ပါတယ်။ ကလေးပာာ ဆီးပြန်သွားလာပါတယ်။ စားချင်သောက်ချင်စိတ်ပြန်ရှိလာပါတယ်။သွေးလွန်တုပ်ကွေးပျောက်ကင်းသွားခြင်းရဲ့ လက္ခဏာဖြစ်တဲ့ အနီကွက်တွေပေါ်လာပါတယ်(ယားတတ်ပါတယ်။) ဒီအနီကွက်တွေပာာ ဒုတိယအဆင့်ကနေကုသမှုတွေလုပ်ခဲ့ပြီး အသက်အန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ရင် ၁ရက်က၂ရက်အကြာ၊ ပထမအဆင့်ဆိုရင် ကိုယ်အပူချိန်ကျပြီး ၁ရက်က၂ရက်အကြာမှာ ပေါ်တတ်ပါတယ်။ ဒီလိုမျိုး အနီကွက်တွေပေါ်လာပြီဆိုရင်တော့ စိုးရိမ်စရာမရှိတော့ပါဘူး။ အများအားဖြင့်တော့ သွေးလွန်တုပ်ကွေးပာုတ်မပာုတ် အတည်ပြုရာမှာ Clinical symptoms လို့ခေါ်တဲ့ ရောဂါလက္ခဏာတွေနဲ့ပဲ အတည်ပြုပါတယ်။ စစ်ဆေးမှုတွေအနေနဲ့Platelet counts (သွေးခဲစေတတ်သောဓါတ်များ) ကျနေတတ်ပါတယ်။Haematocrits တက်နေတတ်ပါတယ်။အခြားစစ်ဆေးမှုတွေအနေနဲ့ Coagulation profile, Serum electrolyte, Liver enzymes, Serum complement levels စတာတွေကိုလည်း စစ်ဆေးလို့ရပါတယ်။

သွေးလွန်တုပ်ကွေး၏အဆင့်များ

အပေါ်ကသုံးဆင့်ကတော့ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့အဆင့်များဖြစ်ပြီး အခုဆက်လက်ဖော်ပြမှာကတော့ ကုသတဲ့နေရာမှာ အသုံးပြုတဲ့ အဆင့်များဖြစ်ပါတယ်။

 

Grade I -သွေားပေါင်ချိန်တိုင်းတဲ့ကိရိယာနဲ့တိုင်းတာချိန်မှာ အစက်အပျောက်တွေပေါ်လာတာကလွဲပြီး တခြားစိုးရိမ်ရတဲ့လက္ခဏာတွေမရှိတဲ့အဆင့်ကို ဆိုလိုပါတယ် (Hess' test positive)။

Grade II - Hess' test positive အပြင် သွေးယိုစီးတဲ့လက္ခဏာတွေဖြစ်တဲ့ ခန္ဒာကိုယ်မှာ ထိခိုက်မိသလိုမျိုး သွေးခြေဥသလိုမျိုး အနီကွက်တွေပေါ်လာပါတယ်။

Grade III - ရောဂါလက္ခဏာများမှာ ဒုတိယအဆင့်ဖြစ်တဲ့

၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်)

၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း

၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း

၄။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း

၅။ အလွန်အမင်း ချွေးထွက်လာခြင်း

၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း

၇။ သွေးဖိအားအလွန်ကျဆင်းလာခြင်း စတဲ့လက္ခဏာတွေရှိလာတဲ့အဆင့်ဖြစ်ပါတယ် (Impending Shock stage လို့ခေါ်ပါတယ်)။

Grade IV - Impending shock stage ကနေပြီး ကုသမှုမခံယူခဲ့တဲ့အတွက် လုံးဝ Shock stage ကိုရောက်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးပေါင်ချိန်ကျတာမပာုတ်တော့ဘဲ သွေးဖိအားတိုင်းလို့မရတော့တဲ့ အခြေအနေဖြစ်ပါတယ်။အထက်ပါရောဂါအဆင့်များပေါ်မူတည်ပြီး ကုသမှုကိုအောက်ပါအတိုင်း လုပ်ဆောင်ရပါတယ်။

Grade I and II

သိပ်မဆိုးသေးတဲ့အဆင့်ပါ။ ရောဂါလက္ခဏာအဆင့်နဲ့ပြောရရင် ပထမအဆင့်လောက်ပါ။ ဒီအဆင့်မှာတော့

၁။ ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေကြည့်ခြင်း)

၂။ ကိုယ်အပူချိန်အတွက် Paracetamol နှင့် ရေပတ်တိုက်ပေးခြင်း (Paracetamol ပာာ ကိုယ်အပူချိ်န်အတွက်သာမက နာကျင်ကိုက်ခဲနေတာတွေအတွက်လည်း အသုံးပြုပါတယ်။ တခြားအနာသက်သာတဲ့ဆေးတွေဖြစ်တဲ့ Aspirin လိုမျိုးဆေးကို ရှောင်ရှားရပတယ်။ သွေးထွက်တာကိုပိုဆိုးစေတဲ့အတွက်ဖြစ်ပါတယ်။

၃။ အရည်ပြန်လည်ဖြည့်တင်းပေးရပါမယ်။ ဓါတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များသောက်ပေးခြင်းတို့လုပ်ပေးရပါမယ်။

၄။ ဖျားနေတဲ့ကလေးကို အစားအသောက်မကျွေးတာမျိုးကို ရှောင်ရပါမယ်။ ကလေးသာ စားချင်သောက်ချင်စိတ်ရှိမယ်ဆိုရင် ဘာစားစားကျွေးလို့ရပါတယ်။ ဒီနေရာမှာကလေးကို ညိုတဲ့အရည်တွေဖြစ်တဲ့ ကော်ဖီလိုမျိုး တိုက်ခြင်းကိုတော့ ရှောင်ပေးရပါတယ်။သွေးလွန်တုပ်ကွေး ဖြစ်တဲ့ကလေးတွေမှာ အစာအိမ်လမ်းကြောင်းတစ်လျှောက်ကသွေးကြောလေးတွေယိုစိမ့်ပြီး အန်တဲ့အချိန်မှာ အညိုရောင်တွေ အန်တတ်တာကြောင့်ကော်ဖီလိုမျိုးအညိုရောင်ရှိတဲ့အရည်များတိုက်ကျွေးထားတဲ့အခါမှာ ခွဲခြားရခက်တာကြောင့်ဖြစ်ပါတယ်။ အောက်ပါအချက်များရှိရင် Grade I and II ဆိုပေမယ့်လည်းဆေးရုံတင်ထားရပါမယ်။

၁။ ဆေးရုံနှင့် အသွားအလာခက်တဲ့နေရာမှာနေသူများ၊ ပို့ဆောင်ရေးခက်ခဲတဲ့နေရာမှာနေသူများ။

၂။ သွေးခဲဓါတ် ၁၀၀ အောက်ကျသူများ။

၃။ သွေးထွက်နေသူများ။

၄။ ပါးစပ်မှ အရည်ဖြည့်လို့မရတဲ့သူများ (ဥပမာ အန်နေခြင်း။ မသောက်နိုင်ခြင်း)။

Grade III and IV လူနာများကိုတော့ အားလုံးကို ဆေးရုံတင်ပြီး ကုသပေးရပါမယ်။ လိုအပ်တဲ့အရည်ပြန်ဖြည့်တဲ့ကုသနည်းများနဲ့ကုသရပါမယ်။ ဒီနေရာမှာတော့ ချန်ထားခဲ့လိုက်ပါမယ်။

ဆေးရုံဆင်းတဲ့အချိန်

ဆေးရုံတင်ထားရတဲ့သွေးလွန်တုပ်ကွေးလူနာပာာ အောက်ပါအချက်တွေအားလုံးပြည့်စုံနေပြီဆိုရင် ဆေးရုံကဆင်းလို့ရပါပြီ။

၁။ အပူကျဆေးမသုံးဘဲ ၂၄နာရီကျော်တဲ့အချိန်ထိမဖျားတော့ရင်၊ အစားစားချင်စိတ်ပြန်ဖြစ်လာပြီး အစားစားနိုင်ရင်

၂။ ကလေးရဲ့ အနေအထားတိုးတက်လာရင် (ဥပမာ ကလေးပြန်လန်းလာရင်)

၃။ စိုးရိမ်ဖွယ်ရာအခြေအနေမှ ၄၈နာရီအထိကျော်လွန်လာပြီး အခြားမည်သည့်နောက်ဆက်တွဲ ဆိုးကျိုးမှမရှိရင်သတိထားရမှာက အထက်ပါအချက်တွေအားလုံးပြည့်စုံနေမှသာ ဆေးရုံကဆင်းနိုင်မှာဖြစ်ပါတယ်။ ဆေးရုံကအချိန်မတိုင်သေးပဲ ဆင်းခဲ့ရင် ဆိုးကျိုးတွေဖြစ်ပြီး ကလေးပဲထိခိုက်မှာကို သတိထားသင့်ပါတယ်။

ကာကွယ်မှုတွေအနေနဲ့

၁။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ (ခြင်ဆေးသုံးခြင်း၊ ခန္ဒာကိုယ်အနှံ့ဖုံးနိုင်သော အဝတ်အစားများဝတ်ခြင်း၊ ခြင်ထောင်ထောင်အိပ်ခြင်း၊ ခြင်လုံစကာတပ်ခြင်း၊)

၂။ ခြင်ပေါက်ဖွားနိုင်မယ့်နေရာတွေကို ရှင်းလင်းပစ်ပါ (ပိုးလောက်လန်းသေဆေးခတ်ခြင်း၊ ပန်းအိုးများရေလဲခြင်း၊ ရေဝပ်နိုင်မယ့်နေရာတွေဖယ်ရှားပစ်ခြင်း)။

သတိပြုရမယ့်အချက်တွေ

သွေးလွန်တုပ်ကွေးပာာ ခြင်မှတဆင့်ကူးစက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးမရှိလို့ အကောင်းဆုံးကာကွယ်နိုင်တာက ခြင်မကိုက်အောင်၊ ခြင်မပေါက်ဖွားနိုင်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ မိုးတွင်းကာလမှမပာုတ်ပါဘူး၊ မည်သည့်အချိန်တွေမှာမဆို ကလေးတွဖျားနာရင် သွေးလွန်တုပ်ကွေးအန္တရယ်ကို သတိပြုရပါမယ်။ အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပြီး အသက်အန္တရာယ်မထိခိုက်အောင်လည်း အလွယ်တကူကာကွယ်နိုင်တဲ့ရောဂါဖြစ်လို့ သွေးလွန်တုပ်ကွေးသံသယများရှိခဲ့ရင် ဆေးရုံဆေးခန်းများမှာ သွားရောက်ပြသသင့်ပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ သွေးလွန်တုပ်ကွေးပာာ ပထမတစ််ခါဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ခါဖြစ်ရင် ပိုဆိုးတတ်တာကြောင့် အများကြီးပိုပြီး သတိရှိရပါတယ်။ ရာသီတစ်ခုတည်းမှာကိုပဲ ၂ခါပြန်ဖြစ်နိုင်လို့ ပထမတစ်ခါဖြစ်ပြီးပြီပဲဆိုပြီးတော့ ပေါ့လို့မရတဲ့ရောဂါဖြစ်ပါတယ်။

 

Ref:

Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Public health in Myanmar

Thursday, December 25, 2008



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18