Print

ရာသီတုပ်ကွေး Influenza A

  26-Sep-2020
Preview Image

ရာသီတုပ်ကွေး Influenza A
ရာသီတုပ်ကွေး Seasonal Influenza ရောဂါဆိုတာ
-------------------------------------------------------
    Seasonal Influenza ရာသီတုပ်ကွေးဆိုတာဟာ မြန်မာနိုင်ငံမှာ နှစ်စဉ်မိုးရာသီနောက်ပိုင်း ဖြစ်လေ့ရှိတဲ့ ရောဂါဖြစ်ပါတယ်။ နှစ်စဉ်ပုံမှန်ရောဂါဖြစ်စေတဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေပဲ ပြန်ထကြွနိုင်သလို အသွင်ပြောင်းဗိုင်းရပ်စ်တွေလည်း အသစ်ဖြစ်ပေါ်လာနိုင်ပါတယ်။
ဘယ်လို ကူးစက်နိုင်ပါသလဲ
    ရောဂါပိုးပြန့်ပွားနေသော လေကို ရှူမိသည့်အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ဝင်ရောက်နိုင်ပြီး ရောဂါကူးစက်ခံရသော လူနာမှ ချောင်းဆိုးခြင်း၊ နှာချေခြင်းကြောင့် ရောဂါပိုးသန်းပေါင်းများစွာ လေထဲရောက်ရှိသွားပြီး ထိုလေကို ရှူမိလျှင် တိုက်ရိုက်သော်လည်းကောင်း၊ ရောဂါဖြစ်သူ၏ နှာရည်၊ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့ခြင်းမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။ ရောဂါပိုးဝင်ဝင်ချင်း ရောဂါဖြစ်သည်မဟုတ်ဘဲ ရောဂါပျိုးချိန် ကျော်လွန်ပြီးမှ တုပ်ကွေးလက္ခဏာတွေ စတင်ဖြစ်ပေါ်ခံစားရနိုင်သည်။

ရောဂါ၏ လက္ခဏာများ
---------------------------
    ယေဘုယျအားဖြင့် ရိုးရိုးရာသီတုပ်ကွေးရောဂါလက္ခဏာများနှင့် ဆင်တူပြီး
-    အဖျားရှိခြင်း (အပူချိန် ၃၈ ံC )၊
-    နှာရည်ယိုခြင်း၊ နှာချေခြင်း၊
-    ချောင်းဆိုးခြင်း၊
-    လည်ချောင်းနာခြင်း၊
-    ကိုယ်လက်ကိုက်ခဲခြင်း၊
-    ခေါင်းကိုက်ခြင်း၊
-    အစားအသောက်ပျက်ခြင်း၊
-    တစ်ခါတစ်ရံတွင် ပျို့အန်ခြင်းနှင့် ဝမ်းသွားခြင်းစသည်တို့ ဖြစ်တတ်ပါသည်။
သို့သော် ရောဂါပြင်းထန်လာလျှင် အောက်ပါ လက္ခဏာများကို တွေ့ရှိနိုင်ပါသည်။
-    အဖျားကြီးလွန်းခြင်း (အပူချိန် ၃၈ ံ C အထက်ရှိခြင်း)၊
-    ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊
-    ပင်ပန်းနွမ်းနယ်ခြင်း၊
-    အသက်ရှူကျပ်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊
-    ဂနာမငြိမ်ဖြစ်ခြင်း၊
-    သတိလစ်ခြင်း၊
-    ထိုသို့ဖြစ်လျှင် ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံးခံယူသင့်ပါသည်။
ကြိုတင်ကာကွယ်ခြင်း
ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် လိုက်နာဆောင်ရွက်သင့်သည်များ
    ပြည်သူလူထုအားလုံးက တစ်ဦးချင်းအနေဖြင့် ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါမည်။
-    တစ်ကိုယ်ရေသန့်ှရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊
-    နှာချေ၊ ချောင်းဆိုးလျှင် လက်ကိုင်ပဝါဖြင့် ဖုံးအုပ်ခြင်း၊
-    လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း၊ ကောင်းစွာ အိပ်စက်အနားယူခြင်း၊
-    အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးခြင်း၊
-    လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း၊
-    လူထူထပ်သော နေရာနှင့် ပွဲလမ်းသဘင်များသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
-    အရက်လွန်ကဲစွာ သောက်သုံးခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း၊
-    ရောဂါဖြစ်ပွားသူများနှင့် သံသယရှိသူများမှ (၆) ပေ အကွာတွင် နေထိုင်ခြင်း၊
-    ရောဂါမကူးစက်စေရန် နှာခေါင်းနှင့် ပါးစပ်ကို လုံလောင် ဖုံးအုပ်သည့် ပါးစပ်နှာခေါင်းစည်း (Surgical Mask) ကို အသုံးပြုခြင်းစသည်ဖြင့် ကာကွယ်ထားနိုင်ပါသည်။
Credit : ကျန်းမာရေးဝန်ကြီးဌာန



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18