Print

ခိုနှင့် ကျန်းမာရေးပြဿနာများ

  13-Jan-2020
Preview Image

ခိုမှတစ်ဆင့်ကူးစက်ခံရနိုင်သော ရောဂါများ

          သုတေသနများအရ ခိုမှတစ်ဆင့်ကူးစက်နိုင်သည့်ရောဂါပေါင်း ၆၀ ကျော်အထိ ရှိနိုင်သည်ဟုဆိုသည်။ ထိုအထဲတွင် မှိုမျိုးနွယ်များက အဓိကဖြစ်သည်။ ခိုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများထဲတွင် မှိုမျိုးနွယ်ပိုးများ ၄၅ မျိုး၊ ဗက်တီးရီးယားပိုး ၉ မျိုးနှင့် ကပ်ပါးပိုးတစ်မျိုးတို့သည် လူသားများကိုပါ ကူးစက်စေနိုင်သည်။ ကံကောင်းသည့်အချက်မှာ အဆိုပါပိုးများအနက် ၁၀ မျိုးခန့်သည်သာ အဓိက အတွေ့ရများပြီး ကူးစက်ခံရသူများအနက် ခုခံအားစနစ် လျော့နည်းအားနည်းသူများတွင်သာ ရောဂါပြင်းထန်နိုင်ခြင်းဖြစ်သည်။ ခုခံအားစနစ် အားနည်းနေသူများထဲတွင် ခုခံအားကျကူးစက်ရောဂါ (HIV / AIDS) ခံစားနေရသူများ၊ မွေးရာပါခုခံအားစနစ် အားနည်းနေသူများ၊ အာဟာရချို့တဲ့လွန်းသူ၊ ဆီးချိုရောဂါနှင့် နာတာရှည်ရောဂါသည်များ၊ ကင်ဆာရောဂါကုသဆေးများဖြင့် ကုသခံနေသူများ ပါဝင်သည်။ ထိုသူများတွင် ခိုမှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများဖြစ်ပွားပါက သာမန်လူကောင်းများထက် အခြေအနေပိုဆိုးနိုင်သည်။


ရစ်တိုကော့ကိုးစစ် (Cryptococcosis)

          ခိုများမှ တစ်ဆင့်ကူးစက်နိုင်သည့် နောက်ထပ်မှိုရောဂါတစ်မျိုးမှာ Cryptococcosis neoformans ကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ရောဂါပိုးများသည် ခို၏ မစင်နှင့် အညစ်အကြေးများထဲတွင် ရှိနေပြီး အသက်ရှူလမ်းကြောင်းမှပင် အဓိက ကူးစက်တတ်သည်။ ခိုအညစ်အကြေးများရှိနေသော နေရာတိုင်းတွင် ဒီလိုမှိုပိုးတွေက ရှိနေတတ်သည်။ မှိုမျိုးစေ့ပါသော အညစ်အကြေးများသည် ခြောက်သွေ့လာသည့်တိုင် ရောဂါပိုးကူးစက်နိုင်ခြေ ကူးစက်နိုင်ခြေရှိသေးသည်သာ ဖြစ်သည်။ မှိုပိုးပါသော လေကိုရှူရှိုက်မိခြင်းကြောင့် ရောဂါပိုးကူးစက်ခံရပြီး အဓိကအားဖြင့် ရောဂါအခြေအနေ ၂ မျိုးကို ဖြစ်စေနိုင်သည်။ ပထမတစ်မျိုးမှာ လေလမ်းကြောင်းမှ ရောဂါပိုးဝင်ရောက်ပြီး အဆုတ်တွင် ရောဂါဖြစ်ကာ အခြားသော ကိုယ်တွင်းအစိတ်အပိုင်းများသို့ပါ ပျံ့နှံ့သွားစေနိုင်သည်။ အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြောစနစ်ကိုပါ ထိခိုက်လာပါက အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။ နောက်တစ်မျိုးမှာ အရေပြားကို ထိခိုက်စေခြင်းဖြစ်သည်။ အရေပြားတွင် ခရစ်တိုကော့ကိုးစစ် ရောဂါရပါက ဝက်ခြံကဲ့သို့သော အနာဖုများ ဖြစ်လာစေနိုင်သည်။


ဓာတ်မတည့်မှုဖြစ်ခြင်း

          ခိုအညစ်အကြေးများ၊ ခိုများ၏ အမွေးအမှင်များသည် လေထုထဲတွင် ပျံ့လွင့်နေတတ်သည့်အတွက် ထိုသို့သောလေကို ရှူမိပါက၊ အရေပြားစသည်တို့နှင့် ထိတွေ့ပါက တချို့သော သူများတွင် ဓာတ်မတည့်မှုများ ဖြစ်စေနိုင်သည်။ ခိုမှထွက်သည့် ပရိုတိန်းဓာတ်ကို မတည့်ပါက အရေပြားရောင်ယမ်းခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ယားယံခြင်း၊ အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ ရုတ်တရက်သတိလစ်ရှော့ခ်ဝင်ခြင်း စသည်တို့ဖြစ်ကာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။


ကာကွယ်နည်း

၁။ ခိုများရှိသောနေရာ၊ ခိုအသိုက်ရှိသောနေရာများကို ရှင်းလင်းထားပါ။ အတတ်နိုင်ဆုံး ခိုများရှိနေသည့် နေရာများ၊ ခိုအညစ်အကြေးများရှိနေသော နေရာများကို ရှောင်ပါ။

၂။ ခိုများ ခိုအောင်းနိုင်သော နေရာများရှိနေပါက ခိုအညစ်အကြေးများကို ဆပ်ပြာနှင့် ရေရောစပ်သုံးကာ ဆေးကြောသန့်စင်ပါ။ ဆေးကြောရာတွင် တစ်ခါသုံးလက်အိတ်ဝတ်ဆင်ပါ။ ဆေးကြောရာတွင် တစ်ခါသုံးလက်အိတ်ဝတ်ဆင်ပါ။ ခြေထောက်တစ်ခုလုံးကို ကာကွယ်နိုင်သော ဖိနပ်အရှည်ကို စီးထားပါ။ ခိုအညစ်အကြေးများကို ဆပ်ပြာရည်နှင့် ရောစပ်ကာထားပြီးမှ ပလတ်စတစ်အိတ်ထဲ ထည့်ပြီးစွန့်ပစ်ပါ။

၃။ ခိုများပေါက်ဖွားခိုအောင်းနိုင်သည့် နေရာများဖြစ်သည့် အမိုးအတွင်းတံစက်မြိတ်နေရာများကို ပြင်ဆင်ကာ ခိုများ ခိုအောင်းနိုင်ခြင်းမရှိအောင် လုပ်ဆောင်ပါ။

၄။ မလွဲသာမရှောင်သာ ခိုများရှိသောနေရာများသို့ သွားလာရပါက နှာခေါင်းစည်းတပ်ဆင်ပါ။

၅။ အထူးသဖြင့် ခုခံအားကျဆင်းနေသူများ၊ ကိုယ်ဝန်ဆောင်သည်များ၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါရှိသူများ၊ ကင်ဆာရောဂါကုဆေးများဖြင့် ကုသမှုခံယူနေသူများ၊ HIV / AIDS ရောဂါရှိသူများအနေဖြင့် ခိုများရှိရာနေရာကို လုံးဝရှောင်သင့်သည်။ ခိုစာကျွေးခြင်း၊ ခိုအညစ်အကြေးများကို ထိတွေ့ကိုင်တွယ်ခြင်း၊ သန့်ှရှင်းရေးလုပ်ခြင်းများကို ရှောင်ကြဉ်ထားရန် လိုအပ်သည်။

၆။ လူအများသွားလာသည့် နေရာများ၊ အထူးသဖြင့် ဘူတာရုံ၊ ကားမှတ်တိုင်နှင့် ဆေးရုံများတွင် ခိုနှိမ်နင်းရေးကို လုပ်ဆောင်သင့်သည်။ ထိုနေရာများတွင် ရောဂါကူးစက်လွယ်သူများပါ မလွှဲသာမရှောင်သာ သွားလာရသည့်အတွက် ခိုများ ရှိမနေစေရန် ဆောင်ရွက်ရှင်းလင်းထားရမည်။


          ခိုမှတစ်ဆင့် ကူးစက်တတ်သောရောဂါများသည် သာမန်သူများအတွက် မပြင်းထန်လှသော်လည်း ခိုများစွာရှိနေခြင်းကြောင့် စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊ ခိုအညစ်အကြေးများကြောင့် အလှအပပျက်ဆီးခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း စသည့်ဆိုးပြစ်များနှင့်အတူ ကိုယ်ခံအားနည်းသူများအတွက် အသက်သေသည်အထိ ပြင်းထန်သောရောဂါများ ဖြစ်စေနိုင်သည့်အတွက် မပေါ့ဆသင့်ပါကြောင်း တင်ပြအပ်ပါသည်။

Credit: မြတ်ထွဋ်ညွန့်

 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18